ကလေးမြို့ မြို့တွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား(၆)ဦးသေဆုံး၊ တာဟန်းပင်မ သပိတ်ခံတပ်ဖြိုခွင်းမှုအတွင်းကျဆုံးခဲ့သူများ၏သွေးကြွေးဟုဆို

ကလေးမြို့ မြို့တွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား(၆)ဦးသေဆုံး၊ တာဟန်းပင်မ သပိတ်ခံတပ်ဖြိုခွင်းမှုအတွင်းကျဆုံးခဲ့သူများ၏သွေးကြွေးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့တွင် ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေးမြို့)တို့ အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား(၆)ဦးသေဆုံးကြောင်းသိရပြီး ၂၀၂၁ခုနှစ် ဧပြီလ(၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်းခံရသည့်ဖြစ်စဉ်အတွင်း ကျဆုံးခဲ့သူများ၏ သွေးကြွေးအတွက်ရည်စူးဟု PDF(Kalay)မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ်ဖြိုခွင်း ခံရခြင်း(၁)နှစ် ပြည့်နေ့တွင် စစ်ကောင်စီတပ်သား(၈)ဦးသည် ကလေးတက္ကသိုလ်မုဒ်ဦးအနီး၊ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရွှေနှင်းဆီ လက်ဖက်ရည်ဆိုင်အတွင်းမှ လမ်းမပေါ်သို့ထွက်လာစဉ် PDF(Kalay)တပ်ဖွဲ့ဝင်များက အသင့်တပ်ဆင်ထားသောမိုင်းများကိုဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် (၅)မိနစ်ခန့်ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား(၃)ဦးထိမှန်သေဆုံးသွားကြောင်းပါရှိသည်။

ထုတ်ပြန်ချက်တွင် မတ်လ ၇ ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် ကလေးတက္ကသိုလ်ဘက်မှ ကလေးမြို့သို့မောင်းနှင် လာသော စစ်ကောင်စီကား(၂)စီးကို ကြို့သုံးပင်ရပ်ကွက်၊ ရွှေလင်းယုန်လက်ဖက်ရည်ဆိုင်အနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ၁မိနစ်ခန့်တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကား(၂)စီးလုံးထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား(၃)ဦးခန့်သေဆုံးကြောင်း သိရသည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ(၁)ဦး သေဆုံးကြောင်းသိရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် မတ်လ ၇ ရက်နေ့ PDF(Kalay)၏တိုက်ခိုက်မှုများသည် ကလေးမြို့၊ တာဟန်းပင်မသပိတ် ခံတပ်ဖြိုခွင်းမှုအတွင်းကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများ၏ သွေးကြွေးအတွက် ရည်စူးကြောင်း ပါရှိသည်။

ယမန်နှစ် ၂၀၂၁ခုနှစ် ဧပြီလ(၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နာမည်ကျော် တာဟန်းပင်မသပိတ်ဖြိုခွင်းခံရမှုဖြစ်စဉ် တွင် ကလေးတက္ကသိုလ်ကျောင်းသား သမ္မဂအဖွဲ့ဝင် ကိုအာကာသူအောင်အပါအဝင်(၁၂)ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

Most read this week

January 17, 2025
ဝဥကို အဓိက စီးပွားဖြစ် စိုက်ပျိုးရောင်းချနေတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်က...
January 13, 2025
ကာလကြာရှည်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာ နယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့...
January 8, 2025
အိန္ဒိယ - မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ် - ရိဒ်ခေါဒါရ်...
January 6, 2025
တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ပုတ်တင်ညိုကိုဖမ်းဖို့ ကျောက်ခဲပစ်ပေါက်ရင်း...