ထောင်အရာရှိများ အပြောင်းအလဲပြုလုပ်ပြီးနောက် ကျိုက်မရောနိုင်ငံရေးအကျဉ်းသားများ ပိုမိုဖိနှိပ်ခံနေရ

ထောင်အရာရှိများ အပြောင်းအလဲပြုလုပ်ပြီးနောက် ကျိုက်မရောနိုင်ငံရေးအကျဉ်းသားများ ပိုမိုဖိနှိပ်ခံနေရ

ကျိုက်မရောအကျဉ်းထောင်တွင် ထောင်ပိုင်နှင့်ထောင်တာဝန်ရှိသူတို့ကိုအပြောင်းအလဲပြုလုပ်ထားသည့်နောက် နိုင်ငံရေးအကျဉ်းသားတို့ ဖိနှိပ်ခံရမှု ဆက်တိုက်ရှိလာသည်ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှတစ်ဆင့်သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၅) ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၁၆၀ ဦးကို ဒိုက်ဦးအကျဉ်းထောင်နှင့်သာယာဝတီအကျဉ်းထောင်သို့ပြောင်းရွေ့ထားသည့်နောက် ကျိုက်မရောထောင်ပိုင်အဖြစ် ချမ်းအေးကျော်၊ ထောင်ပိုင်လေးဖြစ် ကျော်ကျော်ဦး၊ဦးစီးမှုးအဖြစ် ကျော်ဇင်အောင်တို့ကို ပြောင်းလဲခန့်ထားသည်ဟု သိရသည်။

အဆိုပါ တာဝန်ရှိသူတို့သည် နိုင်ငံရေးအကျဉ်းသားအပေါ် ဖိနှိပ်ခြင်းနှင့်လာဘ်စားရာတွင် နာမည်ကြီးသည့်အထက်အရာရှိ များဖြစ်ကြသဖြင့် လက်ရှိ ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်င်ငံရေးအကျဉ်းသားတို့၏အခြေအနေ ဆိုးရွားလျက်ရှိကြောင်း (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက လွပ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

“အကျဉ်းသားတွေကို စနစ်တကျအုပ်ချုပ်ဖို့စီမံချက်တစ်ခုအနေနဲ့ လေးလလောက်ကို ဖိနှိပ်ဖို့ညွန်းကြားချက်တွေရှိတယ်လို့ကျွန်တော်တို့သိထားတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ထောင်အာဏာပိုင်တွေမှာလည်း အကျဉ်းသားတွေကို ဖိနှိပ်တာသမိုင်းရှိခဲ့ဖူးထောင်အာဏာပိုင်တွေကိုပဲ

ခန့်ပြီးတော့ ကျိုက်မရောအကျဉ်းထောင်မှာ အုပ်ချုပ်ခိုင်းတယ်၊ နိုင်ကျဉ်းတွေရဲ့လက်ရှိအခြေနေကတော့ အစားသောက်ဆိုရင်လည်း လွယ်လွယ်ကူကူမရနေဘူး ကန့်သတ်ချက်များလာတယ် ပြောရရင်တော့ နိုင်ကျဉ်းတွေရဲ့အခြေနေက ဆိုးဝါးနေတယ်လို့ ပြောချင်ပါတယ် ” ဟုဆိုသည်။

ဇွန်လ(၂၅) ရက်နေ့ ညနေပိုင်းတွင်လည်း  ဦးစီးမှုးကျော်ဇင်အောင်ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား(၅) ဦးကို ရိုက်နှက်တိုက်ပိတ်ထားပြီး ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ပိတ်ပင်ထားသည့်အပြင် ထောင်တွင်းပုဒ်မများစွာဖြင့် အမှုရင်ဆိုင်နေရသည်ဟု( PPNM) ကထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ ပြည်သူတို့ကို အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးထောင်ချမှု များလာသည်နှင့်အမျှေ ထာင်အာဏာပိုင်တို့မှ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှု ပိုမိုများလာသည်ဟုလည်း

ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

“စစ်ကောင်စီကိုကန့်ကွက်တဲ့သူတွေကို စနစ်တကျနဲ့ဖိနှိပ်နေတာလို့ကျွန်တော်တို့ ယူဆတယ်။ ဒီလိုလူတွေကို ဒီလိုမျိုးမဖိနှိပ်ထားဘူးဆိုရင် အရင်လိုနိုင်ငံရေးပုဒ်မ ၅၀၅ က နည်းလာတယ်။  လက်ရှိထောင်ထဲမှာက လက်နက်စွဲကိုင်တဲ့ ပုဒ်မနဲ့ ရာက်လာကြတဲ့အတွက် ဒီလူတွေကို

ကောင်းကောင်းမထိန်းထားနိုင်ဘူးဆိုရင်အန္တရယ်များတယ်လို့ ရှုထောင့်တစ်ခုကနေသူတို့ဖိနှိပ်နေ တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။” ဟုဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်း၊ အကျဉ်းသားတို့၏ ရပိုင်ခွင့်နှင့်အညီ ခံစားခွင့်မရှိခြင်း၊ တရားလက်လွန်ခေါ်ယူစစ်ဆေးဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခံနေရခြင်းကြောင့် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတို့ အစာငတ်ခံဆန္ဒပြမှု မကြာခဏ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအပါဝင်အကျဉ်းသား၁၄၀၀ ကျော်ရှိပြီး နိုင်ငံထောင်အာဏာပိုင်တို့၏ရိုက်နှက်မှုနှင့် အလုပ်အလွန်အကျွန်စေခိုင်းမှုတို့ကြောင့် အသက်ဆုံးရှံးသူတို့ ရှိနေသည်ဟုလည်း သိရသည်။

Most read this week

ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...