တနင်္သာရီတိုင်းအတွင်းဖွံ့ဖြိုးရေးများကို NLD နှင့်ပူးတွဲလုပ်ဆောင်မည်

တနင်္သာရီတိုင်းအတွင်းဖွံ့ဖြိုးရေးများကို NLD နှင့်ပူးတွဲလုပ်ဆောင်မည်
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး  —  တနင်္သာရီတစ်တိုင်းလုံးတွင် အနိုင်ရရှိသွားသော NLDပါတီနှင့် ပူးပေါင်းကာ ဒေသတွင်း ဖွံဖြိုးတိုးတက် ရေးများ ညှိနှိုင်းလုပ်ဆောင် သွားရန်ရှိကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဌ ဦးအေးမင်းထံမှ သတင်းရရှိပါသည်။

"ဒေသခံတွေအနေနဲ့ တိုင်းရင်းသားပါတီကို ထောက်ခံဖို့ထက် ၁၉၉၀တုန်းကလို စစ်အာဏာရှင်စနစ်ကို တော်လှန်နိုင်ဖို့ကိုပိုပြီး အရေးပေးခဲ့ကျတယ်လို့ မြင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသား တွေက ပိုခံစားခဲ့ရတယ်လေ။ ဒီဟာက အရေးကြီးနေတာကိုး"ဟု ယခုရွေးကောက်ပွဲ ရလဒ်အပေါ် ဦးအေးမင်းက သုံးသပ်ပြောသည်။

ထားဝယ်တိုင်းရင်းသားများပါတီ အနေဖြင့် ၂၀၁၅ရွေးကောက်ပွဲတွင် ဒေသတွင်း လိုအပ်သော စီးပွားရေးနှင့် ဖွံဖြိုးတိုးတက်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၅ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သော်လည်း အင်အားကြီးပါတီနှစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင် စုကြံခိုင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးပါတီတို့ အင်အားပြိုင်ခဲ့ရာမှ တိုင်းရင်းသားပါတီ အနေနှင့် ရှုံးနိမ့်ခဲ့ ရခြင်း ဖြစ်ကြောင်း ဦးအေးမင်းကရှင်းပြသည်။

“ ပါတီက တိုင်းရင်းသားပါတီအနေနဲ့ တနင်္သာရီအခြေစိုက် ကျွန်တော်တို့ပါတီပဲရှိတယ်။ ဒါပေမဲ့ အခုလိုရှုံးနိမ့် ခဲ့တဲ့အတွက် လာမဲ့ရွေးကောက်ပွဲမှာတော့ အဖွဲ့ဝင်အင်အားတိုးအောင်နဲ့ ပါတီရည်ရွယ် ချက်တွေ အတိုင်းရအောင် ဖော်ဆောင်သွားဖို့ ဆက်လုပ်သွားမယ်လို့” ဦးအေးမင်းကပြောသည်။

တိုင်းရင်းသားပါတီကို မထောက်ခံခဲ့ခြင်းအပေါ် ဒေသခံတစ်ဦး ဖြစ်သည့် ကိုသီတာစိုးမှ “ တိုင်းရင်းသား ပါတီတွေကို ယုံကြည်တယ်ဆိုပေမဲ့ လူတွေကအခု နာမည်ကြီးနေတဲ့ပါတီကို ထောက်ခံခဲ့ကြ တာများတယ်။ သူတို့အနေနဲ့ မဲဆွယ်ရာမှာလည်း ရှိုးပွဲအကြီးကြီး တွေလို လုပ်ခဲ့ကျတယ်။ အဲဒီတော့ ဒေသခံတွေက ပိုပြီးစိတ်ဝင်စားသွားကျတာပါ"ဟု BNI ရွေးကောက်ပဲဲဲွ သတင်းခန်းသို့ ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း UEC ကနိုဝင်ဘာ ၁၅ရက်က ထုတ်ပြန်ကြေငြာချက်အရ အနိုင်ရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များစာရင်းမှာ တနင်္သာရီ ရေဖြူ ၁ NLD ၁၇၈၄၂၊ တနင်္သာရီ ရေဖြူ၁ NLD ၁၇၈၄၂ နှင့် အနိုင်ရ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အတွက် တနင်္သာရီ ရေဖြူ ၁ NLD၁၇၈၄၂၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲရလဒ်တွင် တနင်္သာရီ ကျွန်းစု NLD၄၅၃၁၄၊ တနင်္သာရီ ဘုတ်ပြင်း NLD ၁၈၃၇၅၊ တိုင်း/ပြည်နယ် လွှတ််တော်မဲရလဒ်တွင် တနင်္သာရီ တနင်္သာရီ ၁ NLD ၁၆၅၁၈၊ တနင်္သာရီ တနင်္သာရီ ၂ NLD ၁၈၀၈၇၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲရလဒ် တွင်တနင်္သာရီအမှတ် ရ NLD    ၂၂၃၁၇၊ တနင်္သာရီအမှတ် ၈   NLD ၂၃၇၇၁၊ တနင်္သာရီအမှတ် ၁၀ NLD ၃၂၀၈၃၊ တနင်္သာရီအမှတ် ၁၁ NLD ၂၈၂၆၄၊ တနင်္သာရီ ရေဖြူ (NLD) ၃၁၂၁၆၊ တနင်္သာရီ ကော့သောင်း (NLD) ၃၀၉၇၈ တို့ဖြစ်သည်။

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...