အရာတော်မြို့နယ် ဝါးရောင်းကျေးရွာမှ ဒေသခံပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

အရာတော်မြို့နယ် ဝါးရောင်းကျေးရွာမှ ဒေသခံပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တောင်ဘက် ခြောက်မိုင်ခန့် အကွာရှိ ဝါးရောင်းကျေးရွာတွင် နေထိုင်သူ ပြည်သူ ငါးဦးအား ဒီဇင်ဘာလ ၁၁ ရက်တွင် စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူတစ်ဦးမှ မဇ္ဈိမအား ယခုလို ပြောသည်။

'' စစ်ကောင်စီအင်အား အတိအကျတော့မသိဘူး ၄၀ ကျော် ၅၀ လောက်တော့ရှိမယ်။ စခ(စကစတပ်သား)တွေက နံနက် ၅ နာရီခွဲ ဝန်းကျင်လောက်မှာ ရွာရဲ့တောခြေပိုင်းကနေ ဝင်လာတယ်။ အဲ့ကနေ ပြည်သူ ခုနစ်ယောက် ဖမ်းဆီးပြီး နှစ်ယောက်ကို တောခြေမှာ သတ်သွားတယ်။ နှစ်ယောက်ကတော့ ထိုးကြိတ်ရိုက်နှက်ပြီး ဘုန်းကြီးကျောင်းထဲမှာ လွှတ်ထားခဲ့တယ်။ ကျန်တဲ့ သုံးယောက်ကိုတော့ ဖမ်းဆီးပြီး ညနေပိုင်းလောက်မှ ရွာကနေ ပြန်ထွက်သွားတယ် '' ဟု အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်က ဆိုသည်။

၎င်းဖြစ်စဥ်တွင် ကိုဇော်မျိုး(ခ) ညိုလုံး အသက် (၂၄) နှစ်နှင့် ကိုအောင်မင်းတာ(ခ) အောင်မေတ္တာ အသက်(၃၉) နှစ်တို့သည် Local PDF များဖြစ်ပြီး ရွာ၏တောခြေပိုင်းတွင် သတ်ပစ်ထားခဲ့ကာ အသက်(၄၀) ကျော် နှင့် (၆၀) ကျော်အရွယ် နှစ်ဦးအား ရွာ၏ ဘုန်းကြီးကျောင်းထဲတွင် ဒဏ်ရာတွေနှင့် ထားရှိခဲ့ပြီး ပြည်သူ သုံးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသောသူ နှစ်ဦးတို့အား ကျောက်ပြောက်ရွာအနီးတွင် လည်လှီးသတ်ထားခဲ့ကြောင်းလည်း သိရှိရသည်။

အရာတော်မြို့နယ်၊ ဝါးရောင်းကျေးရွာအား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်များ ဝင်ရောက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး တောနေပြည်သူပိုင် အိမ် ခုနစ်လုံး ( တစ်လုံးသည် Non CDM အိမ်ဖြစ်သည်)ကို မီးရှို့ထားခဲ့ကြောင်းလည်း သိရှိရသည်။ အောက်တိုဘာလ ၂၈နေ့တွင်လည်း ပထမအကြိမ် ဝင်ရောက်ကာ နေအိမ် ကိုးလုံးကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း ထပ်မံသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...