Published
Thursday, January 02, 2025
အရပ်သားနေအိမ်အလုံး ၇ဝ မီးရှို့ဖျက်ဆီး၊ ရွာသားနှစ်ယောက်နဲ့ ဘုန်းကြီးတစ်ပါး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်
- အကြမ်းဖက်စစ်ကောင်စီဟာ ကော်ကြာတဲရွာက အရပ်သားနေအိမ်အလုံး ၇ဝ ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားနှစ်ယောက်နဲ့ ဘုန်းကြီးတစ်ပါးကို ထိုးကြိတ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။
- စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုဒဏ်ကို ကြုံတွေ့နေရတဲ့ ဒေဘူးနိုအထက်တန်းကျောင်းဟာဆိုရင် လတ်တလော အခက်အခဲတွေအပြင် အသက်အန္တရာယ်တွေအကြားမှာ ပညာဆက်လက်သင်ယူနေရတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
- မြန်မာနိုင်ငံအတွင်း နှစ်စဉ်ရာသီဥတုပြောင်းလဲလာမှုနဲ့ ရေရှားပါးမှုပြဿနာကို လျော့ချလာဖို့အတွက် ကေအဲန်ယူ- ဗဟိုသစ်တောဌာနကဦးဆောင်ပြီး ဒေသခံပြည်သူတွေကို သဘာဝရေအရင်းအမြစ် ထိန်းသိမ်းရေး အစီအစဉ်တွေ ပြုလုပ်ပေးနေပါတယ်။