ထားဝယ်မြို့နယ်၌ မဲပေးသူများ အဆင်ပြေလျက်ရှိသော်လည်း အချိန်မလောက် မှာကိုစိုးရိမ်

ထားဝယ်မြို့နယ်၌ မဲပေးသူများ အဆင်ပြေလျက်ရှိသော်လည်း အချိန်မလောက် မှာကိုစိုးရိမ်
by -
ခိုင်နွယ်ဦး
ခိုင်နွယ်ဦး — တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၌ မဲဆန္ဒရှင်များပြားသော်လည်း စနစ်တကျတန်းစီသူများနှင့် ရပ်/ကျေးကော်မရှင်မှ လုပ်ငန်းကြန့်ကြာမှု မရှိသောကြောင့် မဲပေးရာတွင် အဆင်ပြေလျှက်ရှိကြောင်း အဆိုပါဒေသရှိ ရွေးကောက်ပွဲအတွင်းရောက်ရှိနေသော အကြီးတန်းသတင်းထောက်တစ်ဦးထံမှ သတင်းရရှိသည်။

“မနက်စောစောကတော့ မဲပေးရာမှာ စောင့်ရတာကြာတယ်။ အခုရှစ်နာရီနောက်ပိုင်းတော့ သူတို့ဘက်က အလုပ်လုပ်တာလဲ မြန်လာ တဲ့အတွက် ပြသနာတစ်စုံတစ်ရာတော့ မရှိသေးပါဘူး”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထားဝယ်မြို့နယ်တွင် မဲပေးသူဦးရေနှင့် မဲရုံအရေအတွက် မျှတသောကြောင့် မဲပေးနိုင်မည့်သူများ အဆင်ပြေလျှက်ရှိပြီး မနက်ပိုင်း မဲရုံစဖွင့်ချိန်တွင် လုပ်ငန်းစဉ် ကြန့်ကြာမှုများကြောင့် နာရီဝက်တွင် လူဦးရေ၂၄ယောက်အထိသာ မဲပေးနိုင်သော်လည်း ရှစ်နာရီမှစတင်ကာ လုပ်ငန်းစဉ် မြန်ဆန်လာသောကြောင့် နာရီဝက်အတွင်း လူဦးရေ ၃၉ယောက်အထိ မဲပေးလာနိုင်သောကြောင့် အဆင်ပြေလျှက်ရှိကြောင်း သတင်းရရှိသည်။

“ထားဝယ်က မဲရုံတွေပေါတယ် ဒါပေမဲ့ လူသုံးထောင့်နှစ်ရာကျော် မဲပေးဖို့ စီစဉ်ထားတဲ့ မြို့ပေါ်က ဆန်းချီမဲရုံမှာကတော့ ဒီနှုန်းတိုင်းဆိုရင် အချိန် အခက်အခဲရှိနိုင်တယ်”ဟု အကြီးတန်းသတင်းထောက် တစ်ဦးကပြောသည်။

ထားဝယ်မြို့နယ်၌ မဲရုံပေါင်း ၈၇ရုံရှိပြီး မဲပေးနိုင်သူဦးရေမှာ မဲရုံတစ်ရုံတွင် အနည်းဆုံး ၄၇ဦးမှ စတင်ကာ အများဆုံး ၃၂၀၂ဦး အထိမဲပေးနိုင်ခွင့်ရှိကြောင်း သတင်းရရှိသည််။

Most read this week

January 15, 2016
“သင်တန်းတွေ တက်ရတဲ့အခါ ကိုယ်လိုချင်တာကို တောင်းဆိုဖို့နဲ့ ဌာနချုပ်က သဘောထားတွေကို တီးခေါက်...
December 18, 2015
အဆိုပါ သင်တန်းအား ပါတီမှ အနိုင်ရကိုယ်စားလှယ်လောင်းများကို အသုတ် (၅)သုတ်ခွဲ၍ သင်တန်းပေးခြင်း...
December 15, 2015
“ကိုယ်စားလှယ်လောင်း အားလုံးတင်ဖြစ်တယ် ပြသနာတော့ မရှိသေးဘူး သူတို့တွေရဲ့ တင်ပြချက်တွေ အပေါ်...
December 14, 2015
မေး။  ။ ၂၀၁၆မှာ နိုင်ငံရေးအပြောင်းအလဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာသုံး သပ်ပေးပါ။ဖြေ။...