ကုန်းသာတိုက်ပွဲ စစ်ကောင်စီ ၁၅ ဦးခန့် သေဆုံး

ကုန်းသာတိုက်ပွဲ စစ်ကောင်စီ ၁၅ ဦးခန့် သေဆုံး

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်း ဖြစ်ပွားခဲ့သည့် ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်က ၁၅ ဦးခန့်သေဆုံးပြီး ကရင်နီတော် လှန်ရေးတပ်ပေါင်းစု (KRU) တပ်ဖွဲ့ လက်အောက်ခံ ကရင်နီ ဒီမိုကရက်တစ် တပ် ဦး (KDF) မှ ရဲဘော်တစ်ဦးကျဆုံးသွားသည်။

ထိုတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်က စစ်ကြောင်း ၃ ကြောင်းခွဲကာ တိုက်ခိုက်မှုကြောင့် စစ် ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးခဲ့သည်ဟု KRU တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရ သည်။

ကရင်နီ ဒီမိုကရက် တစ်တပ်ဦး (KDF) မှ အသက် ၁၈ နှစ်ရွယ် ရဲဘော် ခွန်စိုးပိုင် (ခ) ခွန်ပေး မှာ စက်တင်ဘာလ ၂၆ ရက်နေ့၊ ညနေတွင် ဖြစ်ပွားခဲ့သည့် ကုန်းသာကျေးရွာ တိုက်ပွဲထဲ စစ်ကောင်စီတပ်၏ ၁၂၀-မမ လက်နက်ကြီး ပစ် ကူများကြောင့် လက်နက်ကြီးအပိုင်းအစ ထိမှန်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီး အပိုင်းအစများ ထိမှန်ခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်ကာ ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် ကျဆုံးသွားခဲ့သည်ဟု KRU တပ်ပေါင်းစုက တပ်ဖွဲ့ဝင်များက ပြောသည်။

KNDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “မနေ့က ဖြစ်တဲ့ တိုက်ပွဲမှာ သူကျဆုံးတော့ ရအောင်ခေါ် ထုတ်လာ တယ်။ အရင်ဆုံးစစ်မြေပြင်မှာ ဆေးကုပေးတယ်။ ပြီးတော့ နီးစပ်ရာ ဆေးခန်းမှာ ဆေးကုပေးတယ်။ မရလို့ ဆိုပြီးတော့ ဆရာဝန်တွေရှိတဲ့ နေရာကို ခေါ်သွား တာပေါ့။ ခေါ်ပြီးတဲ့နောက် ဒီမနက်မှာပဲ ကျသွားတာပေါ့” ဟု ပြောသည်။

စစ်ကောင်စီ အင်အား ၆၀ နီးပါးခန့်ရှိသည့် စက်သေနတ်များနှင့် လက်နက်ကြီးများဖြင့် အထိုင်ချထားသော ကုန်းသာစခန်းကို KRU တပ်ပေါင်းစုနှင့် ပြည်သူ့ကပ်ကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် (DMO-PDF) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး စခန်းသိမ်းပိုက် နိုင်လုနီးပါး အချိန်တွင် စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူများကြောင့် ရဲဘော်ခွန်စိုးပိုင် ကျဆုံးခဲ့၍ ပြန်ဆုတ်ခဲ့ရသည်ဟု KDF တပ်ဖွဲ့ဝင်များ က ပြောသည်။

“တိုက်ခိုက်တဲ့ နေရာမှာ တစ်ခုထူးခြားလာတာကတော့ အရင်ထက်စာရင် လက်နက်ကြီး အဆမတန် သုံးလာတာ ပေါ့နော်။ အဲတာကြောင့် ရဲဘော်လည်း လက်နက်ကြီးထိပြီး ကျသွားတာပေါ့နော်။ သူ့ဒဏ်ရာက ပြင်းတယ် ဆို ပေမယ့် ဆေးကုသမှုခံယူတယ်။ ခွဲစိတ်မှုတွေ လုပ်တယ်ဆိုတော့ ပြန်ကောင်းပြီလို့ ထင်ထားတာ။ ဒါပေမယ့် အခြေအနေဆိုးလာတော့ ဒီနေ့မနက်မှာ ကျဆုံးသွားတာ‌ပေါ့” ဟု KRU တပ်ပေါင်းစုမှ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကုန်းသာတိုက်ပွဲတွင် နှစ်ဖက်ကြား ပေ ၇၀/၈၀ ခန့်သာကွာဝေးသည့် အနီးကပ်တိုက်ပွဲ ဖြစ်သောကြောင့် လွိုင် ကော်၊ ငွေ တောင်၊ ဒေါငံခါးဘက်မှ စစ်ကောင်စီ လက်နက်ကြီးတပ်ရင်းများ လှမ်းပစ်သည့် လက်နက်ကြီးများမှာ ၎င်းတို့ အချင်းချင်းထိမှန်ကာ သေဆုံးမှုများ ရှိနေသည်ကိုလည်း  မြင်တွေ့ရကြောင်း KRU တပ်ပေါင်းစု၏ တပ်ဖွဲ့ ဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။

သို့သော်လည်း စစ်ကောင်စီဘက်က ၆၀-မမ၊ ၇၉-မမ၊ ၁၂၀-မမ လက်နက်ကြီးပစ်ကူများကြောင့် ခေတ္တပြန် ဆုတ်ပေးခဲ့ရသည်ဟု သိရသည်။ လက်ရှိတွင် စစ်တပ် အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းမှစပြီး အကျအဆုံးများစွာဖြင့် တပ်ဆုတ် သွားခဲ့ရသည်ဟု သိရသည်။

ထိုမှတဖန် တပ်ဆုတ်သွားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များက လိုက်လံ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ကင်းထောက်များနှင့်တွေ့ကာ တိုက်ပွဲနောက်တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရတယ်။

ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီကင်းထောက်တပ်များမှ လက်နက်ကြီး ၁၂၀ မမ ၆ လုံးဆက်တိုက် ပစ်ခတ်လာ သောကြောင့် တဖန်ပြန်၍ တပ်ဆုတ် ပေးခဲ့ရသည်ဟု သိရသည်။

KRU တပ်ပေါင်းစုအနေဖြင့် လတ်တလောတွင် တပ်ဆုတ်ပေးထားရသော်လည်း နယ်မြေထိန်းချုပ်နိုင်ရန် ပြန် လည် ကြိုးစားသွားမည်ဟု KDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

KRU တပ်ပေါင်းစုတွင် KDF, Fight For Justice-JPDF, GZ-21-PDF (Loi Kaw), Medic Unit- Demoso (ဆေးတပ်ဖွဲ့) နှင့် ကွန်မန်ဒိုများပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ် (DMO PDF) နှင့် ပူးပေါင်းကာ ဒီးမော့ဆို မြို့နယ် ကုန်းသာကျေးရွာတစ်လျှောက် စစ်ရေးလှုပ်ရှားနေသည်ဟု သိရသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...