ကျောက်ဖြူ ဓညဝတီရေတပ်စခန်းကို AA က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၍ အပြန်အလှန် တိုက်ပွဲဖြစ်ပွား

ကျောက်ဖြူ ဓညဝတီရေတပ်စခန်းကို AA က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၍ အပြန်အလှန် တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ် ဌာနချုပ်ချုပ်ကို ရက္ခိုင့်တပ်တော် (AA)က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ယနေ့ဇန်နဝါရီလ ၈ ရက် မနက် ၇ နာရီဝန်းကျင်က သစ်ပုတ်တောင် ဓညဝတီရေတပ် စခန်းကို AA က ရှော့တိုက်ဒုံးဖြင့် ၅ ကြိမ်ပစ်ခတ်ခဲ့ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

"ဒီနေ့မနက်က သစ်ပုတ်တောင်ဘက်မှာ သူပစ်ကိုယ်ပစ်ခတ်မှုရှိခဲ့ပါတယ်။ ဓညဝတီရေတပ် ဌာနချုပ် စခန်း ထဲကို AA က ရှော့တိုက်ဒုံးနဲ့ ပစ်ရာကနေ စဖြစ်တာလို့ သိရတယ်" ဟု သူကပြောသည်။

AA က ရှော့တိုက်ဒုံးနှင့်ပစ်ခတ်၍ ကြံချိုင်ကျေးရွာအောက်ဘက် သံဇစ် မြစ်အတွင်း ရှိသည့် နေဗီစစ်သင်္ဘောများကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ စည်မော်ကျေးရွာအနီး တောင်တန်းနှင့် လယ်ကွင်းများတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။

" ရေတပ်ထဲကို AA ကပစ်တာ။ ရေတပ်စခန်းထဲကတော့ပြန်မပစ်ဘူး။ မြစ်ထဲမှာရှိနေတဲ့ နေဗီတွေကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပြန်ပစ်ခဲ့တယ်။ လက်နက်ကြီး ကျည်တွေ အဲဒီ ရေတပ်အနီးက စည်မော်ကျေးရွာနားက တောင်တန်းနဲ့ လယ်ကွင်းတွေကိုကျတယ်" ဟု ကျောက်ဖြူမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါနှစ်ဖက်ပစ်ခတ်မှုမှာ အချိန်အနည်းငယ်သာဖြစ်ပွားခဲ့ပြီး ရက္ခိုင့်တပ်တော် ဘက်ကလည်း ပြန်လည်ဆုတ်ခွာသွား၍ ပစ်ခတ်မှုများ ရပ်တန့်သွားကြောင်း သူကဆက်ပြောသည်။

AA က ရှော့တိုက်ဒုံးနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓညဝတီ ရေတပ် စခန်း အတွင်း ထိခိုက် ပျက်စီးမှုရှိ၊ မရှိကိုမူ နိရဥ္စရာအနေဖြင့်မသိရှိရသေးပါ။

ကျောက်ဖြူမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က သစ်ပုတ်တောင် ဓညဝတီ ရေတပ်ဌာနချုပ်အနီး စစ်ကောင်စီယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်၍ နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

အလားတူ ဒီဇင်ဘာလ (၂၃) ရက် နံနက် ၁၀ နာရီခွဲခန့် ၌ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ မြောက်ဘက် မီတာ (၁၃၀၀) ခန့် အကွာအဝေး (တစ်နည်း) စနဲမြို့နှင့် အဝတောင် ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်သုံးဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...
October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...