တနသာင်္ရီ အနိုင်ရကိုယ်စားလှယ်များ ပရဟိတအသင်းများနှင့်ပူပေါင်း၍အမှိုက်ကောက်မည်

တနသာင်္ရီ အနိုင်ရကိုယ်စားလှယ်များ ပရဟိတအသင်းများနှင့်ပူပေါင်း၍အမှိုက်ကောက်မည်
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး - တနင်္သာရီတိုင်းဒေသကြီး ဒီချုပ်အနိုင်ရကိုယ်စားလှယ်လောင်းများ အမှိုက်ကောက်ရှင်းလင်းရေး အစီစဉ်များတွင် ပရဟိတအသင်းဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း ကိုယ်စားလှယ်လောင်းများထံမှ သတင်းရရှိသည်။

အဆိုပါလုပ်ငန်းစဉ်ကို ဒီဇင်ဘာ ၁၂ရက်မတိုင်ခင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒေသခံ အသင်းအဖွဲ့များ ပရဟိတလုပ်ငန်းဆောင် ရွက်သူများက ပါဝင်ကူညီမည့်အတွက် ရှင်းလင်းရန် ခက်ခဲသည့် ညစ်ညမ်းအမှိုက်များ ဆေးရုံနှင့် စျေးများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များကိုပါ ရှင်းလင်းနိုင်ရန် အစီစဉ်ရှိကြောင်း အနိုင်ရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးက BNI ရွေးကောက်ပွဲဆိုင်ရာ သတင်းခန်းသို့ ပြောသည်။

“ဒီမှာညစ်ညမ်းအမှိုက်တွေများတယ်။ စျေးနဲ့ဆေးရုံတွေကို အဓိကထားပြီးလုပ်ဆောင်သွားဖို့ ပြန်ပြီးဆွေးနွေးနေကျတယ်။ ခုထိတော့မလုပ်သေးဘူး စီစဉ်နေတုန်းပဲ”ဟု ဦးခင်မောင်အေးက ဆက်လက်ပြောသည်။

ဒေသခံပရဟိတ အသင်းအဖွဲ့များ အနေဖြင့် တနင်္သာရီတိုင်း ထားဝယ်မြို့ ဘုရားပွဲ ပြုလုပ်စဉ်ကာလမှ စတင်ကာ NLDနှင့် ပူပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပြီး ဒေသတွင်း ပရဟိတလုပ်ငန်းများ လုပ်ဆောင်မှု အဆင်ပြေသောကြောင့် ယခု အမှိုက်ကောက်ရှင်းလင်းမည့် အစီစဉ်တွင် ပါဝင်ကူညီမည်ဖြစ်သည်ဟု သတင်းရရှိသည်။

 ထို့ပြင် ဒေသခံ ပြည်သူများပါ ပါဝင်ဆောင်ရွက်နိုင်ရန် တိုက်တွန်းဆောင်ရွက် သွားမည်ဟု ထားဝယ်မဲဆန္ဒနယ်(၂)မှ အနိုင်ရကိုယ်စားလှယ်လောင်း ဦးဟိုပင်က BNIရွေးကောက်ပွဲ သတင်းခန်းသို့ ပြောသည်

“အသင်းဖွဲ့တွေက ပါဝင်ဖို့ရှိတယ် သူတို့နဲ့တိုင်ပင်ပြီးတာနဲ့ စပြီးလုပ်ဆောင်မယ် ဒေသခံတွေကလည်း ကူညီချင်တဲ့လူရှိရင် ကူပေါ့ ကျွန်တော်တို့ကတော့ ရှေ့ဆောင်လမ်းပြအနေနဲ့ ဒါကိုစပြီးလုပ်ရမှာပဲ”ဟု ဦးဟိုပင်က ပြောသည်။

တိုင်းဒေသ ပြည်နယ်အလိုက် အခြေခံမှစတင်ဆောင်ရွက်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်၊ တနသာင်္ရီ၊ မွန်၊ ကော့မှူးမှ အနိုင်ရရှိသည့်ကိုယ်စား လှယ်များနှင့် တော်ဝင်နှင်းဆီခန်းမ၌ တွေ့ဆုံစဉ် အမှိုကောက်မည့်အစီစဉ်ကို ညွန်းကြားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်းတွင်လည်း ပြည်နယ်နှင့်တိုင်းများမှ အနိုင်ရကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်သွား ရန်ရှိကြောင်း ကိုယ်စားလှယ်လောင်းများထံမှသိရသည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...