- စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အခုနှစ်ဆန်းပိုင်းမှာပဲ တစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေရာ ကချင်ပြည်နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာ ၂ နေရာကို ဗုံးကြဲတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နဲ့မိုးမိတ်မြို့ကြားမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ နှစ်ဖွဲ့တပ်အကြား နယ်မြေအငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အပေါ် တာဝန်ယူဖြေရှင်းပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။
- စစ်ကောင်စီက ရေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် ဧရာ၀တီမြစ်ပေါ် အနိမ့်တမံတည်ဆောက်ဖို့ တွေ့ရှိထားတဲ့နေရာတွေထဲမှာ အများစုက ကချင်ပြည်ဘက်မှာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။