မြေမှာ နင်းခြေခံနေရတဲ့တောင်ဇလပ်ပန်းတို့ဘဝ

မြေမှာ နင်းခြေခံနေရတဲ့တောင်ဇလပ်ပန်းတို့ဘဝ
by -
ဆလိုင်းမာန်ဟုန်း

ချင်းပြည်နယ်သည် တောင်ဇလပ်ပန်းတို၏အလှဖြင့် ကမ္ဘာတွင် နည်မည်ကြီး ထင်ရှားသည်။ အမြင့်ပေ ၄၀၀၀ ကျော်တွင်သာ ပေါက်ပြီးချင်းတောင်တနး်ကြီးပေါ်တွင် သဘာဝပေါက်ပင်အနေဖြင့် လှပစွာ ပွင့်လန်းနေသည်။ ချင်းလူမျိုးများမှလည်း အမြတ်တနိုးထားကာ ထိန်းသိမ်းကာကွယ်မှုများ ပြုလုပ်ကြကာ ခေတ်အဆက်ဆက်နေထိုင် လာကြသည်။ ချင်းလူမျိုးတို့၏အမှတ်အသား တစ်ခုဟုပင် အသိအမှတ်ပြုကြပါသည်။

အထူးသဖြင့် ယခုအချိန်တွင် ခေါ်နူးစုမ်(ခေါ်)Mt.Victoria အမည်မှာ ကမ္ဘာလှည့် ခရီးသည်များနှင့် ပြည်တွင်းခရီးသွားများကြားတွင် နာမည်ကြီးကာ ဂုဏ်ဆောင်လျက်ရှိ်သည်။ အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ကြီး အဖြစ်ပင် အသိအမှတ်ပြုခံရသည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်ဖြစ်ခဲ့သော်လည်း လမ်းများဖောက်လုပ်ခြင်းကြောင့် ပယ်ချခံခဲ့ရသည်မှာ ၀မ်းနည်းစရာတစ်ခုဖြစ်ခဲ့ပါသည်။ အာဆီယံဒေသတွင်း မြေသားဖုံးလွှမ်းမှုရှိသော အမြင့်ဆုံးတောင်တစ်ခုဖြစ်သည်။ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်သို့ အထူးသဖြင့် ဆောင်းရာသီတွင် ခရီးသွားဧည့်သည်များ အများအပြား လာရောက်လည်ပတ်လေ့ရှိကြသည်။ တောင်ပေါ်ထိ ကားလမ်းပေါက်သောကြောင့် ကားဖြင့်သော်လည်းကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ခြေလျှင်ဖြင့်သော်လည်းကောင်း တက်ရောက်ကြသည်။ ယခုချိန်တွင် တောင်ခြေထိပင် ကားဖြင့်တက်ခွင့်ပြုသည်။ သို့ သော်လဲ တားဂိတ်မရှိသောကြောင့် အချို့မှာ ကားဖြင့်တက်ကြသည်ကို တွေ ့နေရသည်။ အမှန်မှာ ကားဖြစ်စေ၊ဆိုင်ကယ်ဖြစ်စေ တက်ခွင့်မပြုသင့်ပါ။ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တွင် ကျက်စားသော မျက်ခုံးမွှေဖြူငှက်ပြာခြောက် ခေါ်ငှက်မျိုးစိတ်သည်။

