Published
Monday, December 30, 2024
စစ်ကောင်စီတပ်ဟာ အကြီးမားဆုံး ရှုံးနိမ့်မှုတွေနဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း NUG ပြော
- စစ်ကောင်စီတပ်ဟာ သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး ရှုံးနိမ့်မှုတွေနဲ့ ဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောဆိုလိုက်ပါတယ်။
- ကရင်နီပြည်မှာတော့ စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကြောင့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ခရစ္စမတ်နေ့ကို တောတောင်ထဲက ကျောက်ဂူတွေမှာ ကျင်းပခဲ့ကြပါတယ်။
- စစ်ဘောင်ကျယ်ပြန့်လာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ပိုများလာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။