NCA ကို ဘာကြောင့် ထိုးမလဲ။ (RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့သတင်းစာရှင်းလင်းပွဲမှ)

NCA ကို ဘာကြောင့် ထိုးမလဲ။ (RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့သတင်းစာရှင်းလင်းပွဲမှ)
by -
သျှမ်းသံတော်ဆင့်
အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ကျင်းပမယ့် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးေ ကာင်စီ သျှမ်းပြည်တပ်မတော်လည်းဘဲ ပါဝင်လက်မှတ် ရေးထိုးသွား မယ် လို့ အောက်တိုဘာလ ၈ ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးမဟုတ်ရင်တောင်မှ အများစုလက်မှတ်ထိုးရင် RCSS/SSA လည်း ထိုးမယ်လို့ဆိုထားပေမယ့် လက်ရှိ လက်မှတ်ရေးထိုးဖို့ဆုံးဖြတ်တဲ့တိုင်းရင်းသားအဖွဲ့ ရ ဖွဲ့ပဲ ရှိပေမယ့် ဘာကြောင့် RCSS/SSA ကလက်မှတ်ရေးထိုးဖို့ဆုံးဖြတ်ရပါသလဲ။ အောက်တို ဘာလ ၈ ရက်နေ့တုန်း ကဘဲ RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က သတင်းသမားတွေကို သတင်းစာ ရှင်းပွဲတရပ်ပြု လုပ်ခဲ့ပါတယ်။ မြန်မာ သတင်း ဌာနကြီးတွေဖြစ်တဲ့ DVB ၊ RFA ၊ Irrawaddy၊ Mizzima၊ သျှမ်းသံတော်ဆင့် တို့ တက်ရောက်နားထောင် မေးမြန်းထားချက်အပြည့်အစုံကို စုစည်းဖော်ပြထားပါတယ်။

ဒု-ဗခက ယွက်စစ်။ ။ အောက်တိုဘာလ ၈ ရက်နေ့ ဒီနေ့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ လာမယ့် အောက်တို ဘာလ ၁၅ ရက်နေ့မှာပြုလုပ်မယ့် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးပွဲအတွက်ပဲ ဖြစ်ပါတယ်။ NCA ဟာ ကျနော်တို့ အနာဂတ် နိုင်ငံရေးပြဿနာတွေကို ပြောင်းလဲပေးမယ်လို့ယုံကြည်လို့ RCSS/SSA အနေနဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်ကို ကျနော်တို့ တောင်းဆိုလိုတာကတော့ အပစ်ရပ်စဲရေးလုပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖြေရှင်းတဲ့ နေရာမှာ လက်ရှိကျနော်တို့ သျှမ်း ပြည်ထဲမှာ အခြေချလှုပ်ရှားနေတဲ့ သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်ခြင်း မလုပ်ဆောင်ဖို့ အလေးအနက်တောင်းဆိုတယ်။ အမြင်သဘောထားတွေ မတူတာတွေရှိလာရင် ပြဿနာရှိလာရင် အပြန်အလှန် ညှိနှိုင်းပြီး ငြိမ်းချမ်းစွာဆွေးနွေးလိုပါတယ်။ ကျနော်တို့ရဲ့ ဆက်သွယ် ရေးရုံးကို လည်း အစိုးရဘက်က အလေးထားဖို့ နဲ့ ဆက်ဆံရေးရုံးတွေ တိုးချဲ့ဖွင့်လှစ် သွားနိုင်ရင် ပိုပြီး ကောင်းပါတယ်။ NCA လက်မှတ်ထိုးပြီးရင် ယုံကြည်မှုတည်ဆောက်သွားဖို့လည်း ထပ်တောင်း ဆိုပါ တယ်။ နောက်ပြီးတော့ အပစ်ရပ်မှုကို အမြတ်မထုတ်ဖို့လည်း တောင်းဆိုတယ်။ NCA ဆိုတာကိုလည်း ထိုက်တန်တဲ့ အပစ်ခတ်ရပ်စဲမှုမျိုး ဖြစ်စေလိုတယ်။ အခုလို လက်မှတ်ထိုးဖို့ ၈ ဖွဲ့ အသင့်ဖြစ်ပြီ ဆိုပေမယ့် ကျန်နေသေးတဲ့အဖွဲ့တွေလည်း ပါဝင်လက်မှတ်ရေးထိုးန်ိုင်ဖို့ အဓိက ဖြစ်ပါတယ်။ တဖွဲ့ကို အပစ်ရပ်ပြီး နောက်တဖွဲ့ကို အင်အားသုံးတိုက်ခိုက်နေမယ်ဆိုရငတော့ ကျနော်တို့ အားမပေးပါဘူး။ ကန့်ကွက်ပါတယ်။ စိတ်ရှည်လက်ရှည်သဘောထားကြီးကြီးနဲ့ အဖွဲ့တိုင်းကိုဆွေးနွေးဖို့ အစိုးရကို တောင်းဆိုပါတယ်။ NCA ကို လက်မှတ်ထိုးတယ်ဆိုတာကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုကို တည်ထောင်နိုင်ဖို့ရည်ရွယ်ပါတယ်။

