မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်များတွင် ဆန္ဒမဲပေးသူ ထက်ဝက်မပြည့်

မုဒုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်များတွင် ဆန္ဒမဲပေးသူ ထက်ဝက်မပြည့်
အိုက်စိုင်း — ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊မုဒုံမြို့နယ်နှင့် ကျိုက်မရော မြို့နယ်များတွင် ဆန္ဒမဲပေးခွင့် ရှိသူများအနက် ထက်ဝက်ကျော် မဲမပေးခဲ့ကြောင်း သက်ဆုုိင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးများမှ သတင်းရရှိသည်။

မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး  သာ ရှိကြောင်း မုဒုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ကပြောသည်။

“ကျွန်တော်တို့ဆီမှာတော့ အမှန်တကယ် မဲပေးခွင့်ရှိတာ တစ်သိန်းခြောက်သောင်းကျော်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့မှာ မဲလာပေးတဲ့ သူကတော့ ခုုနှစ်သောင်းခြောက်ထောင်ကျော်ပဲရှိတယ်။ ဒီမတုုိင်ခင်ကတော့ ကြိုတင်မဲပေးတဲ့သူ သုုံးရာကျော်ရှိတယ် ” ဟုု မုုဒုုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံး တာဝန်ရှိသူ တဦးက ပြောပြသည်။

မုဒုံမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၄၂ အုပ်စု ရှိသည့်အတွက် ရွေးကောက်ပွဲနေ့တွင် မဲရုုံပေါင်း ၁၀၂ရုုံ ဖွင့်လှစ် ပေးခဲ့ပြီး ပြည်ထောင်စုု ကြ့ံခုုိ်င်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ၊ မွန်အမျိူးသားပါတီ၊ မွန်ဒေသလုုံးဆုုိင်ရာ ဒီမုုိကရေစီပါတီ၊ အမျိူးသားဒီမုုိကရေစီ အဖွဲ့ချူပ် ၊ တုုိင်းရင်းသားစည်းလုုံး ညီညွတ်ရေးပါတီနှင့် အမျိူးသားအင်အားစုု ပါတီ ကုုိယ်စားလှယ်လောင်း အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ နိုင်ငံရေးပါတီထဲမှ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောထွန်း၊ အမျိုးသားလွှတ်တော်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝေတင်၊ ပြည်နယ် လွှတ်တော်(၁) အမျိုးသားဒီမုုိကရေစီ အဖွဲ့ချူပ်မှဒေါ်မြသင်္ဂီမော်၊ ပြည်နယ်လွှတ်တော်(၂) မွန်အမျိုးသားပါတီမှ ဒေါက်တာမင်း ကြည်ဝင်း၊ တုုိ့က အသီးသီး အနုုိင်ရရှိခဲ့ကြသည်။
 
အလားတူ ကျိုက်မရောမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ တစ်သိန်း ငါးသောင်းကျော်ရှိသည့်အနက် ဆန္ဒမဲလာ ရောက်ပေးသူ ခြောက်သောင်းကျော်သာ ရှိကြောင်း ကျိူက်မရော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးမှ သတင်းရရှိသည်။

“ မဲပေးတဲ့သူ ခြောက်သောင်းကျော်ဘဲရှိတယ်။ မဲပေးခွင့်ရှိတဲ့ စာရင်းကတော့ တစ်သိန်းငါးသောင်းကျော်တယ်။ ရာခုုိင်နှုန်း အားဖြင့်တော့ မဲပေးတဲ့ ရာခုုိင်နှုန်းက ၄၃ရာခုုိင်နှုန်းရှိတယ်။ မဲမပေးတဲ့ ရာခုုိင်နှုန်းကတော့ ၅၇ ရာခုုိင်နှုန်း ရှိတယ် ” ဟုု ကျိုက်မရော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးမှာ ဦးသန်းထွန်းအောင်က ပြောသည်။

အဆုုိပါ မြို့နယ်တွင် မဲရုုံပေါင်း ၉၉ ရုုံ ဖွင့်လှစ်ထားရာ အမျိူးသား ဒီမုုိကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုု ကြ့ံခုုိင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်အမျိူးသားပါတီ၊ မွန်ဒေသလုုံးဆုုိင်ရာ ဒီမုုိကရေစီပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပါတီ ၊ အမျိုးသမီး (မွန်)ပါတီ၊ ဖလုုံ - စဝေါ် ဒီမုုိကရက်တစ်ပါတီ၊ တုုိင်းရင်းသား စည်းလုုံးညီညွတ်ရေးပါတီနှင့် တစ်သီးပုုဂ္ဂလများ ၀င်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည်။

ကိုယ်စားလှယ်လောင်းများထဲမှ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးစောကျော်ဝင်းမောင်၊ အမျိုးသားလွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခင်ဇော်ဦး၊ ပြည်နယ်လွှတ်တော် (၁) တွင် အမျိူးသား ဒီမုုိကရေစီအဖွဲ့ချူပ်မှ ဒေါ်ခင်မျိူးမြင့်နှင့် ပြည်နယ်လွှတ်တော်(၂) တွင် ပြည်ထောင်စုု ကြံ့ခုုိင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှ ဦးမင်းအောင်မွန်တုုိ့ အသီးသီး အနုုိင်ရရှိခဲ့ကြသည်။

မွန်ပြည်နယ်တဝန်းလုံးလွင် လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲပေးသူ ၅၁ ဒဿမ ၃ ရာခိုင်နှုန်းသာ မဲပေးခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်လောင်းများ အများဆုံးအနိုင်ရရှိခဲ့ပြီး မွန်အမျိုးသားပါတီ ကိုယ်စားလှယ် ၃ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်း ၁ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၁ ဦးသာ အနိုင်ရရှိခဲ့သည်။

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
ရေးမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၃၀ အုပ်စုရှိပြီး မဲပေးခွင့်ရှိသူ (၁၆၈၈၂၆)ဦးရှိသော်လည်း ၂၀၁၅...