ဖားအံတွင် လူငယ်များကို စစ်မှုထမ်းခေါ်ယူရေး စတင်လုပ်ဆောင်လာနေ

ဖားအံတွင် လူငယ်များကို စစ်မှုထမ်းခေါ်ယူရေး စတင်လုပ်ဆောင်လာနေ

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်-၄၊ ရက်ကွက်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းခေါ်ယူနိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးက စာရင်းပြုစုကာ စတင်လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။

ဖားအံမြို့ပေါ် ဇီးတောအပိုင် အမှတ်-၄ ရပ်ကွက်အတွင်းရှိ ပိတောက်လမ်း၊ သရဖီလမ်းသွယ်-၂၊ ညနေလမ်းနှင့် ကမ်းနားလမ်း တလျှောက်နေထိုင်သည့် ဒေသခံလူငယ်များအနေဖြင့် စစ်ကောင်စီ လက်အောက်တွင် စစ်မှုထမ်း ဆောင်ရန်အတွက် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ လုပ်ဆောင်နေသည်ဟု ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အဓိက ကတော့ ဖားအံအိမ်ထောင်စု စာရင်းရှိတဲ့သူတွေကို အရင်ခေါ်တယ်။ အိမ်ထောင်စု စာရင်းထဲမှာပါတဲ့ လူငယ်တွေရဲ့ နာမည်တွေကို သူတို့လိုက်စုတယ်။ ပြီးတော့ အိမ်မှာယောက်ျား လေးတွေရှိရင် သူတို့လိုက်ခေါ် မယ်။ စစ်မှုထမ်းဖို့ နာမည်စာရင်းထည့်မယ် လူငယ်တွေကို၊ ပြီးရင် မိဘတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းမယ်၊ သူတို့ ခေါ်တဲ့အချိန်ဆိုရင် ရုံးကိုလာရမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများက လုပ်ဆောင်နေသည့်နောက်ပိုင်း ဖားအံမြို့ပေါ် နေထိုင်သူ လူငယ်အများစု မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရှောင်တိမ်းမှုများရှိနေသလို ကရင်ပြည် နယ်၊ နယ်ခြားစောင့်တပ် (BGF) လက်အောက်တွင် သွားရောက်လုပ်ကိုင်နေသူများလည်း ရှိသည်ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“အများစုကတော့ ရွှေကုက္ကိုလ်ကို သွားကြတယ်။ အဲ့လိုမှ မဟုတ်ရင် BGF ထဲကိုဝင်ပြီး သင်တန်းဆင်း လိုက်ကြတယ်။ သူတို့ထင်တာက BGF ထဲကိုဝင်ရင် စစ်မှုမထမ်းရတော့ ဘူးဆိုတဲ့ သဘောနဲ့ လုပ်နေကြတာအများကြီးပဲ” ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုကြောင်းကြေညာပြီးနောက် ကရင်ပြည်နယ်အတွင်းရှိ မြို့ပေါ် အများပြည်သူသွားလာလှုပ်ရှားရာ လူစည်ကားသည့် နေရာများ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြည်သူများနားလည်သဘောပေါက်စေရန်ဟုဆိုကာ စစ်တပ်က လက်ကမ်း စာစောင်များ လိုက်လံဝေငှ ခဲ့ဖူးသော်လည်း ခေါ်ယူရေးအတွက်မူ ယခုလမှစတင် လုပ်ဆောင်လာခြင်းဖြစ်သည်။

Most read this week

September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...