MNP ကိုယ်စားလှယ်လောင်း မင်းဇေယျာဦး(ခ)ကျော်ဇေယျာဦး (မော်လမြိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)

MNP ကိုယ်စားလှယ်လောင်း မင်းဇေယျာဦး(ခ)ကျော်ဇေယျာဦး (မော်လမြိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း)
by -
မွန်အေဂျင်စီ
မေး။  ။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အဖြစ် ဘာကြောင့် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာလဲ။ဖြေ။  ။ မွန်လူမျိုးနှင့် မွန်ပြည်နယ်အကျိုးအတွက် We are developed.

မေး။  ။ အခုလို ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိုးတွေ၊ မွန်ပြည်နယ်သားအတွက် ဘာတွေ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ။
အဖြေ။  ။ မွန်လူမျိုးအတွက် တန်တူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် မွန်ပြည်နယ်သူ ပြည်နယ်သားတွေအတွက် အတူတကွ တိုးတက်ဖို့ we are developed.

မေး ။  ။ တကယ်လို့ ကိုယ်စားလောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရပြီး ဆိုပါက တကယ်ပဲ မွန်လူမျိုးတွေနဲ့ မွန်ပြည်သားတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား။
ဖြေ။  ။ ယုံကြည်ပါတယ်

မေး။  ။ အခု ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ ဆရာ့ အနေနဲ့ မြင်ပါသလဲ။
ဖြေ။  ။ လူငယ်တွေက ဘွဲ့ရပေမဲ့ လက်တွေ့လုပ်ငန်းခွင်ဝင်တဲ့နေရာမှာ သူတို့တွေ အခက်အခဲ အများကြီးရှိတယ်။ သူတို့ကို လက်တွေ့ လုပ်ငန်းထဲဝင်နိုင်အောင် စီစဉ်ဖို့ စဉ်းစားထားတယ်။ လယ်သမားတွေ များတယ်။ သူတို့ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းနေတယ်။ နည်းပညာနဲ့ ပတ်သက်လို့ စီစဉ်ပေးဖို့ စဉ်စားထားတယ်။

မေး။  ။ အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ရပါက ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေးသွားမယ်ဆိုပြီး စဉ်းစားထားပါသလဲ ခင်ဗျာ။

ဖြေ။  ။ ကျနော်က အမြဲတမ်းပြည်သူဘက်က ရပ်တည်ပြီး တောင်းဆိုပေးသွားမယ်။ ကျနော် ကိုယ်စားလှယ်လောင်းဖြစ်သွားတာနဲ့ ကျနော့် မဲဆန္ဒနယ်မြေမှာ ရှိတဲ့ဒေသခံရွာတွေကနေ ရွာကို ကိုယ်စားပြုသူ တစ်ရွာကို နှစ်ယောက်စီ သို့မဟုတ် တစ်ယောက်စီနဲ့ အမြဲတမ်းတွေ့ဆုံနိုင်အောင် စီစဉ်သွားမယ်။ လိုအပ်နေတာတွေကို ဒေသခံတွေ ဆုံးဖြတ်ချက်အတိုင်း ဘယ်အဆိုကို ဦးစားပေး လွှတ်တော်ထဲ တင်မယ်။ ဒေသဖွံ့ဖြိုးရေးအတွက် တင်ပေးသွားမယ်။ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တာတွေ ဖက်ဒရယ်ကိစ္စတွေ အတွက်လုပ်သွားမယ်။

မေး။  ။ နောက်တစ်ခုက မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေထဲကနေ ဘယ်အရာတွေကို လုပ်ကိုင်ဆောင်ရွက်ပေးသွားဖို့ ရှိပါအလဲ။
ဖြေ။  ။ မွန်ပြည်နယ်မှာ ထွက်တဲ့ ကုန်ကြမ်းတွေကို ကုန်ချောအဖြစ် ထုတ်နိုင်အောင်အဆင့်ဆင့် လုပ်ဆောင်သွားမယ်။ ဥပမာ ရာဘာကုန်ကြမ်းအတွက် ဆိုင်ကယ်တာယာထုတ်တဲ့ စက်ရုံမျိုးပေါ့။

