ကော်သူးလေ တပ်မတော် Kaw Thoo Lei Army ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဘာလို့ ဖွဲစည်းခဲ့တာလဲ။

ကော်သူးလေ တပ်မတော် Kaw Thoo Lei Army ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဘာလို့ ဖွဲစည်းခဲ့တာလဲ။

(အင်တာဗျူး-ကရင်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားသည်။)

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်သည့် Kaw Thoo Lei Army ကို ဇူလိုင်လ ၁၇ ရက်နေ့က စတင်ကာ ဖွဲ့စည်း လိုက်သည်။

ထိုအဖွဲ့အစည်းသည် လက်ရှိအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး KNU ၏ လက်အောက်ခံ အဖွဲ့အစည်း အဖြစ် ရပ်တည်မည်မဟုတ်သလို KNLA နဲ့ KNDO တို့ အောက်ကနေ သွားမည့် အဖွဲ့အစည်း မဟုတ်ပဲ အာဏာ ရှင်ကို တွန်းလှန်ရန်အတွက် သီးသန့် ရပ်တည်မည့် အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

သို့ရာတွင် KNLA၊ KNDO အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်သည့် အဖွဲ့အစည်းများနှင့် အတူ အာဏာ ရှင်စနစ် အမြစ်ပြတ်သည့်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ဘာကြောင့် Kaw Thoo Lei Army ကိုဖွဲ့စည်းရတာလဲ၊ Kaw Thoo Lei Army ဖွဲ့စည်းရခြင်းရဲ့ အဓိက ရည်ရွယ် ချက် က ဘာလဲ၊ အခုလို Kaw Thoo Lei Army ကို ဖွဲ့စည်းလိုက်တဲ့တာဟာ KNU ကနေ ခွဲထွက်တဲ့ သဘောလား၊ ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာတဲ့အတွက် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား အခက်အခဲတွေ ရှိလာနိုင်သလား စတဲ့ အကြောင်းအရာတွေကို  Kaw Thoo Lei Army ကို ဦးဆောင်မယ့် ဗိုလ်မှူး ချုပ် စောနယ်ဒါးမြကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ဆက်သွယ် မေးမြန်းထားသည်။

မေး - Kaw Thoo Lei Army ကို ဘယ်လို အကြောင်းတွေကြောင့် ဖွဲ့စည်းဖြစ်သွားတာလဲ။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - ဖက်ဒရယ် Army ဖွဲ့စည်းတာကောင်းဖို့အတွက် ဖြစ်တယ်။ ရှေ့ဆက်တိုး တက် ကောင်းမွန်ဖို့ အတွက်ဖြစ်တယ်။ နိုင်ငံရေးသမားအုပ်စုတွေက အမှားလုပ်ပေမယ့်လည်း ကျနော်တို့ back up လုပ် ဖို့အတွက် ပြီးတော့ ရန်သူတွေကို တိုက်ထုတ်တဲ့အခါမှာ လျှောလျှောရှူရှူ ဖြစ်ဖို့အတွက် ဖွဲ့စည်းလိုက် တာ ဖြစ်တယ်။

မေး - အခုဖွဲ့စည်းလိုက်တဲ့ Kaw Thoo Lei Army က KNLA အောက်က သွားတာလား ဒါမှမဟုတ် သက်သက် ဖြစ် သွားတာလား။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - သက်သက်တစ်ခုပဲ။ သက်သက်တစ်ခုက  တိုက်ခိုက်ရေးဖက်မှာ အတူတကွ လုပ် ဆောင်ဖို့ဖြစ်တယ်။ အားလုံး အတူတူပူးပေါင်းပြီး လုပ်ဆောင်ဖို့ဖြစ်တယ်။ အခုလောလောဆယ်က KNU ခေါင်း ဆောင်တချို့ က စစ်ကောင်စီနဲ့ လက်တွဲပြီးတော့ နီးနီးကပ်ကပ် အလုပ်လုပ်တဲ့အတွက် ကျနော်တို့ KNU အောက် မှာ ဒီအတိုင်းပဲ နေမယ်ဆိုရင် မလွယ်ဘူး။ တိုက်ခိုက်လို့ မရဘူး။ ပြီးတော့ ရှေ့ဆက်သွားဖို့ အခက်အခဲ ဖြစ်တဲ့ အတွက် ကျနော်တို့ ကွဲဖို့အတွက် လုပ်တာ မဟုတ်ဘူး။ ကျနော်တို့ အခုလို အဖွဲ့သစ်ဖွဲ့ လိုက်တာဟာ တိုက်ခိုက် ရေးမှာ လျှောလျှော ရှူရှူဖြစ်ဖို့ စစ်ကောင်စီကို တိုက်ခိုက်တဲ့ အဖွဲ့တွေနဲ့ လက်တွဲမယ်။ ပြီးတော့ KNLA ပဲ ဖြစ် ဖြစ် KNDO ပဲဖြစ်ဖြစ် ကျနော်တို့ အတူတကွ ပူးပေါင်းပြီး ညီညီညွတ်ညွတ်လုပ်မယ်။ ကျနော်တို့ လုပ်လို့ရ တယ်။ ဒါက အခက်အခဲ မဟုတ်ဘူး။ ကျနော်တို့ အလုပ်တွေကို ထိထိရောက်ရောက် လုပ်ဖို့အတွက်ဖြစ်တယ်။

