မွန်ပြည်နယ်၌ အမှိုက်ကောက်သိမ်းခြင်းကို ဒီဇင်ဘာ ဒုတိယပတ်တွင် စတင်မည်

မွန်ပြည်နယ်၌ အမှိုက်ကောက်သိမ်းခြင်းကို ဒီဇင်ဘာ ဒုတိယပတ်တွင် စတင်မည်
ခိုင်နွယ်ဦး — ပြည်သူတွေနှင့် တသားတည်းဖြစ်စေရန် အောက်ခြေမှစတင်ကာ အမှိုက်ကောက်ခြင်းဖြင့် ဒေသတွင်း ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ စတင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရေးမြို့နယ်တွင် အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းထံမှ သတင်းရရှိသည်။

“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို ကိုယ်စားလှယ်တွေက ရှေ့ဆောင်လမ်းပြ အနေနဲ့ စတင်လုပ်ပြပေးဖို့ပါ ဒါမှ တိုင်းပြည်တိုးတက်လာနိုင်မယ်” ဟု ဦးမျိုးဝင်းက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ကိုယ်စားလှယ်လောင်းများက မိမိတို့သက်ဆိုင်ရာ ဒေသအလိုက် အောင်နိုင်ရေး အဖွဲ့များနှင့် ပူးပေါင်းကာအမှိုက်ကောက်ခြင်း လုပ်ငန်းစဉ်များကိုဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအမှိုက် ကောက်ခြင်းလုပ်ငန်းစဉ်ကို ဒီဇင်ဘာ၈ရက်မှ စတင်ကာဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း မွန်ပြည် နယ်လုံးဆိုင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအေးမင်းဟန် ထံမှ သတင်းရရှိသည်။

“လက်ရှိ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စဉ်က ကုန်ကျစရိတ် စာရင်းတွေကို တင်ပြနိုင်ဖို့ အပြီးဆောင်ရွက် နေတာကြောင့် ရှေ့ တစ်ပါတ်လောက်မှ စပြီး ဆောင်ရွက်နိုင်မယ်”ဟု ဦးအေးမင်းဟန်က BNIရွေးကောက်ပွဲ ဆိုင်ရာ သတင်းခန်းသို့ ပြောသည်။

မွန်ပြည်နယ်မှ ပြည်သူများအနေဖြင့်လည်း ကိုယ်စားလှယ်လောင်းများ ဦးဆောင်၍ အမှိုက်ရှင်းလင်းရေး ဆောင်ရွက်မည်ကို စိတ်ဝင်စားလျှက်ရှိပြီး ပြည်သူများကို ဝိုင်းဝန်းကူညီကျရန်လည်း ဖိတ်ခေါ်သွားရန်ရှိကြောင်း ဦးအေးမင်းဟန်ထံမှ သတင်းရရှိပါသည်

“သူတို့တွေက သဘောကျကျတယ် အမှိုက်တွေကလည်း တကယ်ကို များနေပါပြီ မြန်မာတစ်ပြည်လုံးမှာပါ”ဟု ဦးအေးမင်းဟန်က BNIရွေးကောက်ပွဲ သတင်းခန်းသို့ ဆက်ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင် အဆိုပါလုပ်ငန်းစဉ် စတင်မည်ဆိုပါက အမှိုက်အများဆုံး ဖြစ်နေသည့် ကျံုးဘေးတလျှောက် အပန်းဖြေနေရာများနှင့် စျေးအစရှိသည့် နေရာများတွင် စတင်လုပ်ဆောင်သွားရန် ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းထံမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၄၅ယောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် မှ နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်၊ တနသာင်္ရီ၊ မွန်၊ ကော့မှူးမှ အနိုင်ရရှိသည့်ကိုယ်စား လှယ်များနှင့် တော်ဝင်နှင်းဆီခန်းမ၌တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

စင်္ကာပူနိုင်ငံရောက်မြန်မာများကလည်းအနိုင်ရ ကိုယ်စားလှယ်များအား ထောက်ခံသော အနေဖြင့် ပင်နီစူလာပလာဇာ အနီးတစ်ဝိုက်၌ ဒီဇင်ဘာ ၃၁ရက်တွင် အမှိုက်ကောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Most read this week

November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...
November 23, 2015
ရေးမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၃၀ အုပ်စုရှိပြီး မဲပေးခွင့်ရှိသူ (၁၆၈၈၂၆)ဦးရှိသော်လည်း ၂၀၁၅...