ဒီ NCA လက်မှတ်ထိုးဖို့ ကျနော်တို့အများကြီး စဉ်းစားခဲ့ပါတယ်။အဘက်ဘက် နဲ့ဆွေးနွေးရပါတယ်။ ဥပမာ ပင်လုံစာချုပ်ရှိခဲ့တာတောင်မှ စာချုပ်ချိုးဖောက်တာတွေ ခံရတယ်။ နှစ် ၂၀ ကျော် အပစ်ရပ် ထားတာတောင်မှ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ ဒါကြောင့်လဲ NCA ကို လက်မှတ်ထိုးပြီးရင် ဘယ်လောက် အထိ ခံနိုင်မလဲဆိုပြီး ပြည်သူလူထုက သံသယတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ အတိတ်က ဖြစ်ခဲ့တာတွေကိုသင်္ခန်းစာယူပြီးတော့ ရှေ့ဆက် လုပ်ဆောင်သွားမယ့် အခြေအနေတွေဟာ ပြောင်းလဲနိုင်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ဦးသိန်းစိန်အစိုးရကလည်း ဒီအပစ်ရပ်ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် အလေးအနက်ထားပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။ ခေါင်းဆောင်အသီးသီး ပါဝင်ဖြေရှင်းမှသာ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ ပြသနာတွေကို ဖြေရှင်းတဲ့နေရာမှာလည်း အပြန်အလှန်ရိုးသားကြဖို့လိုပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်း ပွဲလုပ်ရတဲ့အကြောင်းရင်းကတော့ ဒီလောက်ပါပဲ။

မေး။ ။ တိုင်းရင်းသားအဖွဲ့ ရ ဖွဲ့က လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ပေမယ့် ကျန်တဲ့အများစုက လက်မှတ်မထိုးသေးပါဘူး။ NCA ကို ဘာကြောင့် လက်မှတ်ထိုးဖို့ RCSS က ဆုံးဖြတ်ပါသလဲ။

ဒု-ဗခက ယွက်စစ်။ ။ ကျနော့်အမြင်မှာတော့ အဖွဲ့အစည်းအားလုံးက ဒီ NCA စာချုပ်ရေးတုန်း ကလည်း အားလုံးပါဝင်ခဲ့ပါတယ်။ အခုဆိုရင်လက်မှတ် ထိုးဖို့က အားလုံးက သဘောတူထားကြ ပါတယ်။ တချို့က အခြေအနေမပေးသေးလို့သာ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးတာပါ။ သူတို့က လက်မှတ်မထိုးဘူးလို့ ကန့်ကွက်တဲ့သဘောမျိုးတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းအသီးသီးကလည်း သူတို့အဖွဲ့အစည်းကြားထဲမှာလည်း ပြန်လည်ဖြေရှင်းဖို့ကလည်း ရှိပါသေးတယ်။

