ကော်မရှင်သို့ရွေးကောက်ပွဲအသုံးစရိတ်ကို ကိုယ်စားလှယ်အားလုံး သက်မှတ်ရက်အတွင်း တင်ပြခဲ့

ကော်မရှင်သို့ရွေးကောက်ပွဲအသုံးစရိတ်ကို ကိုယ်စားလှယ်အားလုံး သက်မှတ်ရက်အတွင်း တင်ပြခဲ့
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — တနင်္သာရီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အသုံးစရိတ်တင်ပြသည့် ကိုယ်စားလှယ်လောင်း အာလုံးသတ်မှတ်ရက်၌ တင်ပြပြီးဖြစ်ကြောင်း ထားဝယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့မှ အရာရှိ ဦးထိန်လင်းဦးက BNIရွေးကောက်ပွဲ သတင်းခန်းသို့ ပြောသည်။

“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ် ကန့်ကွက်ကျတာတွေလည်း မရှိသေးဘူး”ဟု ဦးထိန်လင်းဦးက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲ အသုံးစရိတ်တင်ပြခြင်း နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၄ရက်အဖြစ် သတ်မှတ်ခဲ့ပြီး နောက်ဆုံးရက်နီးကပ်မှသာ လာရောက်တင်ပြသော ကိုယ်စားလှယ် ပိုမိုများပြားပြီး အနိုင်ရ ကိုယ်စားလှယ် ၄၃ဦးစလုံး တင်ပြပြီး ဖြစ်ကာ အဆိုပါတင်ပြချက်များကို စာရင်းစစ်ရုံးမှ ဆက်လက် တာဝန်ယူ စစ်ဆေးလျှက်ရှိကြောင်း ဦးထိန်လင်းဦးထံမှ သတင်းရရှိသည်။

“ကိုယ်စားလှယ်တွေက သတ်မှတ်ရက်နောက်ဆုံးနားကပ်မှ တင်ကျတယ်။ ကျွန်တော်အထင်က အရင်ကြိုတင်ကျမယ်ဆိုရင် ကန့်ကွက်စာတွေ ပေါ်ပေါက်လာမှာ ဆိုးတာနဲ့ အနားနီးမှ ကပ်ပြီးတင်ကျတယ်လို့ မြင်တယ်”ဟု ဦးထိန်လင်းဦးက ရှင်းပြသည်။

ရွေးကောက်ပွဲ အသုံးစရိတ်များကို ဒီဇင်ဘာ ၂ရက် အထိ တင်ပြသူဦးရေ ၂၉ဦးသာရှိခဲ့ပြီး သတ်မှတ်ရက်ကို ကျော်လွန်သည်အထိ မတင်ပြနိုင်သည့် ကိုယ်စားလှယ်များကို အရည်အချင်းပျက်ယွင်းကြောင်း ဖော်ပြသွားမည်ဖြစ်သော်လည်း တနင်္သာရီတိုင်းမှ အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်း အားလုံး သတ်မှတ်ရက်အား မကျော်လွန်ဘဲ တင်ပြခဲ့ခြင်းကြောင့် ကြေညာချက် တစ်စုံတစ်ရာမရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အရာရှိ ဦးထိန်လင်းဦးက BNIရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...
December 10, 2015
ဗဟိုမှ ညွှန်ကြားချကအတိုင်း ဒီဇင်ဘာ ၁၂ရက်နှင့်၁၃ရက်များတွင် လုပ်ငန်းစဉ် စတင်မည်ဖြစ်ပြီး မနက်၆နာရီမှ...