- ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကထောင်ရွာက ဧရာ၀တီမြစ်ကမ်းဘေးမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေ အခုလက်ရှိ အလွန်အေးနေပြီဖြစ်ပေမဲ့ အနွေးထည်နဲ့ စောင်တွေမလုံလောက်တာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ပြောပါတယ်။
- တိုက်ပွဲဖြစ်ပွားတဲ့ တစ်လအတွင်း ဗန်းမော်မြို့ထက်ဝက်ခန့် မီးလောင်ပြာကျသွားပြီဖြစ်ကာ လက်ရှိအချိန်ထိ နေ့တိုင်းလိုလို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲပဲလို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။
- မြစ်ကြီးနားမြို့အထက်ဘက် မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှုတွေရပ်တန့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေတာတွေရှိပေမဲ့ လက်ရှိမှာ စက်ယန္တရားကြီးတွေထပ်ဝင်လာပြီး တစ်ဖန်ပြန်လည် ဆိုးရွားစွာ ရွှေတူးဖော်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။