မေး။ ။ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးမယ့်အဖွဲ့နဲ့အတူတူ လက်မှတ်ထိုး ဖို့ရှိ ပါသလား။
ဒု- ဗခက ယွက်စစ်။ ။ ကျနော်တို့ RCSS အပါအဝင် အဖွဲ့ ၈ ဖွဲ့ဟာ ၁၅ ရက်နေ့မှာလက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ NCA ကနေအမြတ်မထုတ်ဖို့ ဒု- ဗခကယွက်စစ်က ပြောသွားတယ်။ ဘယ်လိုအမြတ်ထုတ် မယ်လို့ မြင်ပါသလဲ။
ဒု- ဗခက ယွက်စစ်။ ။ NCA ကနေအမြတ်မထုတ်ဖို့ပြောရတဲ့အကြောင်း ရင်းကတော့- တိုင်းရင်းသား တွေက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောကေ် ရး ဆိုတဲ့အချက်ကို တောင်းဆိုထားတော့ ဖက်ဒရယ် ပြည်ထောင်စုေြ ပာင်း လဲမှုကို အစိုးရက မလိုက်နာမှာကိုကျနော်တို့စိုးရိမ်ပါတယ်။ ပြီးတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတုန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ပါဝင်ရေးဆွဲထားခြင်းမရှိပါဘူး။ လူထုဆန္ဒလည်း မပါဘူး။ အဲတာကြောင့် ပြင် ချင်တယ်။ အသစ်ရေးဆွဲမယ်မဆိုလိုဘူး။ ပြုပြင်ပြောင်း လဲဖို့အစိုးရက သဘောထားကြီးစွာဖြင့် ပြန်လည်ပြင်ဆင်ခွင့်ပေးဖို့တောင်းဆိုတယ်။ နောက်ပြီး ရွေးကောက်ပွဲအနိုင်ရဖို့ NCA ကို လုပ်လိုက်တာမျိုးလည်း မဖြစ်စေချင် ဘူး။ နောက်ပိုင်းမှာ NCA ကို အလေးမထားတဲ့သဘောမျိုးဖြစ်သွားမှာကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ ပြည်ပဆီက မျက်နှာရဖို့ သဘောလောက်ပဲလုပ်တာမျိုးလည်း မဖြစ်စေချင်ဘူး။ အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို ဝိုင်းဝန်း ဖြေရှင်းမှပဲ ရပါမယ်။ ပြဿနာအရင်းအမြစ်အစစ်အမှန်ကိုသိပြီးတော့မှ ဖြေရှင်းကြရင်လွယ်ကူပါတယ်။

မေး။ ။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအတွက်ကော ဘာတွေ ဆက်ဆွေးနွေးသွားဖို့ရှိလဲ။
ဒု- ဗခက ယွက်စစ်။ ။ ဒါကတော့ အစိုးရမှာဘဲမူတည်တယ်။

မေး။ ။ အစိုးရက ရိုးသားဖို့လိုတယ်လို့ပြောတာဟာ RCSS အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး လာတဲ့ကာလတလျှောက်လုံး အစိုးရက ဘယ်လောက် အထိ ရိုးသားမှုရှိတယ်လို့မြင်ပါသလဲ။ အခုလည်း တိုက်ပွဲတွေဖြစ်နေဆဲဆိုတော့။
ဒု- ဗခက ယွက်စစ်။ ။ NCA လက်မှတ်ထိုးပြီးနောက်ပိုင်းတိုက်ပွဲမဖြစ်ဖို့ ကျနော်တို့ရဲ့ မျှော်လင့်ချက်ပါ။ ဒါမယ့် လက်မှတ်ရေးထိုးပြီးမှ တိုက်ပွဲမဖြစ်စေ ရ ဘူးဆိုတာ ခဲယဉ်းမယ်လို့ ယုံကြည်တယ်။ ကျနော်တို့ ပြဿနာတွေဖြေရှင်းနေတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ဒါကြောင့်မို့လို့ အောက်ခြေမှာ သဘောထား ကွဲလွဲတာတွေ တိုက်ခိုက်နေတာတွေကို ရှိဦးမှာပါ။ ဒါကြောင့် ကျနော်တို့ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ အပြန် အလှန်ဆွေးနွေးပြီးဖြေရှင်းကြရမှာဖြစ်ပါတယ်။ ပြီးခဲ့တာတွေကိုပြန်ကြည့် မယ်ဆိုရင် တိုင်းရင်းသားဘက်ကနေ တပ်မတော်ကိုစတင်ပစ်ခတ်တာတွေဆိုတာ မရှိခဲ့ဖူးဘူး။ ကျနော် တို့ဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း ကျနော်တို့မြို့ တက်တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ တပ်မတော်ဘက်က သဘောတူညီချက်တွေ ချိုးဖောက်ပြီးတော့ ဖြစ်လာတဲ့တိုက်ပွဲတွေဖြစ်တယ်။

