မွန်ပြည်နယ်၌ အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်လောင်းတွင် တိုင်းရင်းသားပါတီမှ မပါဝင်

မွန်ပြည်နယ်၌ အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်လောင်းတွင် တိုင်းရင်းသားပါတီမှ မပါဝင်
ခိုင်နွယ်ဦး — မွန်ပြည်နယ်ရှိ အမျိုးသမီး ကိုယ်စားလှယ်လောင်း အနိုင်ရရှိမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှသာ အများဆုံးအနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားပါတီများထဲမှ အမျိုးသမီးကိုယ်စားလှယ်များ မပါဝင်ကြောင်း မွန်ပြည်နယ်စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးမိုက်ကယ်က BNIရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

“မွန်တိုင်းရင်းသားပါတီက သုံးခုရှိတယ် အဲဒီ့အထဲက အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ယောက်မှ ပါဝင်တာကိုမတွေ့ဘူး။ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီထဲကပဲ တိုင်းရင်းသားအရေးကို ဆောင်ရွက်နိုင်မယ် ထင်တဲ့အတွက် သူတို့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ စောင့်ကြည့်ရအုံးမယ်”ဟု ဦးမိုက်ကယ်က ရှင်းပြသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း အဖြစ် ၁၁ဦး အနိုင်ရရှိခဲ့ပြီး အဆိုပါ ဒေသရှိ အမျိုးသမီးထု အရေးကိစ္စများဆောင်ရွက်ရန် အရေအတွက် လုံလောက်မှု ရှိကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးအေးမင်းဟန်ထံမှ သတင်းရရှိသည်။

မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မွန်တိုင်းရင်းသားများ ပါဝင်သည့် ပါတီ (၃)ခုရှိပြီး အဆိုပါပါတီ (၃)ခုမှာ မွန်အမျိုးသားပါတီ၊ အမျိုးသမီးပါတီ(မွန်)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ဖြစ်သည်။

တိုင်းရင်းသားများအရေးကို လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားကိုယ်စားပြု ပါတီများမှသာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အမျိုးသမီးပါတီမွန်မှ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မိသန်းရှင်ထံမှသတင်းရရှိသည်။

“မွန်တိုင်းရင်းသားတွေက မွန်ကိုယ်စားလှယ်တွေ ထွက်မလာတာကိုတော့ စိတ်မကောင်းဘူး။ အနိုင်ရသွား တဲ့အထဲမှာ မွန်တိုင်းရင်းသားဆိုပြီး ပါသွားပေမဲ့ တကယ် တိုင်းရင်းသားကို ကိုယ်စားပြုမယ်လို့ အာမမခံနိုင်ဘူး”ဟု မိသန်းရှင်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်တစ်ခုလုံး၌ လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၅)နေရာ၌ အမျိုးသမီး ကိုယ်စားလှယ် (၁၁)နေရာ အနိုင်ရရှိခဲ့သည်။ အမျိုးသမီးကိုယ်စားလှယ်အနေဖြင့် ၂၅ရာခိုင်နှုန်း ပါဝင်သောကြောင့် မွန်အမျိုးသမီး အခန်းဏဏ္ဍအတွက် တိုးတက်အောင် ဖော်ဆောင်နိုင်ရန် လုံလောက်သော အရေအတွက် ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများနှင့် သတင်းမီဒီယာများ တိုက်ရိုက်ဆက်သွယ် အင်တာဗျူးခြင်း ဖြေကြားခြင်းများကို ရွေးကောက်ပွဲ ပြီးစဉ်ကာလနောက်ပိုင်းမှ စ၍ ပိတ်ပင်ထားကြောင်း မွန်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးအေးမင်းဟန် ထံမှ သတင်းရရှိသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...