ဤဆောင်းပါးမှာ လက်ရှိ အငြင်းပွားဖြစ်နေသော ဟားခါးမြို့ မြို့ပြစီမံကိန်း၏ အိမ်မြေကွက် တိုးချဲ့သည့်အပေါ် ဟားခါးပြည်သူများမှ ကန့်ကွက်သည့်ဖြစ်စဉ်အား စီမံကိန်းတွင် ပွင်းလင်းမြင်သာမူမရှိခြင်း၊ ဟားခါးပြည်သူများ၏ တောင်းဆိုသော ဘိုးဘွားပိုင်နယ်မြေ ပိုင်ဆိုင်ခွင့် နှင့် ချင်းပြည်နယ် အတွင်း နိုင်ငံရေး မတည်ငြိမ်မူ အပေါ် သုံးသပ်သွားမည် ဖြစ်သည်။
မြို့ပြ စီမံကိန်းအပေါ် ပွင့်လင်းမြင်သာမူ မရှိခြင်း
လက်ရှိ ချင်းပြည်နယ်အစိုးရ၏ လုပ်ငန်းများဖြစ်သော တင်ဒါ ခေါ်ယူ ဆုံးဖြတ်ရာနှင့် အစိုးရဝန်ထမ်းများ ခန့်အပ်ခြင်းများတွင် အထူးသဖြင့် ပွင့်လင်းမြင်သာမှုမရှိသည်မှာ ထင်ရှားသိသာနေပါသည်။ ယခုတွင်လည်း ချင်းပြည်နယ်အစိုးရ၏ မြို့ပြစီမံကိန်းဖြစ်သော ဟားခါးမြို့ အိမ်မြေကွက် တိုးချဲ့သည့်အပေါ် ပြည်သူလူထုများမှ ပွင့်လင်းမြင်သာမှူမရှိဘူးဆိုပြီး လမ်းပေါ်တက် ဆန္ဒပြကာ အစိုးရ၏လုပ်ငန်းအား ကန့်ကွက်ကြပါသည်။ ချင်းပြည်နယ် အခြေစိုက် သတင်းများ၏ ဖော်ပြချက်အရဆိုလျှင် ပြည်နယ်အစိုးရသည် စီမံကိန်းအပေါ် ပြည်သူများထံ ပွင့်လင်းမြင်သာမှူရှိစွာ အသိပေးခြင်း၊ ဆုံးရှုံး(သို့) နစ်နာဖွယ်ရှိသော ပြည်သူများအား ညှိနှိုင်း တွေ့ဆုံမှူမရှိဘဲ ပြည်သူများ၏ ဆန္ဒများမပါဘဲ သူတို့၏အလိုဖြင့်သာ ဆုံးဖြတ်ချက်ချဖွယ်ရှိသည်။ နောက်ပြီး ဒီမြေအိမ်မြေကွက်များ တိုးချဲ့ရာတွင် သုံးစွဲမည့်ဘက်ဂျက်သည် အစိုးရ၏ဘဏ္ဏာငွေဖြင့် မလုံလောက်သဖြင့် ကုမဏီများထံမှ ခန့်မှန်းငွေ ကျပ် သိန်း ၃၀၀၀ ကျော်အား ချေးယူသွားမည်ဟု ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မူလက်မူနှင့် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောကြားသွားသည်။ ထိုအကြွေးငွေကြောင့် တိုးချဲ့မည့် အိမ်မြေကွက်များအား တန်ရာ တန်ကြေးသတ်မှတ်ပြီး ရောင်းချသွားမည်ဟု ထံမှပြောကြားခဲ့သည်။ ထို့ကြောင့် ချင်းပြည်နယ်အစိုးရ၏ စီမံကိန်းအပေါ် ပြည်သူလုထုများ၏ အယုံအကြည်မရှိသည်မှာ ထင်မြင်သာပါသည်။ ဘာကြောင့်လဲဆိုတော့ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကုပ္ပဏီများ၏ အမည်စာရင်းများ သတင်းမီဒီယာများထံမှ တဆင့် ချပြခြင်းများလည်းမရှိပါ။ နောက်ပြီးတော့ အိမ်မြေကွက် တိုးချဲ့မည့် ဧကပေါင်း ၆၀၀ ကျော်တွင်လည်း အိမ်မြေကွက် ဘယ်လောက် ထွက်ရှိပြီး၊ ဘယ်လောက်ဖြင့် ရောင်းချသွားမှလည်း ရှင်းလင်းမူမရှိသည့်အပြင် ထိုအိမ်မြေကွက်များအား လူမျိုးခြားစီ ရောင်းချသွားရန် စီစဉ်နေသည်။ ထိုရောင်းချမည့် မြေကွက်များမှ ရရှိမည့် ခန့်မှန်းချေငွေများလည်း ပွင့်လင်းစွာ ပြောဆိုခြင်း မရှိပါ။ ဒါကြောင့် ဒီစီမံကိန်းသည် ပြည်သူထံ တိကျစွာ ရှင်းလင်းသင့်သည်။
ဘိုးဘွားပိုင်မြေနှင့် တောင်သူလယ်သမားများ၏ တောင်းဆိုမူ
ဟားခါးတောင်သူလယ်သမားများအဖွဲ့၏ဦးဆောင်မှူဖြင့် The Hakha Post သတင်းဌာန၏ ရုံးတွင် ချင်းပြည်နယ်အစိုးရမှ တောင်သူလယ်သမားများ၏ မြေအသိမ်းခံမှူကိစ္စများ သတင်းစာရှင်းလင်းမှူတစ်ခုပြုလုပ်ခဲ့သည်။ ချင်းပြည်နယ်အစိုးရမှ ဘိုးဘွားပိုင်မြေသည် မရှိဘူးဟု အတင်းဓမ္မ သိမ်းယူခဲ့ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးအား လေးစားမူ မရှိခြင်း နဲ့ ပွင့်လင်းမြင်သာမှူမရှိဘဲ မတရားသော စီမံကိန်းအား ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပြီး တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး၊ ဘိုးဘွားမြေပိုင်ဆိုင်ခွင့် နှင့် ပွင့်လင်းပြီး မျှတမူအား တောင်းဆိုကြသည်။ ထိုတောင်းဆိုမူသည် မှန်ကန်သလို ဖြစ်သင့်သည့် ကိစ္စဖြစ်ပါသည်။
သို့သော် ဟားခါးတောင်သူလယ်သမားများအဖွဲ့သည် မနေ့တစ်နေ့ကမှသာ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး သူ့တို့၏ တောင်းဆိုမှူများသည်လည်း ရှုပ်ထွေးမှူအများရှိကြီးရှိနေသည်။ ဥပမာ- ဘိုးဘွားပိုင်နယ်မြေများအား အသိမှတ်ပြုပြီး မူလပိုင်ရှင်ထံ ပြန်အပ်ခြင်း စသည်များသည် လူပုဂ္ဂိုလ်တစ်ဦး၏ ပိုင်ဆိုင်မှူမဟုတ်ဘဲ လူမျိုးတစ်မျိုး (သို့) လူမူ့အသိုင်းအဝန်းတစ်စု၏ ပိုင်ဆိုင်မူများနှင့်သက်ဆိုင်လာသည်။ ဒါကြောင့် ဘိုးဘွားပိုင်မြေဟု အသုံးပြုရာတွင် ကျွန်တော်တို့ သူ့၏ နေရာအနေအထားနှင့် လူမူ့အခြေအနေနှင့် သမိုင်းအား ချိန်ညှိပြီး ပြန်သုံးသပ်ရမှာ ဖြစ်သည်။
ဘိုးပွားပိုင်မြေဆိုသည်မှာ
