အာဏာသိမ်းပြီးနောက် ချင်းပြည်မှာ တိုက်ပွဲ ၆၀၀ နီးပါးဖြစ်ပွား၊ အိမ်ခြေ ၁,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ

အာဏာသိမ်းပြီးနောက် ချင်းပြည်မှာ တိုက်ပွဲ ၆၀၀ နီးပါးဖြစ်ပွား၊ အိမ်ခြေ ၁,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ

- ဒီဇင်ဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ္စမတ်ပွဲတော်ကို ချင်းပြည်နယ်မှာ အရင်နှစ်တွေလို စည်ကားသိုက်မြိုက်စွာ မကျင်းပဘဲ  အကျဉ်းချုံးသဘောလောက်သာ ဆင်နွှဲခဲ့ကြပါတယ်။

- စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးထားတဲ့ ချင်းနဲ့ကချင်နှစ်ခြင်းအသင်းတော်က ခရစ်ယာန်သာသနာ့ဝန်ဆောင် သိက္ခာတော်ရဆရာတော်နှစ်ပါးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က တောင်းဆိုလိုက်ပါတယ်။

- မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း အကြိမ် ၆၀၀ နီးပါးဖြစ်ပွားပြီး လူနေအိမ်ခြေတစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရတဲ့အပြင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းသုံးသောင်းကျော်အထိရှိတယ်လို့ မြန်မာ့နိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေကို စဉ်ဆက်မပြတ် အကဲခတ်လေ့လာနေတဲ့ Institute for Strategy Policy- Myanmar (ISP-Myanmar) အဖွဲ့က ပြောဆိုလိုက်ပါတယ်။

Most read this week

January 27, 2025
- ကချင်ပြည် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော်-KIA က...
January 27, 2025
- “ရာမညပူးတွဲစစ်ကြောင်း” နဲ့ မွန်ဒေသအတွင်း စစ်ဆင်ရေး ပြုလုပ်သွားမယ်လို့ မွန်တပ်ဖွဲ့ ၄ ဖွဲ့က...
January 26, 2025
- စစ်တွေမြို့ပြင်မှာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်တွေလေယာဉ်ကွင်းကို စစ်ကောင်စီက...
January 25, 2025
- အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးရဲ့ တိုက်တွန်းချက်ကို...