ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော်တစ်ပါးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်

ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော်တစ်ပါးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ကျော် ချမှတ်

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်စက်တင်ဘာလ ၁၆ ရက်နေ့က မန္တလေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်ဟု ဆရာတော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“၅၀၅ (က) ရယ် ၄၉ (က) ရယ် ပုဒ်မနှစ်ခုနဲ့စွဲထားတာ။ ၅၀၅(က) က ဒီနှစ် ဇွန်လ ၁၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချထားတာ။ ၄၉ (က) က မနေ့ကမှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချထားတာ၊ နှစ်ခုပေါင်းရင်တော့ ၂၃ နှစ်ဖြစ်သွားတယ်" ဟု ဆရာတော်၏ မိသားစုဝင်ကပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိသည့် သိက္ခာတော်ရ ဆရာသျှန်းလျှန်ဆန်းသည် ခရစ်ယာန်ဘာသာဝင် သင်းအုပ်ဆရာတော်များ၏ သိက္ခာတော်နှင့်အညီ နိုင်ငံရေးလှုပ်ရှားမှုမျာတွင် ပါဝင်ပက်သက်ခြင်းရှိသူ မဟုတ်သည့်အပြင် ဓမ္မအမှုကို အေးချမ်းစွာ ဆောင်ရွက်နေသူဖြစ်ပြီး တောင်ပေါ်ဒေသများတွင် ဆင်းရဲနွမ်းပါးသူများကိုလည်း ကျန်းမာရေး ကူညီထောက်ပံ့ပေးနေသူဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က သိက္ခာတော်ရ ဆရာတော်ကို မန္တလေးမြို့ ၇၉ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြားရှိနေအိမ်သို့ စစ်ကောင်စီလက်အောက်ခံများ အရပ်ဝတ်နှင့် လက်နက်အပြည့်အစုံဖြင့် ရောက်လာပြီး မေးမြန်းစရာရှိသူဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆရာတော်၏ နေအိမ်အတွင်းမှ ငွေသား ကျပ်သိန်း ၄၀ ကိုလည်း စစ်ကောင်စီ လက်အောက်ခံများက ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ဆရာတော်ကို ယခုလက်ရှိတွင် မန္တလေးမြို့ အိုးဘိုထောင်တွင် ထိန်းသိမ်းထားကာ ယမန်နေ့က မိသားစုနှင့် ခဏတွေ့ခွင့်ရခဲ့ပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 12, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...