မေး။ ။ နိုင်ငံတကာကပြောတယ် ဦးအောင်မင်းကပြောတယ်။ တိုင်းရင်းသားတွေက ချမ်းသာသွားရင် လက်နက်ကိုင်တော့မှာ မဟုတ်ဘူးတဲ့။ ဒါကြောင့် နိုင်ငံတကာကလည်း တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက် မှုရှိလာရင် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အလိုအလျောက်ပျောက် သွားမယ်လို့ ပြောဆိုနေကြပါတယ်။
ဒု- ဗခက ယွက်စစ်။ ။အဲတာကတော့ ဦးအောင်မင်းအမြင်မှာ တိုင်းရင်းသားတွေကိုအထင်သေး နှိမ့်ချလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေရဲ့လက်နက်စွဲကိုင် တော်လှန်ရေး လမ်းစဉ်မှာ ကျနော်တို့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဖြစ်တယ်။ ငွေကြေးအတွက် စီးပွါးရေးအတွက် လက်နက်စွဲကို တော်လှန်ရေးလုပ်နေတာ မဟုတ်ပါဘူး။

မေး။ ။ တဖက်ကလည်း မကြာသေးခင်က သျှမ်း၊ ပလောင်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဘာကြောင့်အခုလို NCA ကို ထိုးဖို့ဆုံးဖြတ်တာလဲ။
ဒု- ဗခက ယွက်စစ်။ ။အဲတာ သူတို့အဖွဲ့အစည်းအသီးသီးအလိုက်ရဲ့ အတွင်းပိုင်းပြဿနာပေါ့။ ဘယ်လိုရှိမလဲကျနော်တို့ မသိပါဘူး။ ဘာကြောင့် လက်မှတ်မရေးထိုးမှာလဲဆိုတာ သူတို့အစား ပြော ပေးလို့မရဘူး။ ကျနော် တို့လက်မှတ်ရေးထိုးတယ်ဆိုတာက နိုင်ငံရေးပြသနာဖြေရှင်းချင်လို့ လက်မှတ် ထိုးဖို့ဆုံးဖြတ်ရတာပါ။ အကယ်၍ ကျနော်တို့လက်မှတ် မထိုးဘူးဆိုရင် နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက ခွင့်မပြုဘူးဆိုတော့လေ။

မေး။ ။ NCA မှာလုံလောက်တဲ့အာမခံချက် ရှိပါသလား။
ဒု- ဗခက ယွက်စစ်။ ။ အာမခံချက်ဆိုတာကတော့ အစိုးရရဲ့စေတနာပေါ် မှာဘဲမူတည်ပါတယ်။ NCA မှာတော့ အဲလောက်မသက်ရောက်ပါဘူး။ နိုင်ငံတော်သမ္မတကဘဲ NCA ကိုအာမခံပေးလို့ရပါတယ်။ အခုက ကျနော်တို့တိုင်းရင်းသားက တောင်းဆိုတဲ့ဘက်မှာဖြစ်ပြီးတော့ အစိုးရက ဖြည့်ပေးတဲ့ဘက်မှာ ဖြစ်နေလို့။

မေး။ ။ ဘာကြောင့်တိုင်းရင်းသားတွေက တသံတည်းမထွက်တာလဲ။
ဒု- ဗခက ယွက်စစ်။ ။ ဗမာပြည်တပြည်လုံးလည်း တသံတည်းမထွက် နိုင်သေးပါဘူး။ တိုင်းရင်းသားတွေကိုတော့ မပြောပါနဲ့တော့။

