ချောင်းဆုံမြို ့နယ်တွင် ဆရာမသုံးဦးအား ကြိုတင်မဲမသမာမှုဖြင့် USDP အမှုဖွင့်တိုင်ကြား

ချောင်းဆုံမြို ့နယ်တွင် ဆရာမသုံးဦးအား ကြိုတင်မဲမသမာမှုဖြင့် USDP အမှုဖွင့်တိုင်ကြား
အိုက်စိုင်း — မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ဝယ်လန်ကျေးရွာရှိမဲရုံတွင် ကြိုတင်မဲရေတွက်ရာတွင် မဲနှစ်မဲကွာဟနေခြင်းကြောင့် မဲရုံမှူးအပါအဝင် ဆရာမ သုံးဦးအား ကြိုတင်မဲ မသမာမှု ပြုလုပ်သည် ဟုုဆုုိကာ ပြည်ထောင်စုု ကြံ့ခုုိင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ (USDP)   မှအမှုဖွင့် တုုိင်ကြားခဲ့ကြောင်း သတင်းရသည်။

အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော
ပြည်ထောင်စုကြံ့့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကိုယ်စားလှယ်လောင်း ဦးမင်းအောင်သူဖြစ်ကြောင်း ချောင်းဆုံမြို ့မ ရဲစခန်းမှ သိရသည်။

“၀ယ်လန်ကျေးရွာမှာ ကြိုတင်မဲ ၄၀ ရှိတယ်။အဲ့ဒီထဲကမှ NLD က (၈)မဲ၊မွန်အမျိုးသားပါတီက(၂)မဲ၊ USDP က (၂၇)မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက(၂)မဲ၊ပယ်မဲက တစ်မဲ၊အသီးသီးရကြတယ်။ဒါကို မဲရုံ အတွင်းမှာရှိတဲ့ သူတွေ အားလုံးက အတည်ပြုခဲ့ကြတယ်။အသိသက်သေတွေကလည်း လက်မှတ်ထိုးပြီးတော့ ပြန်သွား ကြတယ်။ပြန်လာတဲ့ အခါမှာကြတော့ အစက အတိုင်းမဟုတ်တော့ဘဲ ပြင်ဆင်မှုတွေ လုပ် ထားတာကို မဲရုံကိုယ်စားလှယ်တွေက သိရတဲ့အတွက်ပြန်ကြည့်တဲ့အခါမှာ ပယ်မဲ တစ်မဲ နဲ့ ကျွန်တော်ဆီ က ၂၇ မဲထဲက တစ်မဲ လျှော့နေတယ်။အစက NLD က (၈)မဲ ဒါကို ၁၀ မဲဖြစ်သွားတယ်။ဒါကြောင့် အခုလိုကျွန်တော် အမှုဖွင့်တိုင်ကြားရခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ ့ဖြိုးရေးပါတီ(USDP)မှ ဦးမင်းအောင်သူ ကပြောသည်။

ချောင်းဆုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရသူများမှာ ဝယ်လန်းကျေးရွာမဲရုံမှ မဲရုံမှူး ဒေါ်အေးဝင်း ၊ဒုမဲရုံမှူး ဒေါ်အေးအေးစိုး၊ မဲစာရင်းစစ်သူ ဒေါ်ချိုချိုထွေး တုုိ့ဖြစ်ပြီး အဆုုိပါ သုုံးဦးအား (ပ) ၂၂၇/၂၀၁၅ ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း ချောင်းဆုံမြို့နယ်ရဲစခန်းမှ သတင်း ရရှိသည်။

“နဂို ပုံစံ(၁၆)မှာ ရေးသွင်းထားတဲ့ စာရင်းနဲ့ ပြန်စစ်တဲ့ အခါမှာ စာရင်းက ကွဲလွဲနေတယ်။ဒါကို ဘယ်လို လုပ် မလဲဆိုပြီး မဲရုံတာဝန်ရှိတဲ့ သူတွေ ညှိနှိုင်းကြတယ်။အဲဒီအချိန်မှာ မဲရုံကိုယ်စားလှယ်တွေက ပြန်သွားကြပြီး တချို ့လောက်ပဲ ကျန်ခဲ့တယ်။ရပ်/ကျေး ကော်မရှင်နဲ့အတွင်းရေးမှူးကလည်း ရောက်လာတယ်။ဒါနဲ့ လုပ်ထုံးလုပ်နည်းအရ ပုံစံ(၁၆)စာရင်းနဲ့ မဲလက်မှတ်က စာရင်း တူညီဖို့လိုတဲ့အတွက် နဂိုပုံစံ(၁၆)ထဲမှာ ရေးသွင်း ထားတဲ့ စာရင်းကို ဖျက်ပြီး နောက်ဆုံး ပြန်စစ်ထား တဲ့မဲစာရင်းမှာ ရလဒ်ကို ပြန်ပြင်ပြီး ထည့်သွင်းလိုက် တယ်။ဒါကို အဲ့ဒီအချိန်မှာ ရှိတဲ့ တာဝန်ရှိသူ ကိုးဦးကလည်း သဘောတူတယ်။မဲလက်မှတ်က စာရင်းနဲ့ ပုံစံ (၁၆)မှာရေးသွင်းထားတဲ့  စာရင်း အကိုက်လုပ်လိုက်တယ်လို့ ကျွန်တော်တို့ ဆီမှာ ဝယ်လန်းကျေးရွာ မဲရုံ က တာဝန်ရှိသူတွေ လာရောက် ဖြေရှင်းခဲ့ကြတယ်”ဟု ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး က ပြောသည်။
 
ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးမင်းအောင်သူက (၁၆၆၁၃)မဲ ရရှိခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်ဌေး ကြွယ် က (၂၃၅၈၀)မဲရရှိကာ အနိုင်ရရှိခဲ့သည်။

ဝယ်လန်းကျေးရွာမဲရုံမှ မဲရလဒ်များမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဦးမင်းအောင်သူ က (၂၀၉)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါ်ခင်ဌေးကြွယ်က (၂၂၆)မဲ တို့အသီးသီး ရရှိခဲ့ကြသည်။

အလားတူ မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းရှိ ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူးက ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်ကို မဲရုံမှ မောင်းထုတ်မှုနှင့် ပတ်သက်ပြီး ထိုမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၃ သုံးဦးက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...
November 23, 2015
ရေးမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၃၀ အုပ်စုရှိပြီး မဲပေးခွင့်ရှိသူ (၁၆၈၈၂၆)ဦးရှိသော်လည်း ၂၀၁၅...