ဒေါ်အောင်ဆန်းစုကြည်မှ အသုံးစရိတ် သိန်းငါးဆယ်ကျော်နေခြင်း အပေါ်ပြောဆိုခြင်းမှာ နေရာဒေသအလိုက် ပြောဆိုခြင်းဖြစ်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်မှ အသုံးစရိတ် သိန်းငါးဆယ်ကျော်နေခြင်း အပေါ်ပြောဆိုခြင်းမှာ နေရာဒေသအလိုက် ပြောဆိုခြင်းဖြစ်ဟုဆို
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများ၏ အသုံးစရိတ် သိန်းငါးဆယ်ကျော် ကုန်ကျခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ အပြစ်တင်ခြင်းသည် နေရာဒေသကိုလိုက်၍ ပြောဆိုခြင်း သာဖြစ်ကြောင်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၌ အနိုင်ရရှိခဲ့သော ကိုယ်စား လှယ်လောင်း ဦးဟိုပင်က BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

“မဲဆွယ်သွားလာရာမှာ ဝေးလံတဲ့ နေရာတွေကျတော့ အသုံးစရိတ်များတယ်လေ။ တစ်ချို့ကမကုန် သင့်ဘဲ ကုန်တာတွေကို ပြော တာဖြစ်မယ်။ မန္တလေးလို နေရာမျိုးက မြို့ကြီးတွေလေ ဒါမျိုးတွေကျတော့ မကုန်သင့်ဘဲ ကုန်တာတွေကို ပြောတာမျိုးဖြစ်မယ်”ဟု ဦးဟိုပင်က သုံးသပ်ပြောသည်။

တင်္နာရီတိုင်း ထားဝယ်မြို့၌ မဲဆွယ်စည်းရုံးရေး စရိတ်မှာ မြိတ်တ်၊ ကော့သောင်းတို့ထက် များပြားပြီး သိန်းငါးဆယ် အထက်တွင် ရှိသည်။

လက်ရှိတွင် မဲဆွယ်စည်းရုံးရာ၌ ကုန်ကျငွေများကိုတွက်ချက် လျှက်ရှိပြီး ရွေးကောက်ပွဲ ကော်မရှင်မှ နောက်ဆုံးသတ်မှတ်ထားသည့် ဒီဇင်ဘာတစ်ရက်နေ့မတိုင်ခင် တင်ပြသွားမည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်း ဦးဟိုပင်ထံမှသတင်းရရှိသည်။

“ထားဝယ်ကတော့ စတိတ်ရှိုးလုပ်လိုက်ရတာနဲ့ ပိုကုန်ကျသွားတယ်။ လမ်းပန်းဆက်သွယ်ရေး ကလည်း ဝေးတော့ အကုန်ကျများတယ်။ တစ်ချို့ဒေသ တွေကတော့ နှစ်ဆယ်ဝန်းကျင်ပဲကုန်တယ်။ ကုန်ကျစရိတ် ကြောင့် အဖွဲ့ချုပ်က ပြောတာတွေတော့မရှိသေးဘူး။ တင်လည်းမတင်ရသေးတာပါ မယ်”ဟု ဦးဟိုပင်က BNIရွေးကောက်ပွဲ သတင်းခန်းကို ပြောသည်။

အလားတူ မွန်ပြည်နယ်တွင် မဲဆွယ်စည်းရုံးရာ၌ ကုန်ကျငွေများကို တွက်ချက်တုန်းသာရှိပြီး တင်ပြမှု မရှိသေးကြောင်းနှင့် မဲဆွယ်ရာမှာ မွန်ပြည်နယ်မှ ကိုယ်စားလှယ်လောင်းများကုန်ကျစရိတ်မှာ ခန့်မှန်း သိန်းတစ်ရာ ကျော်လွန်ခြင်း မရှိကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုုပ်ပါတီမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအေးမင်းဟန်ထံမှ သတင်းရရှိသည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...