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများသည် နိုင်ငံ၏ လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်အား ကိုယ်စားပြုသော်လည်း တိုင်းရင်းသားများ၏ မြေပိုင်ဆိုင်မှူသည် အစိုးရမှ အသိအမှတ်ပြုခြင်းမရှိပါ။ ဥပဒေ ရူ့ထောင့်ဖြင့်ကြည့်လျှင် မြန်မာနိုင်ငံတွင် ဘိုးဘွားမြေဆိုသည် ဥပဒေက အသိမှတ်ပြုခြင်း မရှိပါ။ သို့သော် ဥပဒေသည် အမြဲ မှန်သည်ဆိုတာ မရှိပါ။ ဒီဥပဒေသည် မှန်ကန်ပြီး မျှတသော ဥပဒေ မဟုတ်မှန်းအား မြန်မာနိုငံသားတိုင်းအသိပင်ဖြစ်သည်။ ပြီးလျှင် မြန်မာအစိုးရကိုယ်တိုင် ၂၀၀၇ တွင် နိုင်ငံတကာ ရှေ့မှောက်တွင် ကမ္ဘာ့ကုလသမ္မက ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေငြစာတမ်း ကတိစာချုပ်လည်း ချိုးဖောက်ရာဖြစ်သည်။
သို့သော် ယခု ချင်းပြည်နယ် မြေကိစ္စသည် အိမ်တွင်းရေး ကိစ္စဖြစ်နေသည်။ ဟားခါးအခြေနေဖြင့် ကြည့်မည်ဆိုလျှင် ဘိုးဘွားပိုင်မြေ ရှိတယ်ဆိုသည် ချင်းပြည်သူလူထု အသိပင်ဖြစ်သည်။ ထို ဘိုးဘွားပိုင်မြေအား ပြန်ကြည့်မည်ဆိုလျှင် အင်္ဂလိပ်ခေတ်တွင် ကျေးရွာပိုင် သို့မဟုတ် ဘုံပိုင် နယ်မြေ အသုံးပြု စံမံခန့်ခွဲမှူအား British Officer H.N.C Stevenson မှ လေ့လာပြီး သူ့၏ စာတမ်းတွင် ချင်းလူမျိုးများ၏ မြေပိုင်ဆိုရာမူယန္ဒတရားသည် ဘုံပိုင်ဆိုင်မူဖြစ်သည် ဟု ရေးသားခဲ့သည်။ ပြီးရင် ဟားခါး နှင့် ထန်တလန်ဘက် ချင်းလူမျိုးများ၏ မြေပိုင်ဆိုင်မူ စီမံခန့်ခွဲရာတွင် ‘’Tlangram - အများပိုင်”(communal) နှင့် “Bilram - ပုဂ္ဂလိကပိုင်’’ (private) မြေနှစ်မျိုးဖြင့် သတ်မှတ်ပြီး အုပ်ချုပ်စီမံခဲ့ကြသည်။ “Tlangram - အများပိုင်” မြေတွင် တစ်စုံတစ်ယောက် တစ်ဦးခြင်းနှင့်ပက်သက်သော “lopi” တွေလည်း ရှိသလို ဘုံပိုင်မြေများလည်း ရှိသည်။ “Tlangram ရဲ့ အနှစ်သာရ ဆိုလိုရင်းကို ကြည့်ရင် အများပြည်သူပိုင် (သို့) ဘုံပိုင်ဆိုင်သော နယ်မြေများကို ဆိုလိုခြင်းဖြစ်သည်။ နောက်ပြီးတော့ “Bilram ကတော့ ပုဂ္ဂလိကပိုင်မြေလို သတ်မှတ်ပေမဲ့လည်း တစ်စုံတစ်ဦး တစ်ယောက်က ပိုင်ဆိုင်ခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ အများက သတ်မှတ်ပေးထားသော မြေပိုင်ခွင့်ဆိုလိုသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုမြေသည် အများအကျိုးအတွက်လိုအပ်ခဲ့လျှင် ဌားယူအသုံးပြုခွင့်ရှိသည်။ ဥပမာ - အခြားရွာမှ တောင်ယာခုတ်ဖို့နေရာ (သို့မဟုတ်) ရွာအတွင်းမှ လိုအပ်ချက်များကြောင့် အခြားရွာထံ အခကြေးခွန်ဖြင့် ဌားယူကြသည်။ ထို့နေရာတွင် ဘိုးဘွာပိုင်မြေဆိုသည် အထက်ပါ ‘’Tlangram - အများပိုင်” နှင့် “Bilram - ပုဂ္ဂလိကပိုင်’’ မြေနှစ်မျိုး၏ ပိုင်ဆိုင်မှူအောက်တွင်သာ ရှိသည်။ အကယ်လို့ မိသားစု(သို့မဟုတ်)တစ်စုံတစ်ဦးမှ မြေတစ်ချို့အား ဒီမြေသည် ကျွန်တော်၊မ၏ ဘိုးဘွားပိုင် နယ်မြေများဖြစ်သည်ဟု တောင်းဆိုလာလျှင် ကျေးရွာအတွင်း (သို့) အများ၏ ဆုံးဖြတ်ချက်ပေါ်မှာ အများကြီးမူတည်သည်။ ဘာကြောင့်လဲဆိုလျှင် ထိုပုဂ္ဂိုလ်သည် သူတောင်းဆိုသည့် မြေပေါ်တွင် သူ့မှာ စိုက်ပျိုး လုပ်ကိုင်နိုင်ခြေမရှိလျှင် ထိုမြေသည် အများပိုင်မြေတွင် ပြန်လည်သတ်မှတ်ကြသည်။ ထို့ကြောင့် မြေပိုင်ဆိုင်မူကို အတိုချုံးရင် ဟားခါးနှင့်ထန်တလန်ဘက် ချင်းလူမျိုးများတွင် ပုဂ္ဂလိကပိုင်မြေဆိုသည် အများပြည်သူ၏ စည်းလုံးမူပေါ်တွင် ရှိပြီး ပိုင်ဆိုင်ခွင့်အပြည့်အဝအား ဘယ်သူ တစ်စုံတစ်ဦးအပေါ် ထားရှိခြင်းမရှိသည်ကို တွေ့ရသည်။
ပြည်သူများ၏ ယုံကြည်မူအပေါ် နိုင်ငံရေးကစားခြင်း၏ စိန်ခေါ်မူ
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ(NLD) ချင်းပြည်နယ်တွင် အလုံးအရင်း အနိုင်ယူပြီး အစိုးရတာဝန်ယူလာခဲ့တာ ယခုဆိုလျှင် ချင်းပြည်နယ်အစိုးရ၏ သက်တမ်းသည် ၄ နှစ်ပြည့်ခါနီးလာပြီ ဖြစ်သည်။ ရွေးကောက်ပွဲကာလအတွင်း ပြည်သူများ၏ ယုံကြည်မူအား ရယူပြီး ကတိပေးခဲ့သည်စီမံကိန်းများ၏ အကောင်ထည်ဖော်နိုင်မူအား ကြည့်လျှင် အားရကျေနပ်ဖွယ်မရှိပါ။ ပြည်နယ် တိုးတက်ဖွံဖြိုးရေး၊ အဂတိလိုက်စားမှူလျှော့ချခြင်း နှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းစဉ်များဆိုလျှင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်စီးနိုင်ခြင်းမရှိသေးပါ။ ထို့ကဲ့သို NLD အခက်အခဲကြုံနေချိန်တွင် ဟားခါးမြို့ ပြည်သူများ၏ ယုံကြည်မူလည်း ထပ်မံအချိုးခံနေပြီ ဖြစ်သည်။ ဒီကိစ္စသည် ရိုးရိုးလေးဖြစ်ပါသည်။ သို့သော် ယခု အစိုးရ နှင့် နိုင်ငံရေး ပါတီများမှ အထူးသတိထားရမည် ဖြစ်သည်။ အထူးသဖြင့် ပြည်သူလူထု ကိုယ်တိုင်က သတိထားပြီး