Published
Wednesday, April 09, 2025
အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်း ၃၀% ကို အာမခံချက်ပေးဖို့လို
- အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုနှုန်း ၃၀ ရာခိုင်နှုန်းကို အာမခံချက်ပေးဖို့ လိုတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့ နှစ် ၄၀ ပြည့်နေ့မှာ ကရင်အမျိုးသမီးခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
− စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာဟာကမ္ဘာမှာ မြေမြှုပ်မိုင်းအန္တရာယ်အများဆုံး နိုင်ငံတစ်ခုအဖြစ်ကို ရောက်ရှိနေပြီး မိုင်းအသိပညာပေးလုပ်ငန်းတွေ တိုးမြင့်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
− လက်ရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး သေဆုံးသူတွေပါ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။