မေး။ ။ လက်မှတ်ထိုးပြီးရင် RCSS ဘာကိုမျှော်လင့်ထားပါသလဲ။
ဒု- ဗခက ယွက်စစ်။ ။ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ကိုမျှော်လင့်တယ်။ နိုင်ငံရေးပြဿနာဖြေရှင်းရေး ဥပဒေပြုပြင်ရေးကိုမျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးမှာဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းချင်လို့။ တိုင်းရင်းသားတွေ ဆင်းရဲဒုက္ခရောက်ရတယ်။ ပြည်တွင်းစစ်တွေဖြစ်နေလို့။

မေး။ ။ ဆက်ဆံရေးရုံးတွေဘာကြောင့် တိုးတောင်းတာလဲ။ အခု ဘယ်နှစ်ရုံးရှိပြီလဲ။
ဒု- ဗခက ယွက်စစ်။ ။ ၆ ရုံးလောက်တော့ဖွင့်ထားတယ်။ အခုတောင်းဆို ထားတာက ဘယ်နေရာ မှာထပ်ဖွင့်မယ်ဆိုတာ နေရာအတိအကျနဲ့တောင်း ဆိုထားတာတော့မရှိဘူး။ ဘယ်မှာ ဖွင့်သင့်မယ် ဆိုတာကိုတော့ အစိုးရနဲ့ပြန် လည်ညှိနှိုင်းပြီးတော့မှ ဖွင့်ဖို့တောင်းဆိုထားတယ်။ တပ်မတော်နဲ့ ကျနော် တို့ကြားက ပြဿနာတွေ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ပေါ့။ ဘယ်နှစ်နေရာလောက် ထပ်ဖွင့်လဲဆိုတာ အတိအကျမရှိသေးပါဘူး။

မေး။ ။ အဲဒီဆက်ဆံရေးရုံးတွေက ပြဿနာဖြေရှင်းဖို့ တကယ်ကိုအထောက် အကူပြုပါသလား။
ဒု- ဗခက ယွက်စစ်။ ။အစိုးရ နဲ့တပ်မတော်ဘက်က ကျနော်တို့ရဲ့ဆက် ဆံရေးရုံးအပေါ် ဘယ်လောက် ထိအလေးထားလဲပေါ့နော်။ တိုက်ပွဲတွေဖြစေ် န တာဟာ ဆက်ဆံရေးရုံးကို အလေးမထားလို့ဘဲ။ ကျနော် တို့ သဘော တူညီချက်တွေရပြီးသားဘဲလေ။ ကျနော်တို့အောက်ခြေတပ်တွေကို လည်း မှာထားတယ်။ တပ်မတော်ကလှုပ်ရှားမယ်ဆိုရင် ဆက်ဆံရေးရုံးကိုအကြောင်းကြားဖို့။ အခုက အကြောင်းမကြားဘဲ တပ်မတော်က သွားချင်တဲ့ဘက်ကို သွားတော့ တိုက်ပွဲတွေဖြစ်တော့တာပေါ့။ အခုဖြစ်ပွါးနေတဲ့ ပြဿနာတွေက အစိုးရ ရော တပ်မတော်ကကော ကျနော်တို့ရဲ့ ဆက်ဆံရေးရုံး တွေကို အသိပေးအလေး ထားခြင်းမရှိဘူးဆိုတဲ့အနေအထားမှာပါ။

မေး။ ။ NCA အတိုင်းဆိုရင် လက်မှတ်ထိုးပြီးရင်နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုတော့ အစိုးရသစ် တက်လာရင် အစီအစဉ်တွေပြောင်း လဲဖို့အလားအလာမရှိဘူးလား။
ဒု- ဗခက ယွက်စစ်။ ။ဖရိမ်ဝေါက်ပေါ်မှာမူတည်တယ်။ အားလုံးက ဖရိမ်ဝေါက်ချထားတယ်။ အခြေအနေကလည်း တဖက် သက်ဆိုင်တယ် လို့ယုံကြည်ထားပါတယ်။

