အမှိုက်ကောက်ခြင်းကို အမြဲတမ်းလုပ်ဆောင်သွားမည်

အမှိုက်ကောက်ခြင်းကို အမြဲတမ်းလုပ်ဆောင်သွားမည်
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — တနင်္သာရီတိုင်းဒေသကြီးအတွင်း အမှိုက်ကောက်ရှင်းလင်းရေးလုပ်ငန်းစဉ်ကို ဗဟိုမှညွှန်ကြား ထားသည့်ရက်အပြင် ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆက်လက်ဖော်ဆောင်သွားရန် အစီစဉ်ရှိကြောင်း ကိုယ်စားလှယ်များထံမှ သတင်းရရှိသသည်။

ဗဟိုမှ ညွှန်ကြားချကအတိုင်း ဒီဇင်ဘာ ၁၂ရက်နှင့်၁၃ရက်များတွင် လုပ်ငန်းစဉ် စတင်မည်ဖြစ်ပြီး မနက်၆နာရီမှ ၁၀နာရီထိ လုပ်ဆောင်သွားမည်ဖြစ်ကာ ပရဟိတအဖွဲ့စည်း လူငယ်အဖွဲ့စည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အနိုင်ရကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်စိန်ထံမှ သတင်းရရှိသည်။

“စည်ပင်က တာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းသွားမယ် သူတို့ဘက်က တက်နိုင်တာ ကူညီပေးမယ်  လို့ပြောတယ် ကိုယ်လုပ်တာက သူတို့အလုပ်ကို အနှောက်ယှက် ဖြစ်မှာလဲဆိုးတယ် ဝင်စပ်စုတယ်ဖြစ်မှာ ဆိုးရတယ်”ဟု ဦးအောင်စိန်က ပြောသည်။

အမှိုက်ကောက်ရှင်းလင်းရေးလုပ်ငန်းစဉ်၌ ရှင်းလင်းပြီးပါက အမှိုက်စွန့်ပစ်ရမည့်နေရာအား သတ်မှတ်ပေးထားသည့်နေရာတွင်သာ စွန့်ပစ်မည်ဖြစ်ပြီး စည်ပင်မှ အမှိုက်ရှင်းလေးရေးအတွက် အထောက်ကူဖြစ်ရန် ကားများကို ကူညီပေးသွားမည် ဖြစ်သည်။

ဗဟိုမှ သတ်မှတ်ထားသည့် ရက်အပြင် ဒေသတွင်း ပြည်သူများ စည်းကမ်းတကျရှိစေရန်နှင့် အမှိုက်ကင်းစင်စေရန် လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့ အစရှိသည့် နေ့ရက်များတွင် လုပ်ဆောင်သွားရန် အစီစဉ်ရှိကြောင်း အနိုင်ရကိုယ်စား လှယ်ဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော် အမတ် ဦးခင်မောင်အေးကပြောသည်။

“ဆက်တိုက်လုပ်ဆောင်သွားမှ တကယ်အမှိုက်ကင်းစင်ပြီး ပြည်သူတွေလဲ စည်းကမ်းရှိဖို့ သိလာမယ် ဒီအစီစဉ်လုပ်သွားဖို့ နေရာတွေပြောင်းသွားဖို့တော့ရှိတယ် ပညာပေးအစီစဉ်လဲရိုက်ထားတာ လွှင့်မယ် ကျောင်းတွေမှာတော့ ကလေးတွေစည်းကမ်းတကျရှိစေဖို့ ပညာပေးသွားမယ် ဒါတွေက ရှေ့ဆက်လုပ်ဆောင်သွားမှာတွေပါ”ဟု ဦးခင်မောင်အေးက ဆက်ပြောသည်။

ဒီဇင်ဘာ၁၂နှင့်၁၃ရက်တွင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်အရ ဆေးရုံကြီး၊ စျေး၊ လူသွားလမ်းများ၊ ကားဂိတ်များ အပန်းဖြေနေရာ များနှင့် မြောင်းများတွင် အမှိုက်ကောက် ရှင်းလင်းမည် ဖြစ်ပြီး ပရဟိတအဖွဲ့စည်းများမှ ကိုယ်စားလှယ်လောင်း တစ်ဦး ရှင်းလင်းမည့် ဧရီယာတွင် အင်အား ၁၅၀ခန့် လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး တနင်္သာရီတစ်တိုင်းလုံးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အနိုင်ရကိုယ်စားလှယ် ၄၃ဦးစလုံး ပါဝင်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...