Published
Friday, November 22, 2024
ဟားခါးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၄ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံး
- ချင်းပြည်နယ် ဟားခါးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၄ လတာတိုက်ပွဲအတွင်း စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးခဲ့တယ်လို့ CDF-Hakha က ထုတ်ပြန်လိုက်ပါတယ်။
- ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်တပ်တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန် က ပြောပါတယ်။
- ချင်းညီနောင်ရဲ့ မြို့သိမ်းစစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နဲ့ Generation Z Army(GZA)တို့လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။