မေး။ ။ SSA ရဲ့တိုက်ပွဲအခြေအနေ ဘယ်လိုရှိပါသလဲ။
ဒု- ဗခက ယွက်စစ်။ ။တိုက်ပွဲက - ရလခ တိုင်း ခိုလမ်တိုင်းမှူးနဲ့ ဆက်ဆံရေးရုံးတာဝန်ခံနဲ့ ကွန်ဟိန်းမှာ တွေ့ဆုံပြီးနာက်ပိုင်း တိုက်ပွဲ အခြေအနေလျှော့သွားတယ်။ အသေးအမွှားတော့ရှိမှာပေါ့။ အစိုးရ စစ်တပ်ကမှ တပ်မဆုတ်သေးတာဆိုတော့။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာ အစိုးရက သျှမ်းပြည်တပ်မတော်ကို လိုက်လံရှာဖွေတိုက်ခိုက်တာလို့ ရေးထားတာ ဘယ်လိုအနေအထားလဲ။
ဒု- ဗခက ယွက်စစ်။ ။ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေးအကြောင်းပြချက်တွေသုံးပြီး ကျနော် တို့တပ်ရှိတဲ့နေရာကို သွားပြီးထိုးစစ်ဆင်တာ။ အမှန်ဆိုကျနော်တို့ အပစ်ရပ်ထားတဲ့အဖွဲ့တွေ။ နယ်မြေ ရှင်းလင်းရေးတို့ ဘာတို့သုံးဖို့ မလိုတော့ဘူး။ ကျနော်တို့ကို ဆက်ဆံပြောဆိုပြီးသွားလာလို့ရတာဘဲ။ သူတို့က ကျေနာ်တို့ကို ရန်သူလိုသဘောထားပြီး လိုက်တိုက်တာကိုး။ လိုက်တိုက်တော့လဲ တိုက်ပွဲ ဖြစ်နေသေးတာပေါ့။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေဘက်က တုန့်ပြန်တာမရှိဘူး။ သူတို့က ကျနော်တို့ကို တောထဲလာတိုက်တော့ ကျနော်တို့ဘက်က မြို့တက်ပြီး တိုက်မယ်ဆိုတဲ့ ကလဲ့စားချေမှု မျိုးလည်း မလုပ်ဘူး။ ကျနော်တို့တပ်ဖွဲ့ကို ကျနော်တို့ထိန်းပါတယ်။ လက်နက်စွဲကိုင်တဲ့ တပ်ဆိုတာတော့ မာနဆိုတာအသီးသီးရှိပါတယ်။

မေး။ ။ NCA ထိုးပြီးရင် တိုက်ပွဲမဖြစ်ဘူးလို့ဘယ်လောက်ထိ ယုံကြည်သလဲ။
ဒု- ဗခက ယွက်စစ်။ ။ NCA ကိုကာချုပ်ကြီးကိုယ်တိုင်ကထောက်ခံပြီး လက်မှတ်ထိုးမယ့် အနေ အထားပါ။ သူကိုယ်တိုင်ထောက်ခံတယ်ဆိုတော့ တိုက်ပွဲတွေလျော့သွားမယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ အပစ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းအစိုးရတပ်က တပ်စခန်းတွေတိုးချလာတာလား။
ဒု- ဗခက ယွက်စစ်။ ။ ထိုးစစ်ဆင်တာ။ ကျနော်တို့ဖော်ပြထားတဲ့ မြို့နယ်တွေ ထဲမှာ ကျေးလက်တွေ ဆိုရင် ကျနော်တို့တပ်စခန်းတွေ ချထားပြီးသားဘဲ။ အဲတာကိုထောက်ပြထားပြီးသားဘဲ။ အဲ့နေရာတွေ ဝင်မတိုက်ဖို့ဘဲ။ ကျနော်တို့ဖော်ပြထားတဲ့ ၁၆ မြို့နယ်မှာ ကျနော်တို့တပ်စခန်း ၁၆ နေရာ ဖွင့်ဖို့ သမ္မတ ကြီးဆီကိုတောင်းဆိုဖူးတယ်။ ကျနော်တို့တပ်တွေ သွားလာမှုလွယ်ကူအောင်၊ တပ်မတော်နဲ့ မှားပြီး ပစ်ခတ်မှုမရှိအေင် ရည်ရွယ်တာ။ အဲ့ချိန်တုန်းက အစိုးရ ကျနော်တို့ကိုခွင့်မပြုဘူး။ ကျနော်တို့က လူထုရဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်ဆိုတာ သူတို့ရဲ့အကြောင်းပြချက်တွေပါ။ အမှန်ကတော့ ကျနော်တို့က လူထုရဲ့အကျိုးပြုလုပ်ငန်းတွေဘဲ လုပ်ဆောင်တာပါ။ ကျနော်တို့တပ်သားတွေကလည်း ပြည်သူလူထု ကမွေးထုတ်လာတဲ့တပ်သားတွေလေ။ ပြည်သူလူထုရဲ့သားသမီးတွေပါဘဲ။ တခြား တိုင်းပြည်ကလာတဲ့ တပ်သားတွေမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲေ ရးလုပ်တဲ့နေရာမှာ အစိုးရ ကလည်း ကျနော်တို့ကို ဘတ်ဂျက်ချပေးဖို့ လိုတာေ ပါ့။ အခုချိန်အထိ အစိုးရက ထောက်ပံ့တာတွေ မရှိပါဘူး။ ဒါကြောင့်မို့လည်း ကျနော်တို့ မိမိခြေသလုံးပေါ်ရပ်တည်ရတာပေါ့။

