Published
Monday, December 30, 2024
မွန်မှာ ခရီးသွားဝင်ရောက်မှု သိသိသာများလာပေမဲ့ ရပ်နားထားရတဲ့ခရီးသွားလုပ်ငန်းတွေ ပြန်လည်မစတင်နိုင်သေး
- မွန်ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှု သိသိသာများလာပေမဲ့ ရပ်နားထားရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်မစတင်နိုင်သေးဘူးလို့ ဆိုပါတယ်။
- ရေးမြို့နယ်မှာ ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမယ်ဆိုတာကို စစ်ကောင်စီက ခြိမ်းခြောက်ပြောဆို လာပါတယ်။
- တော်လှန်ရေးကာလမှာ တော်လှန်ရေးမလုပ်ရင် အိမ်ရှင်ကဧည့်သည်ဖြစ်သွားနိုင်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောဆိုလိုက်ပါတယ်။