တစ်ကမ္ဘာလုံးတွင်မှု ခေါ်နူးစုမ်အမျိုးစားဥယျာဉ်တွင်သာ ရှိသည်။ အထူးသဖြင့် ပြောလိုသည်မှာ ခရီးသွားဧည့်သည်များမှ တောင်ဇလပ်ပန်းများအား ခူးယူခြင်း၊ ဒေသခံများမှ ၀ိုင်အဖြင့်ပြုလုပ်ရန် ခူးယူခြင်းတို့အား အထူးသဖြင့်သက်ဆိုင်ရာမှ အရေးတကြီးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပါသည်။ ထို ့ပြင် ခရီးသွားဧည့်သည်များနှင့် ဒေသခံများမှလည်း တောင်ဇလပ်ပန်းအား ခူးယူခြင်းများ မပြု ကြဖို့အထူးတိုက်တွန်းလိုပါသည်။ ခရီးသွားဧည့်သည်များ အနေဖြင့် ခရီးသွားလာခြင်းသည် ထိုဒေသ၏ သဘာဝအလှတရားများကို တန်ဖိုးထားရင်း လည်ပတ်စေချင်ပါသည်။ သဘာဝတအလှများကို ဖျက်စီးသူများ မဖြစ်ရန်အရေးကြီးလှ၏။ ဒေသခံများမှလည်း ၀ုိင်းဝန်းထိမ်းသိမ်း ကာကွယ်သူများဖြစ်ရန် အရေးကြီးလှသည်။

တောင်ဇလပ်ပန်း၏အလှကို မိမိသာပိုင်ဆိုင်လိုသည့်စိတ်မရှိဘဲ အခြားခရီးသွားဧည့်သည်များကိုပါ မျှဝေလိုသော စိတ်ရှိရန်လိုအပ်သည်။ တောင်ဇလပ်ပန်းမှာ နိုင်ဝင်ဘာလမှ စတင်ပွင့်ပြီး မတ်လအထိ ပွင့်သော ပန်တစ်မျိုးဖြစ်သည်။ ယခုလို တောင်ဇပလပ်ပန်းများအား ခူးယူခြင်းကြောင့် ခေါ်နူးစုမ်၏အလှတရားများကို ဖျက်စီးရာရောက်ပါသည်။ တောင်ဇလပ်ပန်းသည် နှစ်ရှည်ပင်အမျိုးအစား တစ်ခုဖြစ်သည်အားလျော်စွာ ပြန်စိုက်ပျိုးသော်လည်း အပင်ရှင်သန်ရန်မှာ ခက်ခဲလှပါသည်။ ထို ့ကြောင့် အလေ့ကျပေါက်သော သဘာဝပေါက်ပင်များကိုသာ အထူးထိန်းသိမ်းကာကွယ်ရန်ဖြစ်သည်။ နှစ်(၂၀)ကြာတွင်သာ အမြစ် တစ်လက်မခန် ့သာထွက်သည်ဟုသိရသည်။ ထို ့ပြင် အပင်မှာသေဆုံးရန်လွယ်ကူသော အပင်တစ်မျိုးဖြစ်သည်။

ယခုဖြစ်စဉ်များအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ၊ ချင်းပြည်နယ်အစိုးရအဖွဲ ့၊ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ရုံးတို့မှ အရေးတကြီး အရေးယူမှုများ၊ ကာကွယ်မှုများ ပြုလုပ်ကြပါရန် အလေးအနက်တိုက်တွန်း အပ်ပါသည်။ သက်ဆိုင်ရာများမှ ဆောက်ရွက်ပေးနိုင်ခြင်းမရှိပါက မိမိဒေသခံလူငယ်များမှ လိုအပ်သလို ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထို ့ကြောင့် တောင်ဇလပ်ပန်း၏အလှတရား တန်ဖိုးထားမြတ်နိုးထားတတ်သူများ၊ တောင်ဇလပ်ပန်းကို တန်ဖိုးထာကာကွယ်သူများ ဖြစ်ကြပါစေ…. ဟုတိုက်တွန်းနှိုးဆော်အသိပေးရခြင်းဖြစ်ပါသည်။

 

Most read this week

Photo - MSRF
December 17, 2024
မော်လမြိုင်-ရေး-ထားဝယ် အမှတ် - ၈၊ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန်...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 16, 2024
“ကျနော်တို့ မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှု လုံးဝမရှိတော့ဘူး။ အခု တောထဲမှာနေရတယ်။...
December 12, 2024
မိုင်မိုင်မန်းထာ — တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက်...