စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာ NLD ကိုယ်စားလှယ်လောင်း အနိုင်ရ

စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာ NLD ကိုယ်စားလှယ်လောင်း အနိုင်ရ
by -
မုုိးကျော်
မုုိးကျော် — စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိူးစုရေးရာဝန်ကြီးနေရာကို အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးလာလ်ထောင်ထန်က ပြိုင်ဘက် ကိုယ်စားလှယ်လောင် ၆ ဦးကို မဲအပြတ်အသတ် ဖြင့် အနိုင်ရရှိ သွားဖြစ်သည်။

ပူးလာလ်ထောင်ထန်သည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းအနက် မဲအများဆုံးရရှိသော လက်ရှိချင်းရေးရာ ၀န်ကြီး ချင်းတိုးတက်ရေး ပါတီဥက္ကဌ ပူးနိုထန်ကပ်ကို မဲပေါင်း တစ်သောင်းခွဲကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ ဦးလာလ်ထောင်ထန်သည် ဆန္ဒမဲ စုစုပေါင်း ၂၆၅၄၉ ရရှိပြီး ပူးနိုးထန်ကပ်မှာ ဆန္ဒမဲ ၁၀၉၂၉ ရရှိသည်ဟု သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပသော ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး နေရာအတွက် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ ဦးလာလ်ထောင်ထန်၊ ချင်းတိုးတက်ရေးပါတီမှ ပူးနိုးထန်ကပ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ၊ ဦးခွထီယိုး၊ ချင်းအမျိူးသားဒီမိုကရက် တစ်ပါတီမှ ဒေါက်တာကမ်ကျင်ဒါးလ်၊ ချင်းဒီမို ကရေစီအဖွဲ့ချူပ်ပါတီမှ ဦးလျန်နောင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီမှ ဦးအင်ခန့်ဂို၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတောင်ဇပေါင် စုစုပေါင်း ကိုယ်စားလှယ်လောင်း (၇) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရွေးကောက်ပွဲမဲရလဒ်အခြေအနေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ကြေညာတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ NLD က မဲဆန္ဒနယ်မြေ အားလုံးတွင် အနိုင်ရရှိ သည်။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...