အစုအဖွဲ့ (သို့မဟုတ်) ပါတီတစ်ခု၏ အာဘော်များအောက်တွင် တိုက်ရိုက်ရောက်သွားနိုင်သည်။ ထို့ကဲ့သို မဟုတ်လျှင် ချင်းပြည်သူလူထု နှင့် ပြည်နယ် ဖွံဖြိုးရေးအပေါ် အရမ်းထိခိုက်လာမှာ ဖြစ်သည်။ ဘာကြောင့်လဲဆိုလျှင် ၂၀၂၀ ရွေးကောက်ပွဲရောက်ဖို့ တစ်နှစ်သာ ကျန်နေပြီ NLD နှင့် ချင်းနိုင်ငံရေးပါတီတွေက ယခုကတည်းကနေ စည်းရုံးရေး စလှူပ်ရှားကြပြီဖြစ်သည်။ ဒါကြောင့် ပြည်သူများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ၏ စည်းရုံးရေး လေညှင်းတိုက်ခိုက်မူတွင် မမျှောပါသွားဘဲ ကျွန်တော်တို့၏ လွပ်လပ်သော အခွင့်အရေးနှင့် ဖွံဖြိုးရေးကို အထူးဂရူစိုက်ရမည်ဖြစ်သည်။ နောက်ပြီး သန့်ရှင်းပြီး လွတ်လပ်သော နိုင်ငံရေးလှူပ်ရှားမူကိုသာ ကျွန်တော်တို့ လိုလားကြောင်းကို ပြရမည့်အချိန်လည်းဖြစ်သည်။
နိဂုံး
ချင်းပြည်နယ်နှင့် ချင်းလူမျိုးသည် ကဏ္ဏအသီးသီးကနေ ဖွံဖြိုးတိုးတက်မှူလိုနေသည့် အသိုင်းအဝန်းဖြစ်သည်။ ယခု ဟားခါးမြို့ပြ စီမံကိန်းသည် ကျွန်တော်တို့ လိုအပ်နေသည့်စီမံကိန်းဖြစ်သည်။ သို့သော် ကျွန်တော်တို့က လိုအပ်သည်ဆိုပြီး အတင်း အကျပ်ချုပ်ချယ်ကာ ပြည်သူလူထု၏ ဆန္ဒသဘောထား မပါဘဲ လုပ်ဆောင်ခွင့်မရှိပါ။ ထို့ကြောင့် ယခု ဟားခါးမြို့တွင် မြေပိုင်ဆိုင်မူအငြင်းအပွားသည် လက်ရှိမြန်မာနိုင်ငံ၏ ဥပဒေများဖြင့် ဖြေရှင်းရမည့် ကိစ္စမဟုတ်ပါ။ ချင်းပြည်သူလူထု အချင်းအချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာမည့်ကိစ္စသာ ဖြစ်သည်။ ပြည်သူများ ဆုံးရှူံးသည့် မြေမျာနှင့် ထိုက်တန်သည့် တန်ရာတန်ကြေးများအား အစိုးရမှ ညှိနှိုင်းတိုင်ပင်ပြီး လျှော်ကြေးပေးရမှာ ဖြစ်သည်။ ဥပဒေ ဆိုပြီး ကိုယ့်ကိုယ် ယုံကြည်ပြီး မဲပေးခဲ့သည် ပြည်သူတွေအား ဖွံဖြိုးရေးနာမည်အောက်ဖြင့်အနာမပေးမိဖို့ ရှောင်ရှားရမည် ဖြစ်သည်။ နောက်ပြီး အစိုးကိုယ်တိုင်သည် ယခု ဟားခါးမြို့ပြစီမံကိန်းကနေ ကောင်းကောင်းသင်ခန်းစာ ယူရမှ ဖြစ်သည်။ ဘာကြောင့်လဲဆိုရင် ချင်းပြည်နယ်မှတခြားမြို့များအတွက်မြို့ပြစီမံကိန်းများလုပ်ရာတွင်လည်းကောင်း အထူးသဖြင့် တစ်ခြားလူမျိုးတွေ ရောနေထိုင်သည့် ပလက်ဝမြို့တို့ဆိုလျှင် အထူးဂရုစိုက် စီမံဆောင်ရွက်ရမှာ ဖြစ်သည်။