စစ်တွေ ဒကစဌာနချုပ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲ

စစ်တွေ ဒကစဌာနချုပ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲ

ရခိုင်ပြည်၊ စစ်တွေမြို့ အခြေစိုက် ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) ဌာနချုပ် ရုံးအနီးတွင် စက်တင်ဘာ ၁ ရက် နေ့က လက်နက်ကြီးကျည်တစ်လုံး  ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရုံးအနီးသို့ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃နာရီခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သံကို ကြားခဲ့ရသည်ဟု အနီးအနား ဝန်းကျင်မှ  ဒေသခံအမျိုးသားတစ်‌ဦးက နိရဉ္စရာ ကိုအတည်ပြုပြောဆိုသည်။

"  မနေ့ညနေလောက်မှာ ဒကစ ရုံးမှာ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲသံကို ကြားလိုက်ရတယ်။ အေအေကပစ်တာလား။ စစ်တွေတပ်ရင်းက သူတို့လက်နက်သူတို့ပစ်လို့ ထိတာလားတော့ မသိဘူး။ ကျသွားတာတော့မှန်တယ်" ဟုပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒကစရုံးတွင်ထိုင်နေသည့် စစ်ကောင်စီတပ်သားတချို့ ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုတချို့ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့နယ် အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိသည့် မင်းလှကျေးရွာတွင်  အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက် ၃ ရက်အကြာတွင်  ဒကစရုံး လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီသည် စစ်တွေမြို့အား အာရက္ခတပ်တော် ဝင်တိုက်ခိုက်မည်ကို စိုးရိမ်နေပြီး မြိုထဲကို အလွယ်တကူ ဝင်ထွက်၍ မရအောင် မြို့ပတ်လမ်းတစ်လျှောက်တွက် သံဆူးကြိုးများ ကာရန်ထားပြီး စစ်တပ်တပ်ရင်းများထဲတွင်သာမက တခြားအရေးကြီးသည့် လေယာဉ်ကွင်း အပါအဝင် နေရာအတော်များများတွင်လည်း ဘန်ကာများ၊ ဗုံးခိုကျင်းများကို အခိုင်အမာပြုလုပ်ထားသည်။

၎င်းပြင် စစ်တွေမြို့နယ်အတွင်းမှ မွတ်ဆလင်ဒေသခံများအားလည်း စစ်မှုထမ်းရန် အပြင်းအထန် စုဆောင်းနေသည်ဟု ဒေသအတွင်း ခိုင်လုံသည့် သတင်းရင်းမြစ်များအရ သိရသည်။

အာရက္ခတပ်တော် (AA)၏ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်အထဲတွင်  ရန်သူ၏ အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား မိမိတို့မှ ဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းအပြင် စစ်ကောင်စီသည် လွန်ခဲ့သည့် သြဂုတ်လ ၃၁ ရက်ညနေနေ့ ညနေပိုင်းမှစ၍ တညဉ့်လုံး စစ်တွေလက်နက်ကြီး  အထိုင်စခန်းနှင့်နေဗီများမှ ပုဏ္ဏားကျွန်းဖက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့သာ်ဟု  ဒေသခံများကပြောသည်။

ပုဏ္ဏားကျွန်းနှ စစ်ရှောင်တစ်‌ဦးက " ဟိုစစ်တွေမြို့နယ်မှာ တိုက်ပွဲဖြစ်တဲ့နေ့ ကတည်းက စစ်ကောင်စီ ဖက်က လက်နက်ကျည်တွေ တရစပ်ပစ်နေတာ မနေ့ကနဲ့ဆိုရင် ၃ ရက်ရှိပြီ။ ပုဏ္ဏားကျွန်းမြို့ပြင်နဲ့ လယ်ကွင်းတွေမှာ ကျတယ်လို့တော့သိရတယ်" ဟုပြောသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင် စစ်ကောင်စီ၏ အရေးပါသော တပ်စခန်းကြီးများကို ဖြတ်တောက်ပိတ်ဆို့ထားပြီးဖြစ်သည်ဟု အာရက္ခတပ်တော် (AA)က ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန် ထားသည်။

အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ်ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ် တို့အား ဖြတ်တောက်ပိတ်ဆို့ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AA၏ထုတ်ပြန်ချက်အရသိရသည်။

စစ်တွေ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)သည် အမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ပြီးလျှင် ရခိုင်ပြည်၌ အခြေစိုက်ထားသည့်  အကြီးဆုံး စစ်ကောင်စီ၏ ဌာနချုပ်တစ်ခုဖြစ်သည်။

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...