စစ်ကောင်စီ တပ်က ဖားကန့်တွင် ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်

စစ်ကောင်စီ တပ်က ဖားကန့်တွင် ရွာလုံးကျွတ်မီးရှို့မည်ဟု ခြိမ်းခြောက်
ဓါတ်ပုံ - KNG
ဓါတ်ပုံ - KNG

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျေးရွာ အုပ်စု တစ်ခုကို စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်စစ်ဆေးပြီး ရွာလုံးကျွတ်မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်-လုံးခင်းအုပ်စု ဆန်ခါကျေးရွာနှင့် မဒဲန်ယန်-မော်ဘုံစသည့်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ပထမပတ်မှစတင်၍ ယနေ့အချိန်ထိ ဆန်ခါကျေးရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာ ခဏ လာရောက်စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ကျေးရွာအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေသည်ဟု ပြောသည်။

ဆန်ခါဒေသခံ အမျိုးသားတစ်ဦးက “ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က ကျနော်တို့ ရွာဘက်ကို မကြာခဏ လာ တယ်။ ပြီးတော့ စစ်တယ်။ ကျနော် တို့ ရွာဘက်ကို မကြာခဏလာပြီး အခုလိုမျိုး စစ်ဆေးတာကို KIA ဘက်ကို ပြောရင် သတင်းပေါက်ကြားရင် တစ်ရွာလုံးကို မီးရှို့ပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်မှ အချို့ရက်များတွင် ကျေးရွာထဲ တနေကုန်နီးပါး ဝင်ရောက်နေရာယူထားပြီး တစ်အိမ်ဝင် တစ် အိမ်ထွက် ဝင်ရောက်စစ်ဆေးခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အိမ်ထောင်စုစာရင်းများ စစ်ခြင်း စသည်တို့ကို လုပ် ဆောင်နေသည် ဟု ရွာသားများက ပြောသည်။

ထို့ကြောင့် ရွာသားများက စိုးရိမ်ကြောက်လန့်ကာ အခြားနီးစပ်ရာ ကျေးရွာများတွင် ရှောင်နေကြသူများပင် ရှိ နေသည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲမှာ အခုလိုမျိုး ကျနော်တို့ ရွာသားတွေကို အကြောင်းမဲ့ စစ်ဆေးလိုက် ခြိမ်းခြောက်လိုက် လုပ်နေတော့ ရွာ ထဲမှာ မနေချင်တော့ဘူး။ နေရတာလည်း မလုံခြုံဘူး။ ရွာထဲမှာနေလည်း စစ်တယ်။ အပြင် ထွက်ရင်လည်း စစ် တယ်။ ဘယ်သွားသွား လိုက်စစ်နေတော့ ကျနော်တို့ တောင်ယာ လုပ်ကိုင်နေတဲ့ သူတွေအတွက် အဆင်မပြေ ဘူး။ တောင်ယာက ပြန်လာရင်လည်း KIA ကို သတင်းသွားပို့တယ် ဆိုပြီး စစ်တယ်။ အခုလိုတွေ လုပ်နေတော့ ကျနော်တို့ ပြည်သူတွေအတွက် အရမ်းခက်ခဲတယ်” ဟု မှော်ဘုံဒေသခံ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမေးမြန်းမှုများအပြင် ကျေးရွာအနီးဝန်းကျင်တွင်လည်း စစ်သားများက ရံဖန်ရံခါ သေနတ်များ ပစ်ဖောက်ကာ ခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။

ဆန်ခါကျေးရွာမှ ပြည်သူများအနေဖြင့် ကျေးရွာအတွင်းတွင်လည်း လုံခြုံမှု မရှိသလို ကျေးရွာအပြင်နှင့် လုပ်ငန်း ခွင် တောင်ယာများသို့ သွားချိန်တွင်လည်း လုံခြုံမှုလုံးဝမရှိသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ပြောသည်။

စစ်ကောင်စီတပ်သားများက ဆန်ခါကျေးရွာအပြင် မဒဲန်ယန်-မော်ဘုံစသည့် ကျေးရွာတို့တွင်လည်း ဝင်ရောက် စစ်ဆေး ခြိမ်းခြောက်ခြင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ကာ PDF များ ရှိမရှိ လိုက်လံ စစ်ဆေးနေသည်ဟု ရွာသားများက ဆိုသည်။

ထို့အပြင် ဒေသခံရွာသားများအား ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အား ဆက်သွယ်ခြင်း၊ သတင်ပေးခြင်းများအပြင် ပတ်သက်ဆက်နွယ်မှုရှိပါက ဖမ်းဆီးအရေးယူပြီး မည့်အပြင် ကျေးရွာအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေသည်ဟု ဒေသခံရွာသားများက ပြောသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...