ရေးတွင် ဆန္ဒမဲပေးခဲ့သူ ရှစ်သောင်းကျော်သာရှိ

ရေးတွင် ဆန္ဒမဲပေးခဲ့သူ ရှစ်သောင်းကျော်သာရှိ
အိုက်စိုင်း — မွန်ပြည်နယ်၊ရေးမြို့နယ်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူ တစ်သိန်း ခြောက်သောင်း ကျော်ရှိသည့် အနက် နိုဝင်ဘာ ၈ ရက်နေ့(ရွေးကောက်ပွဲကျင်းပသည့်)နေ့မှာတော့ ဆန္ဒမဲ လာရောက်ပေးသူ ရှစ်သောင်းကျော်သာ ရှိကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရသည်။

ရေးမြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း ၃၀ အုပ်စုရှိပြီး မဲပေးခွင့်ရှိသူ (၁၆၈၈၂၆)ဦးရှိသော်လည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့မှာတော့ ဆန္ဒမဲ လာရောက် ပေးခဲ့သူ (၈၁၇၁၉)ဦးသာ လာရောက် မဲပေးခဲ့သည်ဟု ရေးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးကဆိုသည်။
 
“ကျွန်မတို့ဆီမှာ ကျေးရွာ အုပ်စု ၄၀ ရှိတယ်။ဒါကြောင့် မဲပေးခွင့်ရှိသူက တစ်သိန်း ခြောက်သောင်းကျော်ရှိ တယ်။အဲ့ဒီအထဲကနေ ရွေးကောက်ပွဲ နေ့မှာတော့ ဆန္ဒမဲ ထည့်ဝင်သူ ရှစ်သောင်းကျော် လာရောက် ဆန္ဒမဲ ပေးခဲ့ပါတယ်” ဟု ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

ရေးမြို့နယ်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲပေးနိုင်ရန်အတွက် မဲရုံပေါင်း ၁၁၀ ရုံကို ဖွင့်လှစ်ပေးခဲ့ပြီး ထိုအထဲမှ တပ်မတော်သားနှင့်၎င်းတို့၏ မိသားစုဝင်များလည်း မဲပေးနိုင်ရေးအတွက် တပ်တွင်း မဲရုံ ၉ ရုံကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
 
လွှတ်တော် သုံးရပ်၌ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာအောင်ထွန်းခိုင်၊ အမျိုးသားလွှတ်တော် အမှတ်(၈) နယ်မြေ၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမျိုးဝင်း၊ အမျိုးသားလွှတ်တော် အမှတ်(၇) မဲဆန္ဒနယ်မြေ၌ မွန်အမျိုးသားပါတီမှ ဦးနိုင်သီဟ၊ ပြည်နယ်လွှတ်တော်(၁) မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးချစ်တင် တို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ယင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊တိုင်းရင်းသား စည်း လုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့အပြင် တစ်သီးပုဂ္ဂလများ အပါအဝင် လွှတ်တော် ၃ ရပ်တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၂၂ ဦး ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...