တနင်္သာရီတိုင်းဖွံဖြိုးရေးအတွက် NLD မှ ထားဝယ်တိုင်းရင်းသားပါတီနှင့်ပူပေါင်းလုပ်ဆောင်သွားမည်ဟုဆို

တနင်္သာရီတိုင်းဖွံဖြိုးရေးအတွက် NLD မှ ထားဝယ်တိုင်းရင်းသားပါတီနှင့်ပူပေါင်းလုပ်ဆောင်သွားမည်ဟုဆို
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — တနင်္သာရီတိုင်းဒေသကြီး ဖွံဖြိုးတိုးတက်ရေးအတွက် ဌာနချုပ်မှ ညွှန်ကြားချက်ကျသည်နှင့် ထားဝယ် တိုင်းရင်းသားပါတီနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါဒေသရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဥက္ကဌ ဦးဟိုပင်က BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက် ကြည့်ပြီးတာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားမယ်”ဟု အနိုင်ရကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ဦးဟိုပင်ကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ ကရင်၊ မွန်နှင့် မြန်မာလူမျိုးများ နေထိုင်ကြသော်လည်း ကရင်ပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီ နှစ်ခုရှိသည့်အနက် ထားဝယ်တိုင်းရင်းသားရေးရာ ကိစ္စများ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပူးပေါင်းလိုခြင်းဖြစ်ကြောင်း ဦးဟိုပင်ထံမှ သတင်းရရှိသည်။

“တိုင်းရင်းသားပါတီတွေက မိတ်ဖက်တွေပါ အားလုံးနဲ့လည်း အရင်ထဲကအဆင်ပြေပြီးသားဆိုတော့ ဌာနချုပ်ကိုတင်ပြီးတာနဲ့ ဘယ်လိုဆောင်ရွက်သင့်လဲဆိုတာတွေ တင်ပြပြီး ဆောင်ရွက်မယ်”ဟု ဦးဟိုပင်က BNIရွေးကောက်ပွဲ သတင်းခန်းသို့ထပ်မံပြောကြား ခဲ့သည်။

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ယခုရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သော်လည်း တိုင်းရင်းသားရေးရာ ကိစ္စများအတွက် ပါတီပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကမ်းလှမ်းမှုရှိခဲ့ လျှင် ဒေသတွင်း တိုးတက်ရေးများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါပါတီမှ ဥက္ကဌ ဦးအေးမင်းက BNIရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

“သူတို့ဘက်ကကမ်းလှမ်းလာရင်တော့ အမျိုးသားရေးဒေသတွင်းဖွံဖြိုးရေးတို့အတွက် ပူးပေါင်းသွားဖို့ အဆင်သင့်ပါပဲ လက်ရှိမှာလည်း အနိုင်မရပေမဲ့ ဒေသတွင်း ကိစ္စတွေကိုတော့ဆောင်ရွက်နေတယ်”ဟု ဦးအေးမင်းထံမှ သတင်းရရှိသည်။

December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...
December 10, 2015
ဗဟိုမှ ညွှန်ကြားချကအတိုင်း ဒီဇင်ဘာ ၁၂ရက်နှင့်၁၃ရက်များတွင် လုပ်ငန်းစဉ် စတင်မည်ဖြစ်ပြီး မနက်၆နာရီမှ...