ဖားကန့်တွင် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

ဖားကန့်တွင် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
ဓါတ်ပုံ - အောင်ဇော်မိုး ဖားကန့်
ဓါတ်ပုံ - အောင်ဇော်မိုး ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု လုံးခင်းဒေသခံများက ပြောသည်။

လုံးခင်းကျေးရွာအုပ်စု၊ မဒဲန်ယာန် (မှော်ဘုံ) ကျေးရွာထဲကို ဇွန်လ ၁၉ ရက်နေ့၊ နေ့လည်က စစ်ကောင်စီ၏ လက် နက်ကြီး ကျည် ၂လုံး ကျရောက်ပေါက်ကွဲခဲ့ရာမှ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ (ဇွန်လ၂၀) မနက်အစောပိုင်းမှာ ဒေါ်ခင်ညိုဝင်းဆုံးသွားတာဗျ၊ သူကသွေးထွက်လွန်တဲ့ သဘောရှိပါတယ်။ ဒဏ်ရာက လက်ပြင်နဲ့ နံဘေးတွေ မှန်တာလေ” ဟု မျက်မြင်တွေ့ရှိခဲ့သူ လုံးခင်းဒေသခံတစ်ဦး က ပြောသည်။

သေဆုံးသွားသူမှာ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ညိုဝင်း ဖြစ်ပြီး ၎င်း၏လက်ပြင်တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ ရာမှ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်စဉ် နန့်ယားကျေးရွာအရောက်တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု အဆိုပါ လုံးခင်းဒေသခံ က ပြောသည်။

ကျန် ဒဏ်ရာ ရရှိသွားသူ နှစ်ဦးမှာ နန်းမို့မို့အေး အသက် ၂၃ နှစ် ပေါင်နှင့်ခြေထောက် နှစ်ဖက် လက်နက်ကြီး စ ထိ မှန်သွား၍ ခွဲထုတ်ထားရပြီး၊ မောင်စိုင်းခေါင်မြတ်ထွဋ် အသက် ၁၈ နှစ်မှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး စလုံး လက်ရှိတွင် အသက်အန္တရာယ် မစိုးရဘူးဟု သိရသည်။

ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲကျော်အချိန်ခန့်တွင် မဇွပ်ယန် ထောင်အနီးတွင်ရှိနေသည့် စစ်တပ်စခန်း ဘက်မှ လက်နက်ကြီး (၃) ချက် ပစ်ခတ်သံကို ကြားခဲ့ရသည်ဟု ထောင်အနီးတွင် နေကြသည့်  မဇွပ်ယန် ကျေး ရွာသားများက ပြောသည်။

ထိုသို့ ပစ်လိုက်သည့် လက်နက်ကြီးများအနက် မှော်ပုံရွာ လမ်းသွယ် (၉) ထိပ်နေရာနှင့် စိမ်းလဲ့အောင်ကျောက် ဖြတ်ခုံ နေရာတွင် တစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားရှိ အပြစ်မဲ့ပြည်သူ၊ ရွာသားများ ထိခိုက် ဒဏ် ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ သေဆုံးသည်အထိ ဖြစ်ခဲ့သည်ဟု ရွာသားများက ဆိုသည်။

သို့သော် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားတာမျိုးမရှိပဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု လုံးခင်းဒေသခံများက ပြောသည်။

ယခုနှစ် မေလ ၃ ရက်နေ့တုန်းကလည်း မှော်ဘုံကျေးရွာ လမ်းသွယ် ၃ တွင် ဖွင့်ထားသည့် ဆောင်းရာသီ ထမင်း ဆိုင်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့စဉ် ဆိုင်ရှင်အမျိုးသားတစ်ဦးနှင့် ဈေးလာဝယ် သူ အမျိုးသားတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး ဆိုင်ရှင်၏ သားလည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

မှော်ပုံကျေးရွာမှ ကားဖြင့်မိနစ် ၂၀ ခန့်မောင်းလျှင် ကံဆီးကုန်း၊ မဆွတ်ယန်ထောင်၊ မှော်ပုံ တစ်ဖက်ကမ်းက နန့်ဆန်းကျေးရွာများတွင် စစ်ကောင်စီတပ်က စခန်းချထားပြီး အနီးတဝိုက်ရှိ ကျေးရွာများသို့ လက်နက်ကြီး အသင့်ပစ်ခတ်ရန် ပြင်ဆင်ထားမှုများရှိသည်ဟုလည်း စစ်တပ်နှင့်နီးစပ်သူများထံမှ သိရသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...