မေး - ဆိုတော့ Kaw Thoo Lei Army က KNU ကနေ ခွဲထွက်ပြီးတော့ ဖြစ်လာတဲ့ အဖွဲ့အစည်းလို့ ပြောလို့ရလား။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - ပြောရမယ်ဆိုရင် ကျနော်တို့ အခုဖွဲ့စည်းလိုက်တာဟာ အဓိပ္ပာယ်က ကျနော်တို့ ခေါင်းဆောင်တွေကြားမှာ နိုင်ငံရေး အပြောင်းအလဲကို လိုချင်လို့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက် ပွဲကလည်း ကျော်သွားပြီ၊ လေးနှစ် ခြောက်နှစ်ရှိပြီ။ အခုက KNU ရဲ့ မူဝါဒအရ ရွေးကောက်ပွဲကို လေးနှစ်တစ် ကြိမ် လုပ်ရမယ်။ အခုက ခြောက်နှစ်ကျော်သွားပြီ။ ဘယ်သူမှ တာဝန်ယူပြီး အဲ့ဒါကို မလုပ်ဘူး။ အဲဒါကြောင့် ကျနော်တို့ မြင်တာက အခုသွားနေတဲ့ လမ်းကြောင်းဟာ တချို့က ရန်သူရဲ့ လှည့်ဖြားမှု အမျိုးမျိုးအောက်မှာ ပါ သွားတယ်။ ဒါကြောင့် အခုအဖွဲ့ ဖွဲ့လိုက်တာဟာ အလုပ်တွေကို လျှောလျှောရှူရှူ လုပ်ဖို့ စစ်ကောင်စီကို ဖြုတ် ချဖို့ တိုက်ခိုက်နေတဲ့ PDF ပဲဖြစ်ဖြစ်၊ လူမျိုးစုတွေနဲ့ပဲဖြစ်ဖြစ် လက်တွဲသွားမယ်။ ရန်သူနဲ့ သွားပေါင်းတဲ့ အဖွဲ့ တွေနဲ့တော့ ကျနော်တို့ တွဲလုပ်မှာ မဟုတ်ဘူး။

မေး - အဲလိုဆို KNU အောက်က မဟုတ်ဘူးပေါ့နော။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - အခု လောလောဆယ်ကတော့ KNU အောက်က မဟုတ်ဘူး။

မေး - KNU အောက် မဟုတ်ဘူးဆိုတော့ ကရင်လက်နက်ကိုင် အဖွဲ့တွေ ကွဲသွားတယ်လို့ရော ပြောလို့ရသလား။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - လက်နက်ကိုင် အဖွဲ့တွေက ကွဲသွားတာ မဟုတ်ဘူး။ အတူတကွ စုစည်းပြီးတော့ လုပ်ဆောင်ဖို့ဖြစ်တယ်။ အခုက စစ်ကောင်စီကို တိုက်နေတဲ့ DKBA ရှိတယ်။ စစ်ကောင်စီကို တိုက်နေတဲ့ PC ရှိ တယ်။ စစ်ကောင်စီကို တိုက်နေတဲ့ အဖွဲ့တွေက အဖွဲ့တွေက တစ်စုတစ်စည်းတည်း တစ်ဖွဲ့တည်း ပြန်လည်စု စည်းပြီးတော့ ရှေ့ဆက် ရန်သူကို တိုက်ဖို့ဖြစ်တယ်။

