ထန်တလန်မြို့ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွါပြီး နယ်စပ်ဘက်သို့ စစ်ဘေးတိမ်ရှောင်

ထန်တလန်မြို့ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွါပြီး နယ်စပ်ဘက်သို့ စစ်ဘေးတိမ်ရှောင်

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှလက်နက်ကြီးအလွန်အကျွံပစ်ခတ်မှုကြောင့် လူနေအိမ်လောင်ကျွမ်းကာ ခရစ်ယာန်သင်းအုပ်ဆရာ ပါစတာတစ်ဦးသေဆုံးမှု စက်တင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားပြီးနောက် ထန်တလန်မြို့ဒေသခံအားလုံးနီးသည် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

“ကျွန်တော်လည်း အခု ရွာတရွာမှာ စစ်ဘေးရှောင်ဘဝရောက်နေတယ်၊ ထန်တလန်မှာက လူတွေရှိရင်တောင်မှ တစ်မြို့ လုံးမှာ လူတစ်ရာတောင် ရှိမလားတောင်မသိဘူး၊ တခြားလူအားလုံးကတော့ ထန်တလန်မြို့ နယ်မှာရှိတဲ့ ရွာတွေ၊ တချို့ဆိုရင် အိန္ဒိယနိုင်ငံအထိကို စစ်ဘေးရှောင်တဲ့အခြေအနေရောက်နေတယ်။” ဟု ထန်တလန်မြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထန်တလန်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့က CNA/CDF ပူးပေါင်းတပ်ဖွဲနှင့် စစ်ကောင်စီတို့အကြား မြို့တွင်းပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဖက်က အယောက် ၃၀ ခန့်သေးဆုံးမှုရှိခဲ့့ပြီးနောက် စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ထန်တလန်မြို့ပေါ်တွင် လူနေအိမ် ၁၉ လုံးမီးလောင်ပျက်စီးကာ TCBC အသင်းတော်မှ သင်းအုပ်ဆရာ ပါစတာကျူံးဗျက်ဟုမ်း သေနတ်ထိမှန်သေဆုံးခဲ့သည်။

ထိုကဲ့သို့ စစ်ရေးတင်းမာမှုနှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ထန်တလန်မြို့ပေါ်တွင် ကျန်ရှိနေသည့် ဒေသခံအားလုံးနီးပါးသည် မြို့ကိုစွန့်ခွါကာ ကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကစပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်လည်းတိုက်ပွဲ ထပ်မံဖြစ်ပွားလာသောကြောင့် မြို့ပေါ်နေပြည်ထက်ဝက်ခန့်မှာ စက်တင်ဘာလ ဒုတိယပတ်ခန့်က ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သည်။

ထန်တလန်မြို့သည် ဟားခါးမြို့အနောက်မြောက်ဖက် ၂၃ မိုင်ခန့်အကွာအဝေးတွင် တည်ရှိပြီး လူဦးရေ ၉ ထောင်နှင့် ၁ သောင်းဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

ယနေ့နေ့လယ်ပိုင်းအချိန်ထိ CNA/CDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ထန်တလန်မြို့အနီးအနားတွင် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးသံများကြားနေရကြောင်းလည်း သိရသည်။

 
 

 

 

November 28, 2024
မီဇိုရမ်ပြည်နယ်မှာ ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့က...
November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...