Published
Monday, April 14, 2025
စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့ကို ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်
- စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့ကို ကျောင်းသားတပ်မတော် ABSDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပါတယ်။
- ဖလမ်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ချင်းပြည်အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ချင်းညီနောင်အဖွဲ့(CB)က ပြောဆိုလိုက်ပါတယ်။
- ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတုအထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံတစ်နေရာမှာရှိတဲ့ ကယန်းကျေးရွာတစ်ရွာမှာ ကျင်းပခဲ့ပါတယ်။