မေး - ဆိုတော့ ကရင်လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KNLA၊ KNDO တို့နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပြော ချင်တာလား။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - ကျနော်တို့ အားလုံးလက်တွဲရမယ်။ ကျနော်တို့ အလုပ်လုပ်လို့ ရဖို့အတွက် ကော်သူး လေ Army ကို ဖွဲ့စည်းရတာ ဖြစ်တယ်။ တနေ့မှာ ကျနော်တို့ ကော်သူးလေနိုင်ငံ ကော်သူးလေပြည်ဖြစ်မှာ ဖြစ် တဲ့အတွက် ကျနော်တို့ အားလုံး တစ်ခုတည်း တစ်ဖွဲ့တည်း တစ်စုတစ်စည်းတည်း ပြန်စုစည်းဖို့ဖြစ်တယ်။ အဲဒါ ကလည်း ကော်သူးလေ Army ပဲဖြစ်တယ်။ ကော်သူးလေနိုင်ငံ ကော်သူးလေပြည်ဖြစ်တော့ စစ်တပ်ကလည်း ကော်သူးလေ Army ဖြစ်တယ်။ နောက်ပိုင်းမှာ အစည်းအဝေးကြီးတွေကနေ တိုင်ပင်ဆွေးနွေးမှုတွေ ရှိရင် အား လုံးက အဆင်ပြေသွားမယ်။ အဲhဒါက အခက်အခဲမဟုတ်ဘူး၊ ကွဲဖို့ပြဲဖို့ မဟုတ်ပါဘူး။ ကျနော်တို့မှာ စဉ်းစား တွေးခေါ်နိုင်တဲ့ အသိညာဏ်ရှိတယ်။ ပရမ်းပတာ လုပ်တတ်တဲ့သူတွေမဟုတ်ဘူး။ ကျနော်တို့ ရန်သူနဲ့ လက်တွဲ ပြီးတော့မှ ပြန်လာပြီး ကိုယ့်လူမျိုးတွေကို ပစ်ခတ်နေတဲ့ လူမဟုတ်ဘူး။ အခြေအနေတစ်ခုအပေါ်မှာ မူတည်ပြီး ရှေ့ဆက်ဖို့အတွက် အရင်ကထက် ပိုကောင်းဖို့ အရင်ကထက်တိုးတက်ဖို့ လုပ်တာဖြစ်တယ်။

မေး - ဒီလုပ်ရပ်အပေါ် ဝေဖန်မှုတွေ အမျိုးမျိုးရှိနေတာနဲ့ ပတ်သက်ပြီးတော့ရော ဘာများ ပြောချင်လဲ။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ -ဒီပြောင်းလဲမှုကို တစ်ချို့လူတွေက အမျိုးမျိုးမြင်ကြမယ်။ ဒါပေမယ့် တိုးတက်မှု ဖြစ်လာတယ်။ ပြောင်းလဲမှုရှိလာတဲ့ဖက်က မြင်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေး လုပ်လာတာ ဒီလောက်နှစ်တွေ အများကြီးမှာ ကိုယ့်လူမျိုးကို ထိခိုက်နာကျင်အောင် တစ်ခါမှ မလုပ်ခဲ့ဘူး။ ကျနော်တို့ လူမျိုးတွေအတွက် အမြဲတမ်း ပြောတယ်။ လုပ်တယ်။ နိုင်ငံရေးဖက်မှာပဲဖြစ်ဖြစ်၊ လူမှုအသိုင်း အဝိုင်းဖက်မှာပဲဖြစ်ဖြစ်၊ တိုက်ခိုက်ရေးဖက်မှာပဲ ဖြစ်ဖြစ် ကျနော်တို့ အဲဒါတွေကို လုပ်တယ်။ ကျနော်တို့ စိတ် ထဲမှာ ရန်သူကို ပျော်သွားအောင် မလုပ်ချင်ဘူး။ ကျနော်တို့ ရှေ့ဆက်လုပ်ဆောင်မယ့် အလုပ်တွေကို စောင့် ကြည့်လို့ရတယ်။ စုစည်းမှုနဲ့ အတူ အချင်းချင်းနားလည်မှုတွေ ပိုရှိအောင်လုပ်ဆောင်တာ ဖြစ်တယ်။ ကျနော်တို့ က စိတ်ရိုင်းတွေ ရှိတဲ့သူတွေ လို တစ်ယောက်တည်း ဒီလိုလုပ်မယ် ဟိုလိုလုပ်မယ် မဟုတ်ဘူး။ ကျနော်တို့ ရင် ဘတ်ကျယ်ကျယ်ဖွင့်ပြီး အား လုံး တစ်စုတစ်စည်းတည်း တစ်ခုတည်းအောက်မှာ ပြန်လည်ဝင်ရောက်လာဖို့ ပြီး တော့ နိုင်ငံရေးဖက်မှာလည်း ကရင်အမျိုးသားအားလုံး လိုလားတောင်းတတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ရရှိဖို့ လမ်းတစ်ခု ပွင့်လာတာ ဖြစ် တယ်။ ဒါက ကွဲဖို့ ပြဲဖို့မဟုတ်ဘူး။ ပြည်သူလူထု တွေနဲ့ ခေါင်းဆောင်တွေကို အသိ ပေးချင်တာဖြစ်တယ်။

