ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ကျိုက်ထိုတော်လှန်ရေးအဖွဲ့ (Photo Credit - Myanmar Now)
ကျိုက်ထိုတော်လှန်ရေးအဖွဲ့ (Photo Credit - Myanmar Now)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့ဘက်ကို မောင်းလာသည့် စစ်ကား ၄ စီးပါယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားတစ်စီး ပျက်စီးပြီး စစ်ကောင်းစီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်သည်ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီထံမှ သိရသည်။

“မနေ့ မနက် ၇ နာရီလောက်မှာ စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့ဘက်ကို မောင်းလာတဲ့ စစ်ကား ၄ စီးပါ ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကားတစ်စီး ထိမှန်ပျက်ဆီးခဲ့တယ်။ စစ်ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း

ထိခိုက်သေဆုံးနိုင်ပါတယ်” ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဝင်တစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းသည် KNU တပ်မဟာ ၅ သို့မဟုတ် တပ်မဟာ ၆ ဘက်ကို စစ်ကူပေးရန်လာသည့် ယာဉ်တန်းဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြသည်ဟု ဒေသခံတို့က ပြောသည်။

ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စစ်ကောင်စီယာဉ်တန်း မကြာခဏတိုက်ခိုက်ခံနေရသည့် နေရာဖြစ်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

September 10, 2024
မွန်ပြည်နယ်အတွင်း လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်ရှိ...
September 9, 2024
စစ်ကောင်စီ ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် မြို့ပေါ်နှင့် ၎င်းတို့...
September 7, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန်...
September 6, 2024
ပြည့်သူ့လုံခြုံရေး၊ စစ်မှုထမ်းသင်တန်းဆင်းများနှင့် အငြိမ်းစားစစ်မှုထမ်းဟောင်းများကို...