မဲစာရင်းစာရွက်များ ဆုုတ်ဖြဲမှုဖြစ်ပွား

မဲစာရင်းစာရွက်များ ဆုုတ်ဖြဲမှုဖြစ်ပွား
by -
ခုုိင်နွယ်ဦး
ခုုိင်နွယ်ဦး — မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ မဲရုံအမှတ်(၁၆)တွင် မဲရုံမှုးမသိရှိရဘဲ ထွေအုပ်ရင်ထိုးပါ လူတစ်ဦးမှ မဲရုံတွင်း ဝင်ရောက်၍ မဲစာရင်း စာရွက်များကို ဆုတ်ဖြဲသွားသည်ဟု တနင်္သာရီတိုင်းဒေသကြီး လူငယ်များအဖွဲ့မှ မြိတ်မြို့နယ် တာဝန်ခံ ကိုရဲထက်အောင်ထံမှ သတင်းရရှိပါသည်

“မဲရုံမှုးကိုမေးတော့ သူမသိလိုက်ချိန်မှာ ဝင်လာပြီး ဒီလူတွေမဲပေးခွင့်မရှိဘူးလို့ပြောပြီး မဲစာရင်းစာအုပ်ထဲက စာရွက်တချို့ကို ဆုတ်ဖြဲသွားတယ်ဆိုပီးပဲ ပြောတယ် သူဖြဲသွားတဲ့အထဲမှာ လူဦးရေ ဘယ်လောက် ပါသွားတယ်ဆိုတာ မသိရဘူး”ဟု ကိုရဲထက်အောင်ကပြောသည်

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ မဲရုံမှုးမှ မသိရှိလိုက်ရသောကြောင့် ဆုတ်ဖြဲ မဲစာရင်းတွင် ပါသွားသော မဲပေးခွင့်ရှိသူ လူဦးရေများအတွက် မဲပေးခွင့်ရရန် တစ်စုံတစ်ရာ ပြင်ဆင်ဆောင်ရွက်ပေးသွားမည် မရှိသေးကြောင်း ပြောကြားခဲ့သည်ကို ကိုရဲထက်အောင်မှ BNIရွေးကောက်ပွဲဆိုင်ရာ သတင်းခန်းသို့ ပြောသည်

“ပထမမဲစာရင်းမှာပါတယ်ဆိုပြီး လာပေးကျသူတစ်ချို့တော့ ရှိတယ် ဒီရောက်မှ စာရင်းထဲမပါတော့လို့ မဲပေးခွင့်မရှိဘူးဆိုပြီး ပြန်သွားရတဲ့လူတွေ တွေ့ရတယ် သူတို့တွေအနေနဲ့ မဲပေးဖို့မရတော့လဲ ဒီတိုင်းပြန်သွားကျတယ်”ဟု အဆိုပါမဲရုံတွင် စောင့်ကြည့်နေချိန်အတွင်း ဖြစ်စဉ်နှင့် ပက်သက်၍ ကိုရဲထက်အောင်က ရှင်းပြသည်

အဆိုပါ မြိတ်တောင်ကျေးရွာ မဲရုံ(၁၆)တွင် မဲပေးခွင့်ရှိသူဦးရေ ၁၃၈၅ဦးရှိပြီး လက်ရှိချိန်ထိ ခုနှစ်ရာကျော်သာ မဲပေးပြီးဖြစ်ကာ ကျန်မဲဆန္ဒရှင်များအနေဖြင့် မဲပေးနိုင်ခွင့်ကို စောင့်စားလျှက် ရှိကြောင်း သတင်းရရှိပါသည်

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...