အနုုိင်ရပါတီမှ တနင်္သာရီတွင် တရားဥပဒေဆုုိင်ရာ သင်တန်းအတွက် စာအုုပ်စုုဆောင်းနေ

အနုုိင်ရပါတီမှ တနင်္သာရီတွင် တရားဥပဒေဆုုိင်ရာ သင်တန်းအတွက် စာအုုပ်စုုဆောင်းနေ
by -
ခုုိင်နွယ်ဦး
ခုုိင်နွယ်ဦး — အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပထမဆုံးအကြိမ် တရားဥပဒေဆိုင်ရာ အရည်သွေးမြှင့်တင်သည့် သင်တန်းကို တက်ရောက်ရန်အတွက် လိုအပ်သည့် စာအုပ်များ ရှာဖွေစုဆောင်းလေ့လာခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဆိုင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဥက္ကဌ ဦးဟိုပင်က ပြောသည််။

အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း ဖြစ်ပြီး တနင်္သာရီတိုင်းမှ နောက်ဆုံးအသုတ်တွင် ပါဝင်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ ပါဝင်မည်ဖြစ်သည်။

သင်တန်းကာလအား ဇန်နဝါရီ ၁၄ရက်မှ ၁၆ရက်ထိဖြစ်ပြီး မနက်၈နာရီခွဲမှ စတင်ကာ ည၆နာရီခွဲထိ သင်တန်းပို့ချသွား မည်ဖြစ်ကြောင်း သိရှိရသည်

“သင်တန်းမှာ ဆွေးနွေးတိုင်ပင်လို့ ရအောင် လက်စွဲစာအုပ်တွေ ကြိုတင်ဖတ်ထားဖို့ ညွှန်ကြားထားတော့ အခု စာအုပ်တွေ ရှာပြီး စုဆောင်းနေတယ် ကျွန်တော်တို့က အုပ်ချုပ်ရေးနဲ့လည်းစီးခြားနေတော့ ဒီသင်တန်းမှာ နောက်ထပ် လိုအပ်မယ်ထင်တာတွေကို ထပ်ပြီး တောင်းဆို ဆွေးနွေးခွင့်ရှိမယ် ထင်ပါတယ်”ဟု ထားဝယ်တိုင်း ဒေသကြီးတွင်လည်း အနိုင်ရခဲ့သော ဥက္ကဌဖြစ်သူ ဦးဟိုပင်က BNIရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်

လက်စွဲစာအုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပါတီဖွဲ့စည်းပုံမူဝါဒဆိုင်ရာ ရွေးကောက်ပွဲ ကြေညာစာတမ်းနှင့် စည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ စသည့် အချက်လက်များဖြစ်ကြောင်း ဦးဟိုပင်ထံမှ သိရသည်။

အဆိုပါသင်တန်းတွင် နည်းပြအနေဖြင့် ရှေ့နေဦးကိုနီအား ခန့်အပ်ထားခြင်းအပေါ် ပြည်သူတချို့မှ ဝေဖန် ခဲ့သော်လည်း ဦးကိုနီသည် ရွေးကောက်ပွဲကာလအပြီး တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သော အနိုင်ရ ကိုယ်စားလှယ်လောင်းများ၏ အသုံးစရိတ် တင်ပြရန်နှင့် ပက်သက်၍လည်း ရှင်းလင်းခဲ့သောကြောင့် ဦးကိုနီ ဦးဆောင်၍ သင်တန်းပေးခြင်းအပေါ် ကန့်ကွက်စရာမရှိကြောင်း ဦးဟိုပင်က သုံးသပ်သည်။

“အခုသင်တန်းမှာလည်း ဦးကိုနီက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းမယ် ထင်တယ် နောက်ပြီး သင်တန်းဆရာတွေ က တချို့ဆို ရင်းနှီးတာတွေပါတယ် မရင်းနှီးတဲ့လူတွေလည်းပါတယ်”ဟု ဥက္ကဌ ဦးဟိုပင်က BNIရွေးကောက်ပွဲဆိုင်ရာ သတင်းခန်း သို့ပြောသည်။

ယခု သင်တန်းအား ထူးဖော်ဒေးရှင်းဥက္ကဌ ဦးတေဇမှ ကူညီပေးခြင်းဖြစ်ပြီး သင်တန်းပို့ချရန် နေရာအား ဦးတေဇပိုင်သော နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...
December 10, 2015
ဗဟိုမှ ညွှန်ကြားချကအတိုင်း ဒီဇင်ဘာ ၁၂ရက်နှင့်၁၃ရက်များတွင် လုပ်ငန်းစဉ် စတင်မည်ဖြစ်ပြီး မနက်၆နာရီမှ...