ရေးမြို့နယ်တွင် မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦး အနိုင်ရ

ရေးမြို့နယ်တွင် မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦး အနိုင်ရ
အိုက်စိုင်း — နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ရေးမြို့နယ် မဲဆန္ဒနယ်၌ ဝင်ရောက် အရွေးချယ်ခံခဲ့ကြသော မွန်အမျိုးသားပါတီ(MNP)မှ ဒေါက်တာမင်းစိုးလင်း နှင့်  နိုင်သီဟတို့ နှစ်ဦး သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အရွေးချယ် ခံခဲ့ကြရကြောင်း သတင်းရသည်။

SL THရေးမြို့နယ်ရှိ  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် မွန်အမျိုးသားပါတီ(MNP)မှ ဒေါက်တာမင်းစိုးလင်းက ၁၂၉၄၄ မဲဖြစ် တခြားသော ပြိုင်ဘက် ပါတီများကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာမင်းစိုးလင်း ယှဉ်ပြိုင်ခဲ့ရသော ပါတီများမှ ကိုယ်စားလှယ်များကတော့ ၊ ဒေါ်နော်နု နုဝါ (NLD)မှ ၁၀၁၉၉ မဲ၊ (AMDP)မှ ဦးနိုင်စခေါင်မွန်က ၅၆၅၆မဲ၊(USDP)မှ ဦးအောင်စိုးနိုင်က ၅၆၄၁ မဲ၊တို့ အသီးသီး ရရှိခဲ့ကြသည်။

“ ရွေးကောက်ပွဲ မစခင်က ပြောခဲ့သလုုိပဲ မွန်ပြည်နယ်နဲ့ မွန်လူမျိူးတွေရဲ့ လူနေမှုဘဝ တုုိးတက်လာအောင် လုုပ်ကုုိင် ဆောင်ရွက်ပေး သွားမှာပါ ” ဟုု မွန်အမျိူးသားပါတီမှ ဒေါက်တာမင်းစုုိးလင်းက ပြောသည်။ အလားတူ မွန်အမျိူးသားပါတီမှ ဦးနုုိင်သီဟက လည်း အမျိူးသားလွှတ်တော် မဲဆန္ဒနယ် (၂)တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ မဲအရေအတွက် ၁၀၈၃၂ မဲဖြင့် အနုုိင်ရခဲ့ကြောင်း ရေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးက ပြောသည်။

မွန်အမျိုးသားပါတီမှ ဦးနိုင်သီဟက ၁၀၈၃၂ မဲ၊တခြားသော ပြိုင်ဘက်ပါတီများမှ ကိုယ်စားလှယ်လောင်းများ
ဖြစ်ကြသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှဦးနိုင်အောင်ဘက ရ၂၉၃ မဲ၊ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ မျိုးချစ်က ၅၄၀၉ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးမြသောင်း(ခ)ဦးဗိုလ်သောင်းက ၁၀၃၉၇ မဲ၊တို့ အသီးသီး ရရှိခဲ့ကြကြောင်း ရေးမြို့နယ်ရွေးကောက်ပွဲကော်မ ရှင် အဖွဲ့ခွဲရုံးမှ ပြောသည်။

မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သော မြို့ နယ်များအားလုံးမှာ ကိုယ်စားလှယ်လောင်း စုစုပေါင်း၅၃ ဦးဖြင့် လွှတ်တော် အသီးသီးမှာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့သည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...