စစ်ကောင်စီက ဖက်ဒရယ် ဒီမိုကရေစီကျယ်ပြန့်လာမည်ကို မလိုလားဟု ပအိုးဝ်ခေါင်းဆောင်ပြော

စစ်ကောင်စီက ဖက်ဒရယ် ဒီမိုကရေစီကျယ်ပြန့်လာမည်ကို မလိုလားဟု ပအိုးဝ်ခေါင်းဆောင်ပြော

ဖက်ဒရယ် ဒီမိုကရေစီစနစ် အောင်အောင်မြင်မြင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာမည်ကို အာဏာသိမ်း စစ်ကောင်စီက လိုလားမှုမရှိကြောင်း ပအို့ဝ်တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောဆိုလိုက် သည်။

တိုင်းရင်းသားများနှင့် မြန်မာပြည်သူ တစ်ရပ်လုံးက လိုလားတောင်းတနေသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ် သည် စစ်တပ်၏ လုပ်ပိုင်ခွင့် အာဏာများကို ထိပါးစေသည့်အတွက် အဆိုပါစနစ်ကို လက်ရှိ အာဏာသိမ်း စစ် ကောင်စီက လိုလားမှုမရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ဒီမိုကရေစီ ခေတ်မှာ တစ်ဖြည်းဖြည်း သိက္ခာရှိရှိ ဆုတ်သွားတယ် ဆိုရင်တော့ ဟုတ်တာပေါ့။ သူကိုယ်တိုင်က ဆုတ်သွားချင်တဲ့ ဆန္ဒလည်း မရှိဘူး။ ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကိုလည်း မကြိုက်ဘူး။ ဖက်ဒရယ်စနစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာတာလည်း မကြိုက်ဘူး။ အားလုံးက မူရင်းပိုင်ရှင် တပ်မတော်ရဲ့ လုပ်ပိုင် ခွင့် အာဏာတွေကို ထိပါးစေတယ်လို့မြင်လို့ ရှိရင် သူက လက်မခံနိုင်တဲ့ သဘောတော့ ရှိတာပေါ့။ ဒါကြောင့် သူ့အနေနဲ့ အခုအချိန်ထိပေါ့လေ လုပ်ပိုင်ခွင့်က သူတို့ လက်ထဲမှာ ရှိတဲ့အတွက် လုပ်ပေးဖို့ လိုအပ်ရင် ဒို့ လုပ်ပေးပါ့မယ်ဆိုတဲ့ ပေါ်လစီလောက်ပဲ ကိုင်ထားတာတွေ့ရ တာပေါ့။”

ထို့အပြင် တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြသော်လည်း စစ်တပ်က အာဏာအားလုံးကို ဆုပ်ကိုင်ထားသည့်အပြင် ဖက်ဒရယ် နှင့် ဒီမိုကရေစီစနစ်သည် ၎င်းတို့ပေးမှ ရနိုင်မည့် ပုံစံမျိုးနှင့် ဆွေးနွေးပွဲများကို လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

၎င်းက “ကိုယ်က အပေါ်စီးကမှ ကိုယ်က အသားစီးရမှ ကိုယ့်ရဲ့ အမျိုးသားနိုင်ငံရေးမှာ ဆုပ်ကိုင်ထားတဲ့ဟာကို လက်မ လွှတ်ရေးအတွက် အသုံးချဆွေးနွေးနေတယ်။ သို့သော် အပြောင်းအလဲက ဆွေးနွေးပွဲကနေ မဖြစ်စေပဲနဲ့ မူရင်း ပိုင်ရှင်ပေါ့ နိုင်ငံတော်ဆိုတဲ့ အခုလက်ရှိ အဖွဲ့အစည်းတွေက ဒို့ပြောင်းပေးမှ ဒို့ပြောင်းမှ ပြောင်းမယ်။ ဒေါ်အောင် ဆန်းစုကြည် ပြောင်းလို့လည်းမရဘူး။ ဦးသိန်းစိန်ပြောင်းလို့လည်း မရဘူး။ ဒို့ပြောင်းပေးမှ ရမယ်။ ပြောင်းသင့် ပြောင်း ထိုက်တဲ့ အချိန်မှာ ဒို့ပဲပြောင်းပေးမယ်။ ဒို့ကို လာပြီးတော့တန်းတူ ပုခုံးချင်းယှဉ်ပြီးတော့ လာဆွေး နွေးပြီးတော့ သဘောတူ ပြောင်းတယ်ဆိုတာမျိုးတော့ သူတို့က သိက္ခာကျတယ်လို့ ယူဆတာလည်း ရှိတတ်တာပေါ့” ဟု ပြောသည်။

ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်နှင့် NLD အစိုးရ လက်ထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ကြုံတွေ့ ခဲ့ရသည့် အခက်အခဲများနှင့် စစ်တပ်၏ သဘောထားများကို ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါကြောင့် သူတို့ကိုယ်တိုင် ပြောင်းမပြောင်းတော့ ကျနော်တို့ မသိဘူးစနစ်တစ်ခုက သို့သော် ဆွေးနွေးလို့ တန်းတူ ဆွေးနွေးပြီးတော့ နိုင်ငံရေး သဘောတူချက်ရလို့ ပြောင်းမယ့် ပုံစံကတော့ သူတို့ သိပ်မ ကြိုက်တဲ့ သဘောရှိတယ်ဗျာ။ အဲဒါ ပွင့်ပွင့်လင်းလင်း ပြောတာပေါ့လေ” ဟု ပြောသည်။

စစ်ကောင်စီအပါအဝင် စစ်အာဏာရှင် အဆက်ဆက်က တိုင်းရင်းသားများ လိုလားနေကြသည့် ကိုယ်ပိုင်ပြဌာန်း ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ တန်းတူရေး တို့ကို အလေးမထားပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအား အမြစ်ပြတ် အပြုတ်တိုက်ရေးကိုသာ ဦးတည် လုပ်ဆောင်ခဲ့ကြသော်လည်း အောင်မြင်မှု မရရှိဘဲ ယနေ့အချိန်ထိ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားခဲ့သည်ဆိုသည်။

ဖက်ဒရယ်နှင့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်မည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သမ္မတ ဦးသိန်းစိန် အစိုးရတို့ ၂၀၁၀ ခုနှစ်မှ စတင်ကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကို လုပ်ဆောင်လာခဲ့ကြသည်။

ထိုဆွေးနွေးပွဲများမှတဆင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဦးသိန်းစိန် အစိုးရတို့ ၂၀၁၅ ခုနှစ် တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ စာချုပ် NCA ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။

ထို့နောက် NLD အစိုးရ လက်ထက်တွင် NCA စာချုပ် သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးခဲ့ကြ သော်လည်း ရရှိလာသည့် သဘောတူညီမှုများကို စစ်တပ်၏ ကန့်ကွက်မှုများကြောင့် အကောင်အထည်ဖော်နိုင် ခြင်း မရှိခဲ့ပေ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများလည်း ရပ်တန့်သွား ပြီး တိုင်းရင်းသားများနှင့် ပြည်သူတစ်ရပ်လုံးက လိုလားတောင်းတနေသည့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက် ရေးမှာလည်းမှာလည်း အောင်မြင်မှု မရရှိသေးပဲ အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားခဲ့ရသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...