AA တပ်ဖွဲ့ဝင်တွေ ရာချီ သေဆုံးနေတယ်၊ ဘင်္ဂလားဒေ့ရှ်မှာ ကျတဲ့ လက်နက်ကြီးတွေက AA က ပစ်တာ ဖြစ်တယ် ဆိုတဲ့ သတင်းမှား ဖြန့်ဝေ

AA တပ်ဖွဲ့ဝင်တွေ ရာချီ သေဆုံးနေတယ်၊ ဘင်္ဂလားဒေ့ရှ်မှာ ကျတဲ့ လက်နက်ကြီးတွေက AA က ပစ်တာ ဖြစ်တယ် ဆိုတဲ့ သတင်းမှား ဖြန့်ဝေ

စစ်ကောင်စီတပ်ရဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ရက္ခိုင့်တပ်တော် ULA/AA တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ထိခိုက်သေဆုံး နေတယ်ဆိုတဲ့ စာသားတွေပါတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက် တစ်စောင်ကို Ko Thet ဆိုသူ Facebook အကောင့်ပိုင်ရှင်က စက်တင်ဘာလ ၁၈ ရက်နေ့မှာ တင်ထားပါတယ်။

ဒါ့အပြင် ULA/AA တပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ ရှေ့တိုက်ဒုံးဟာလည်း ဘင်္ဂလားဒေ့ရ်နိုင်ငံထဲကို ကျရောက် ပေါက် ကွဲပြီး လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိတယ်ဆိုတဲ့ စာသားလည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ပါရှိနေတာကို တွေ့ရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ဟာ ထုတ်ပြန်ချက် အတု/ သတင်းအမှားသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်တင်ဘာလ ၁၇ ရက်နေ့က ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားတဲ့ ထုတ်ပြန် ချက်ကို ပြင်ရေးထားလို့ပဲဖြစ်ပါတယ်။

Ko Thet ဆိုသူက ULA/AA ရဲ့ ထုတ်ပြန်ချက်ထဲမှာပါရှိတဲ့ “မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများ အထူးသဖြင့် နယ်စပ် ဒေသများတွင် နေထိုင်သူများမှာ များစွာ ဒုက္ခရောက်နေကြရပါသည်” ဆိုတဲ့ နေရာမှာ “ကျွန်ုပ်တို့ AA အဖွဲ့များ သည် နေ့စဉ်နှင့်အမျှ ရာချီလျက် သေဆုံးလျက်ရှိပါသည်” ဆိုပြီး ပြင်ရေးထားတာကို တွေ့ရပါတယ်။

ဒ့ါအပြင် AA ရဲ့ ထုတ်ပြန်ချက် ဒုတိယပိုဒ်မှာ ပါတဲ့ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်ဆန် များ မှာ ဘင်္ဂလားဒေ့ရ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင်၊ ခေါင်းတုံးဒေသအတွင်း ကျရောက်ပေါက်ကွဲပြီး လူသေဆုံး ထိခိုက် ဒဏ်ရာ ရတဲ့နေရာမှာလည်း ULA/AA အဖွဲ့မှ ကျွန်ုပ်တို့၏ တပ်များသည် တောင်ပြိုလက်ဝဲစခန်းနှင့် တောင်ပြို လက်ယာစခန်းတို့အား ရှေ့တိုက်ဒုံး ၁၀၇ မမ နှင့် ပစ်ခတ်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရ် နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင် ခေါင်း တုံးဒေသအတွင်း ကျရောက်ပေါက်ကွဲကာ လူသေဆုံး ဒဏ်ရာ ရရှိခဲ့တယ်ဆိုပြီး ပြင်ပြီးရေးထားတာကိုလည်း တွေ့ရပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားတဲ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ ထုတ်ပြန်ချက် အစစ်ကို ဒီမှာ https://bit.ly/3xDmkGr ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် Ko Thet ဆိုသူ တင်ထားတဲ့ ULA/AA ရဲ့ ထုတ်ပြန်ချက်ကို မူရင်း ULA/AA က တင်ထားတဲ့ ထုတ်ပြန် ချက်နဲ့ တိုက်ကြည့်တဲ့အခါမှာတော့ ကွဲလွဲမှုရှိနေတဲ့အပြင် လိမ်ညာ ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ပြင်ပြီး ရေးသားထားတဲ့ ထုတ်ပြန်ချက် အတု/သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

Ko Thet ဆိုသူ ပြင်ပြီး တင်ထားတဲ့ ULA/AA ရဲ့ ထုတ်ပြန်ချက်ကို လက်ရှိအချိန်အထိ ထပ်ဆင့် ဖြန့်ဝေသူ တစ်ရာ့ တစ်ဆယ်ကျော် ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု

သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...