Published
Friday, January 03, 2025
ချင်းပြည်က မြို့သိမ်းစစ်ဆင်ရေးတွေထဲ တစ်နှစ်အတွင်း ချင်းညီနောင်အဖွဲ့က ရဲဘော် ၁၀၀ ဝန်းကျင်ကျဆုံး
- ချင်းပြည်နယ်က မြို့သိမ်းစစ်ဆင်ရေးတိုက်ပွဲတွေထဲ တစ်နှစ်အတွင်းမှာ ချင်းညီနောင်အဖွဲ့က ရဲဘော် ၁၀၀ ဝန်းကျင်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအယောက် ၄၀၀ ဝန်းကျင်ရှိတယ်လို့ ချင်းညီနောင်တာဝန်ရှိသူတွေက ပြောပါတယ်။
- ချင်းအမျိုးသားတွေရဲ့ ပေါင်းစည်းညီညွတ်ရေးလုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။
- ချင်းပြည်နယ် တီးတိန်မြို့နယ် Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့သွေးထိုးမှုကြောင့် စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ CDF Civic Defense Militia - CDM-Siyin က ထုတ်ပြန်ပါတယ်။