ချောင်းဆုုံတွင် နုုိ၀င်ဘာ ၄ရက်အထိ ကြိုတင်မဲပေးသူ သုုံးရာကျော်

ချောင်းဆုုံတွင် နုုိ၀င်ဘာ ၄ရက်အထိ ကြိုတင်မဲပေးသူ သုုံးရာကျော်
အိုက်စိုင်း — မွန်ပြည်နယ် ချောင်းဆုုံတွင် နုုိ၀င်ဘာ ၄ရက်နေ့အထိ ကြိုတင်မဲ လာရောက်ပေးသူ ၃၀၀ကျော်ရှိကြောင်း ချောင်းဆုုံ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးမှ သတင်းရသည်။ မဲပေးခွင့်ရှိသူများသည် အောက်တုုိဘာ ၂၉ ရက်မှ စတင်ကာ ကြိုတင်မဲပေးခွင့်ရှိသဖြင့် ယခုုလုုိ လာရောက်ပေး ခဲ့ခြင်းဖြစ်သည်။

“ ဦးတိုု့ဆီမှာ အောက်တုုိဘာ ၂၉  ရက်ကနေ နုုိ၀င်ဘာ ၄ရက်နေ့အထိ ကြိုတင်မဲပေးတဲ့ စာရင်းပဲ ရောက်သေးတယ်။ အဲဒီစာရင်းကတော့ ကြိုတင်မဲ ပေးသူ ၃၃၈ ဦးရှိတယ်။ ကျန်စာရင်းတွေကတော့ အခုုမှ လိုုက်ကောက်နေတုုန်းပဲ မရောက်သေးဘူး ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေကနေ။ နိုုင်ငံခြားက ကြိုတင်မဲ တွေလည်း ရောက်နေပါပြီ။ ဒါပေမဲ့ မရေရာသေးဘူး။ အကုုန်လုုံး စာရင်းကုုိ နုုိ၀င်ဘာ ရ ရက်နေ့ ညနေပုုိင်းလောက်ဆုုိရင် သိရပါပြီ။ အဲဒီကျရင်တော့ အသေးစိတ်ပြောပြပါမယ် ” ဟုုချောင်းဆုုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံး ဥက္ကဌ ဦးထွန်းရီက ပြောသည်။

ချောင်းဆုုံမြို့နယ်တွင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂) နှစ်ခုုရှိသည့်အနက် အမှတ်(၁) မဲဆန္ဒနယ်ရှိ မဲဆန္ဒရှင် ၁၀၈ ဦးသည် အောက်တုုိဘာ ၂၉ ရက်နေ့မှ နုုိ၀င်ဘာ ၄ရက်နေ့အထိ ကြိုတင်မဲများ လာရောက် မဲပေးကြသည်။ အဆုုိပါအထဲတွင် ဗမာတုုိင်းရင်းသား ကျား ၁ဦးနှင့် မ ၆ဦးတုုိ့လည်း ပါ၀င်ကြောင်း ချောင်းဆုုံ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးက ဆုုိသည်။    

မဲဆန္ဒရှင် အမှတ် (၂) တွင် မဲဆန္ဒရှင် ၂၃၃ဦးကလည်း အောက်တုုိဘာ ၂၉ ရက်မှ နုုိ၀င်ဘာ လေးရက်နေ့အထိ ကြိုတင်မဲ လာရောက် ပေးခဲ့ကြသည်။

ထုုိအထဲတွင် ဗမာတုုိင်းရင်းသား ကျား ၂၂ဦးနှင့် မ ၂၂ဦးတုုိ့လည်း ပါ၀င်ကြောင်း ချောင်းဆုုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုုံးက ပြောသည်။

အဆိုပါ ကြိုတင်မဲများသည် တပ်မတော်သား၊သားဖွားမီးရပ် သင်တန်းတက်ရောက်ရန် ခရီးထွက်ခွာ သွားကြသည့် ဆေးရုံဝန် ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ပရောက် မဲဆန္ဒရှင်များ၊ ရွေ့ပြောင်း အခြေချ ဗမာတုုိင်းရင်းသား လူမျိူးများ စသည့် မဲဆန္ဒရှင်များမှ မဲပေးလည်သည့် ကြိုတင်မဲများ ဖြစ်ကြောင်း ချောင်းဆုုံုုမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုုံးက ဆုုိသည်။

ချောင်းဆုံမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စု ရှိပြီး ရပ်ကွက်ကြီး ၃ ရပ်ကွက်လည်းရှိသည့်အတွက် မဲရုံ ၆၂ ရုံ နိုဝင်ဘာ ၈ ရက်နေ့တွင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း လက်ရှိမှာတော့ ချောင်းဆုံမြို့နယ်တွင် ပုံစံ (၃-က) မပါဘဲ မဲပေးခွင့်ရှိသူ ၁၂၃၇၈၈ ဦးရှိကြောင်း ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ပြော သည်။

သို့သော် အောက်တိုဘာ ၁၀ ရက်နေ့က  နောက်ဆုံးထား လျှောက်ထားလာသော  ပုံစံ(၃-က) ဖြင့်လျှောက်ထားသူ ရ၁၉ ဦးလည်း မဲပေးခွင့်ရရှိထားကြောင်းသိရသည်။

Most read this week

November 30, 2015
“အန်တီစုနဲ့တွေ့ဆုံစဉ်က ညွှန်ကြားချက်အနေနဲ့ ပြောတာတော့မဟုတ်ဘူး ပြည်သူတွေ မလုပ်နိုင်တဲ့ဟာကို...
November 27, 2015
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်...
November 27, 2015
အထက်ပါ ဖြစ်ရပ်ကြောင့် မိမိတို့အား မဲပေးမည့် မဲဆန္ဒရှင် ထောင်ချီ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်ဟု...
November 23, 2015
မုဒုံမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၆၅၃၇၆)ဦးရှိသည့်အနက်  ဆန္ဒမဲလာရောက်ပေးသူ(၇၆၈၃၆)ဦး...