Published
Monday, December 23, 2024
အမိုးအကာမလုံခြုံတဲ့ နေအိမ်အဆောင်တွေမှာနေထိုင်ကြရတဲ့ ရခိုင်ကစစ်ရှောင်တွေ ကျန်းမာရေးထိခိုက်မှုတွေရှိလာ
- ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
- စစ်တွေမြို့ပြင်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဘက်ပစ်ခတ်မှုတွေရှိနေသလို မြို့အတွင်းမှာလည်း စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
- အမိုးအကာမလုံခြုံတဲ့ နေအိမ်အဆောင်တွေမှာနေထိုင်ကြရတဲ့ ရခိုင်က စစ်ရှောင်တွေအနေနဲ့ ကျန်းမာရေးထိခိုက်မှုတွေရှိလာနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။