အမျိုးသားရင်ကြားစေ့ပြီး သာယာဝပြောတဲ့နိုင်ငံဖြစ်လာနိုင်

အမျိုးသားရင်ကြားစေ့ပြီး သာယာဝပြောတဲ့နိုင်ငံဖြစ်လာနိုင်
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — NLD ပါတီရဲ့နိုင်ငံရေးဦးတည်ချက်ကတော့ အမျိုးသားရင်ကြားစေ့ရေးဖြစ်တဲ့အတွက် အရင်ကသဘောထားကွဲ လွဲနေတာတွေပြန်လည် ရင်ကြားစေ့ပြီးတော့ သာယာဝပြော တဲ့နိုင်ငံတော်ကိုပြန်လည်ထူထောင်နိုင်မယ်လို့မြင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ထားဝယ်မဲဆန္ဒနယ် အမှတ်(၂) တွင်အနိုင်ရရှိသော ဦးဟိုပင်က နိုင်ငံရေးအမြင်များကို BNI ရွေးကောက်ပွဲသတင်းခန်း သို့ ယခုကဲ့သို့ဖြေကြားသည်။

မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။
ဖြေ။  ။ ၂၀၁၆မှာ နိုင်ငံရေးကို NLDပါတီကဦးဆောင်သွားမဲ့အနေအထားမှာရှိပါတယ်။ NLD ပါတီရဲ့နိုင်ငံရေးဦးတည်ချက်ကတော့ အမျိုးသားရင်ကြားစေ့ရေးဖြစ်တဲ့အတွက် အရင်ကသဘောထားကွဲလွဲနေတာတွေပြန်လည် ရင်ကြားစေ့ပြီးတော့ သာယာဝပြော တဲ့နိုင်ငံတော်ကိုပြန်လည်ထူထောင်နိုင်မယ်လို့မြင်ပါတယ်။

မေး။  ။ ပြောင်းလဲလာမဲ့နိုင်ငံရေး အနေအထားမှာ ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမယ် လို့ထင်ပါသလဲ။
ဖြေ။  ။ အခက်ခဲကတော့အများကြီးပါ။ ပထမ ဘာတွေ့ရမလဲဆိုရင် ပျက်နေတာတွေ့ကို ပြန်ပြင်ရမဲ့ အခက်ခဲရှိတယ်။ ရှေ့တက်တိုး တက်ဖို့အတွက်ဆောင်ရွက်ရမဲ့ကိစ္စတွေရှိ တယ်။ အဲသလိုဆောင်ရွက်ရာမှာ အဖွဲ့အစည်းအားလုံးကအတူတကွ လက်တွဲသွားဖို့ လိုအပ်တယ်။ အဲလိုမှမဟုတ်ရင် လမ်းကြောင်းမှာ အခုခံတွေနဲ့သွားလာရခက်ခဲပါတယ်။

မေး။  ။ လက်ရှိအနိုင်ရခဲ့တဲ့ဒေသအတွက် ဒေသတွင်းတိုးတက်ဖို့ ဘယ်လိုကိစ္စတွေ ဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ။  ။ ဒေသတွင်းမှာဆိုရင် ဒေသခံလူတွေကို လိုအင်ဆန္ဒကိုဦးစားပေးပြီးအကုန် လုံးလက်တွဲသွားဖို့ ဆောင်ရွက်သွား ဖို့ရှိတယ်။ ဒေသတွင်းမှာ လုပ်နိုင်ကိုင်နိုင်ဖို့ဆို ရင်ပြည်ထောင်စုရဲ့ ပံပိုးမှုကလည်း အများကြီးလိုအပ်ပါတယ်။

မေး။  ။ ဒေသတွင်းကြုံတွေ့နေရတဲ့ ပြသနာအခက်ခဲတွေကိုပြောပြပေးပါ။
ဖြေ။  ။ အများဆုံးကတော့ မြေယာသိမ်းဆည်းမှုပြသနာတွေရှိတယ်။ သယံဇာတ တူးဖော်မှုကြောင့် ပေါ်ပေါက်လာတဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုတွေရှိ တယ်။ တိုးတက်ဖွံဖြိုးမှုအတွက်ဆိုရင် လျှပ်စစ်မီးရရှိမှုအတွက်လိုအပ်နေသေးတယ်။

မေး။  ။ ဒီပြသနာတွေကိုဖြေရှင်းဖို့ ဘယ်လိုစတင်ဆောင်ရွက်သွားမှာပါလဲ။
ဖြေ။  ။ ဒီပြသနာတွေဖော်ဆောင်ရာမှာတော့ ဗဟိုရဲ့ဦးဆောင်မှုကိုခံယူရမှာပါ။

မေး။  ။ ဒေသတွင်းလက်ရှိစီးပွားရေးအခြေနေနဲ့ ၂၀၁၆မှာ ဘယ်လိုအခြေနေတွေ ဖြစ်လာနိုင်မလဲပြောပြပေးပါ။
ဖြေ။  ။ ဒေသတွင်းစီးပွားရေးမှာ လောလောဆယ်ဒေသခံတွေရဲ့အနေထားကတော့ စီးပွားရေးသိပ်အဆင်မပြေကျဘူး။ လာမဲ့ ၂၀၁၆မှာတော့   ဒေသခံတွေစီးအခွင့်းအလမ်း တွေတိုးတက်အောင်ဖော်ဆောင်ပေးရမဲ့သဘောတရားရှိတယ်။ ကျွန်တော်တို့ဆီကို လာလုပ်ကျတဲ့ ကုမ္ပဏီပိုင်ရှင်တွေတော်တော်များများက ဒေသရဲ့လုပ်ငန်းတွေကိုလွှမ်း မိုးနေတာတွေရှိတယ်။ တစ်ခြားအရပ်ဒေသတွေ့ရဲ့အကျိုးစီးပွားကိုလုံးလုံးအားရုံမစိုက် တဲ့သဘောမှာရှိတယ်။ အဲဒီအခက်ခဲတွေဖြေရှင်းပြီး အလုပ်ကိုင်ခွင့်လမ်းတွေရအောင် ဖော်ဆောင်သွားဖို့ရှိတယ်။

မေး။  ။ ၂၀၁၆ နိုင်ငံရေးအပြောင်းအလဲမှာ အနိုင်ရကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဖြည့် စွက်ပြောပေးပါ။
ဖြေ။  ။ ကျွန်တော်တို့က အုပ်ချုပ်ရေးကိစ္စတွေမှာ တော်တော်အလှမ်းဝေးခဲ့ကြတာပါ။ တစ်ဖက်ကလက်ကမ်းမကြိုတာရော ကျွန်တော်တို့က လက်ဆွဲနှုတ်ဆက်တာနှောင့်နှေး တာရောပါတာပေါ့။ အခု ကျွန်တော်တို့လက်ထဲရောက်တဲ့အခါဆောင် ရွက်ရမဲ့ကိစ္စတွေ ကိုကိုယ့်တာဝန်ကိုကြေပါမလားဆိုပြီး စိုးရိမ်တာမျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစား သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်းရှိပါတယ်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 10, 2015
ဗဟိုမှ ညွှန်ကြားချကအတိုင်း ဒီဇင်ဘာ ၁၂ရက်နှင့်၁၃ရက်များတွင် လုပ်ငန်းစဉ် စတင်မည်ဖြစ်ပြီး မနက်၆နာရီမှ...