မေး။  ။ မွန်လူမျိုးအတွက်ကော ဘာတွေလုပ်ကိုင်ဆောင်ရွက်ပေးသွားဖို့ စဉ်းစားထားပါသလဲ။
ဖြေ။  ။ မွန်စာပေနဲ့ ယဉ်ကျေးမှုဘက်ပေါင်းစုံက တိုးတက်အောင်ဆောင်ရွက်သွားမယ်။

မေး ။ ။ မဲဆန္ဒရှင်တွေကိုရော လွတ်လပ်သောမွန်သတင်း အေဂျင်စီကနေ ဘာများ မှာကြားလိုပါသလဲ။
ဖြေ ။ ။ မွန်လူမျိုးနင့် မွန်ပြည်နယ်အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတူတူလက်တွဲ လုပ်ဆောင်ချင်ပါတယ်။ We are developed. ကျွန်တော်က ပြည်သူကိုယ်စား ဆောင်ရွက်ဖို့ ပြည်သူ့ဝန်ထမ်းအဖြစ် ဝင်ရောက်အရွေးခံတာပါ။ အစိုးရဝန်ထမ်းအဖြစ် အရွေးခံတာ မဟုတ်ပါဘူး။    

အမတ်လောင်း ကိုယ်ရေးအကျဉ်း-

အမည်- မင်းဇေယျာဦး(ခ)ကျော်ဇေယျာဦး
အလုပ်အကိုင်- Managing Director (The Golden Free Co,Ltd)
ပညာအရည်အချင်း- B.Sc (Botany)
မွေးသက္ကရာဇ်- ၁.၁၁.၇၆
မှတ်ပုံတင်အမှတ်-  ၁၀/မဒန(နိုင်) ၁၀၅၅၂၈
လူမျိုး/ဘာသာ- မွန်/ဗုဒ္ဓ
အဖအမည်- ဦးဘသိန်း
အမြဲတမ်း နေရပ်လိပ်စာ- အမှတ် ရ၈-ဘီ (၄)လွှာ ရန်ကုန်အင်းစိန်လမ်း၊ (၂)ရပ်ကွက် ကမာရွတ်မြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော်- ပြည်သူ့လွှတ်တော်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်- မော်လမြိုင်မဲဆန္ဒနယ်
ပါတီတာဝန်- MNP ဗဟိုကော်မတီဝင်၊ Result & policy ဌာန ဗဟို မှာအတွင်းရေးမှူး၊ သင်ကြားလေ့ကျင့်ရေးဌာန ဗဟို ရဲ့အဖွဲ့ဝင် အလုပ်သမားရေးရာဌာန (ဗဟို)အဖွဲ့ဝင်

လူမှုရေး/အမျိုးသားရေးလှုပ်ရှားခဲ့မှုများ(အကျဉ်း)-

ပါတီအထွေထွေကိစ္စရပ်များအတွက် ရန်ကုန်မြို့တွင် တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာသံရုံုးများ၊ အသိပညာရှင်အတတ်ပညာရှင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ မွန်အမျိုးသမီးကို စစ်တပ်မှ မတရားကျင့်မှုကို အမှန်တရားဖြစ်စေရန် ဥက္ကဌကြီးနှင့်အတူ ရန်ကုန်ဘက်ခြမ်းတွင် တာဝန်ယူ အကူအညီပေးခြင်း။

Photo Caption-MNP ကိုယ်စားလှယ်လောင်း မင်းဇေယျာဦး

Most read this week

December 2, 2024
“အင်အားကြီး နိုင်ငံ နှစ်ခုလုံးက မြန်မာ့အရေးနဲ့ ပတ်သက်ရင် ဆီးရီးယားတို့ ၊ လစ်ဗျားတို့လို...
ဆလိုင်းဒိုခါရ် (India for Myanmar)
November 29, 2024
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...