မေး။ ။ ကာချုပ်ကြီးမင်းအောင်လှိုင်က နိုင်ငံတကာမီဒီယာနဲ့ အင်တာဗျူးဖြေ တဲ့အခါ လက်မှတ်ထိုးပြီး ရင် တိုင်းရင်းသားတွေကို လက်နက်ဖြုတ်မယ် လို့ပြောပါတယ်။ အဲတာ ကြိုတင်ပြင်ဆင်ထားတာ ရှိပါသလား။
ဒု- ဗခက ယွက်စစ်။ ။ DDR/SSR ဆိုတာက တိုင်းရင်းသားတွေအတွက်ပဲ မဟုတ်ပါဘူး။ တပ်မတော်လည်း ပါပါတယ်။ ဖြုတ်ရင် တပ်မတော်ကိုလည်း ဖြုတ်ရပါမယ်။

မေး။ ။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အပေါ် ဒု- ဗခက စဝ်ယွက်စစ်ရဲ့အမြင်က ဘယ်လိုရှိပါသလဲ။
ဒု- ဗခက ယွက်စစ်။ ။ DDR ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြန်လည်တည်ထောင်ဖို့လုပ်မှာ လေ။ တိုင်းရင်းသားအားလုံးရော အစိုးရတပ် မတော်ရော အားလုံးလက်နက်ဖြုတ်သိမ်းပြီးမှ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ပြန်တည်ဆောက်မှာလေ။ ဘယ်လိုပြန်ဖွဲ့မယ်၊ ရာခိုင်နှုန်းနဲ့လား ဘာလား ဆိုတာတော့ ကျနော်တို့ပြန်ပြီးဆွေးနွေးရမယ်။ အဓိက ကတော့ စစ်တပ်စည်းကမ်းတခုတည်း၊ တပ်ရဲ့ ဖွဲ့ စည်းပုံလည်းတခုတည်း ဖြစ်ရပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်လာရင် တပ်ကလည်း အလို အလျောက် ဖက်ဒရယ်တပ်မတော်ဖြစ်လာမှာဘဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

လာမယ့် အောက်တိုဘာ ၈ ရက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အစိုးရနဲ့ အတူလက်မှတ်ရေးထိုးဖို့ သဘောတူတဲ့အဖွဲ့ ၈ ဖွဲ့ရှိပါတယ်။ ကရင်အမျိုး သားအစည်းရုံး KNU ၊ ဒီကေဘီအေ DKBA ၊ ကရင်ငြိမ်းကောင်စီ KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားအဖွဲ့ ABSDF ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ရခိုင်လွတ်မြောက်ရေး ပါတီ ALP နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ဖြစ်ပါတယ်။

အားလုံးပါမှ လက်မှတ်ထိုးမယ်ဆိုတဲ့ အဖွဲ့တွေကတော့ SSPP/SSA အပါအဝင် ကချင် KIA၊ ကရင်နီ KNPP၊ မွန် MNSP တို့ပါဝင်တဲ့ တပ်ဖွဲ့ ၁၀ ဖွဲ့ရှိပါတယ်။

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...