Published
Tuesday, January 14, 2025
PNO က စစ်ရှောင်တွေကို မိမိနေရပ်မပြန်ရင် နေအိမ်တွေကိုချိတ်ပိတ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုပြုလုပ်
- ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်ပြည်သူတွေကို မိမိနေရပ်ကိုမပြန်ရင် နေအိမ်တွေကို ချိတ်ပိတ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ရေရှည်တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံပြည်သူတွေ စိုက်ပျိုးရေး မလုပ်ဆောင်နိုင်ကြဘဲ ဧကထောင်ချီ စွန့်ပစ်ထားရတယ်လို့ ဆိုပါတယ်။
- ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့က လက်မှုပညာနဲ့ပြုလုပ်ထားတဲ့ ပျားဖယောင်းတိုင်ကို ဘယ်လိုနေရာမှာအသုံးပြုကြသလဲဆိုတဲ့အကြောင်းကိုလည်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။