မေး - Kaw Thoo Lei Army ရဲ့ နိုင်ငံရေး လမ်းစဉ်၊ နိုင်ငံရေး ရပ်တည်ချက်တွေကိုရော ဘယ်လိုချမှတ် ထားသလဲ။

ဗိုလ်ချုပ် စောနယ်ဒါးမြ - နိုင်ငံရေး လမ်းစဉ်ကို ကျနော်တို့ ဘာမှ မချမှတ်ရသေးဘူး အခုက၊ ကျနော်တို့ စစ် ကောင်စီကို အရင်ဖြိုချပြီးတော့မှ နောက်ပိုင်း တဆင့်ပြီးတဆင့် လာမယ် ကျနော်တို့ ပြန်ဆွေးနွေးပြီးမှ လုပ် ဆောင်သွားမယ်။

မေး - Kaw Thoo Lei Army ကို သီးသန့်ဖွဲ့စည်းလိုက်တယ်ဆိုတော့ KNDO အဝန်းအဝိုင်းထဲမှာ ဘယ်လို အခက် အခဲတွေ ရှိနေတာလဲ။

 ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - အခက်အခဲက လူ ၂၅ ကို သတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ကို ဖယ်လိုက်တယ်။ ပြီးတော့ ဗိုလ်မှူးချုပ် စောရှီးလေကို ရွေးလိုက်တော့ ကျနော်က ရှေ့ဆက် အလုပ်လုပ်ဖို့ အခက်အခဲ ဖြစ်စေ တယ်။ အဲဒီ အခက်အခဲကြောင့် ကျနော်တို့ ခေါင်းဆောင်တွေရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ အများကြီး ရှိ တယ်။ အဲဒါတွေက ဆက်နွယ်နေတဲ့အတွက် ကျနော်တို့ ငြိမ်နေလို့ မရဘူး။ ကျနော်တို့ အလုပ်လုပ်နိုင်ဖို့အတွက် နဲ့ ရန်သူကို ဖြိုချဖို့အတွက် တစ်ခုခုလုပ်မှဆိုပြီးတော့ လုပ်ဆောင်တာဖြစ်တယ်။ ကျနော်တို့ တည့်တည့်မတ်မတ် ရပ်တည်ပြီး ကျနော်တို့ လူမျိုးအတွက်နဲ့ ရန်သူကို တိုက်ခိုက်ဖြိုချတဲ့ အဖွဲ့တွေနဲ့ အတူတကွ တွဲပြီး လုပ်ဆောင်ဖို့ ဖြစ်တယ်။ ရန်သူနဲ့ တွဲပြီးအလုပ်လုပ်တဲ့သူတွေပဲဖြစ်ဖြစ်၊ စီးပွားရေး တွဲပြီး လုပ်တဲ့သူတွေပဲ ဖြစ်ဖြစ် အဲဒီလူ တွေကို ကျနော်တို့ ပြန်လည်တည့်မတ်အောင် လုပ်ဆောင်ဖို့ ဖြစ်တယ်။ အခုလို တွဲပြီးတော့ အလုပ်လုပ် နေမယ် ဆိုရင်တော့ ကျနော်တို့ ရှေ့ဆက်ဖို့ခက်တယ်။ အခုလို တွဲပြီးတော့ အလုပ်လုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ လူမျိုးတွေ သူများကျွန်ဖြစ်သွားမယ်။

မေး - Kaw Thoo Lei Army ရဲ့ နယ်မြေတွေက ဘယ်နေရာတွေလဲ၊ တပ်မဟာ၊ တပ်ရင်းတွေရဲ့ နယ်မြေ တွေကို ဘယ်လိုသတ်မှတ်ထားသလဲ။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြ - အဲဒါက နောက်မှလာမယ်။ အဲဒါက နောက်မှ တစ်ဆင့်ပြီး တစ်ဆင့်လာမယ်။ အခုက တော့ ပြောလို့ မရသေးဘူး။ ကျနော်တို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမယ်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...