တိုင်းရင်းသား ခေါင်းဆောင်များ၏ အသံကို မီဒီယာများမှ ပိုမိုဖေါ်ထုတ်ရန်လို

တိုင်းရင်းသား ခေါင်းဆောင်များ၏ အသံကို မီဒီယာများမှ ပိုမိုဖေါ်ထုတ်ရန်လို
by -
ကိုထွေး
ကိုထွေး — တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားခေါင်းဆောင်များ၏ အသံကို မီဒီယာများက ပိုမိုဖေါ်ထုတ်သင့်ကြောင်း ချင်းဒီမိုကရက်တစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်ချယ်ရီဇဟာက ဒီဇင်ဘာ ၈ ရက်က ပြောသည်။

“ တိုင်းရင်းသား ခေါင်းဆောင်တွေက ဖက်ဒရယ်ကို အရင်ပြောလာတာ။ ဒါပေမယ့် သူတို့ပြောတာ သိပ်မသိကြ ဘူး။ လွှတ်တော်ပေါ်မှ ဦးရွှေမန်းကလည်းပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောမှ ဖက်ဒရယ်က လူသိလာတာ။ တိုင်းရင်းသားတွေလိုအပ်ချက်ကို တိုင်းရင်းသား ခေါင်းဆောင်တွေက သိတယ်။ သူတို့အသံကို မီဒီယာတွေက ပိုပြီးဖေါ်ထုတ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၈ ရက် နှင့် ၉ ရက်တို့တွင် ရန်ကုန်မြို့ Grand Laurel ဟိုတယ်၌ တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသား ဒေသခံ သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးအပြီး ၎င်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားများအတွက် လိုအပ်နေသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိ ရေးအတွက် တိုင်းရင်းသားဒေသခံပါတီများ အနိုင်ရရှိရန်လိုသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောင်းလဲချိန်တန်ပြီလှိုင်းကြောင့် ရှုံးနိမ့်ခဲ့ရကြောင်း တိုင်းရင်းသားပါတီများက ဆိုသည်။

“ တိုင်းရင်းသားပါတီတွေမှာလည်း ရည်ရွယ်ချက်တွေရှိပါတယ်။ ဒါပေမယ့် ပါတီကြီးတွေလွှမ်းမိုးတော့ ပါတီငယ်လေးတွေ ခံရတယ်။ မီဒီယာတွေအနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အရေးကို များများ ဖေါ်ပြပေးဖို့ လိုတယ်” ဟုကရင်ပြည်သူ့ပါတီ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မ လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ်နန်းယုစမ်းက သူ၏အမြင်ကိုပြောသည်။

ရွေးကောက်ပွဲကာလအတွင်း ပါတီကြီးနှစ်ပါတီ၏ သတင်းကိုသာ ဦးစားပေး ဖေါ်ပြမှုများကြောင့် ဒေသခံ တိုင်းရင်းသားပါတီများ၏ အသံပျောက်ကွယ်နေကြောင်းကိုလည်းပါတီများကပြောသည်။

ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်းရင်းသားဒေသများ၌ အနိုင်ရရှိထားသဖြင့် ဒေသခံ တိုင်းရင်းသားပါတီများအရေး ဆောင်ရွက်နိုင်ပါ့မလားဟု တိုင်းရင်းသားပါတီတစ်ချို့က စိုးရိမ်နေကြ သည့်အပေါ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း မသန္တာက “ NLD မှာ ဒေသခံ တိုင်းရင်းသားတွေ ပါတယ်။ သူတို့က သူတို့ဒေသမှာ တိုင်းရင်းသား အရေးဆောင်ရွက်ကြမှာပါ” ဟု ပြောကြားခဲ့သည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...